သို့ဖြစ်၍ သင်သည် ငါ့နှမဖြစ်သည်ဟု ပြောပါ။ ထိုသို့ပြောလျှင် သင့်အတွက်ကြောင့် ငါသည်ကောင်းစား၍ ငါ့အသက်သည်လည်း သင့်ကြောင့် ချမ်းသာရာရလိမ့်မည်”ဟု ဆို၏။
ကမ္ဘာဦး 19:20 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ပါ။ ထိုမြို့သည် နီးပါ၏။ ပြေးသာပါ၏။ မြို့ငယ်လေးလည်း ဖြစ်ပါ၏။ ထိုအရပ်သို့ပြေးပါရစေ။ မြို့ငယ်လေးသာဖြစ်သောကြောင့် အကျွန်ုပ်အသက်ချမ်းသာရာရပါလိမ့်မည်”ဟု ဆို၏။ Common Language Bible ရှေ့တွင်မြို့ကလေးတစ်မြို့ရှိပါသည်။ ထိုမြို့သည်နီးသဖြင့်ရောက်လွယ်ပါသည်။ ထိုမြို့သို့ပြေးပါရစေ။ မြို့ငယ်ကလေးဖြစ်၍ အကျွန်ုပ်အတွက်လုံခြုံမှုရှိပါမည်'' ဟုလျှောက်လေ၏။ Garrad Bible ထို မြို့ နီး ၍ ပြေး သာ ပါ၏။ မြို့ ငယ် လည်း ဖြစ် ပါ၏။ အ သက် ချမ်း သာ ရ စေ ရန် ထို မြို့ သို့ ပြေး ခွင့် ပြု တော် မူ ပါ။ သိမ် ငယ် သော မြို့ မ ဟုတ် ပါ လော ဟု လျှောက် ဆို သော်၊ Judson Bible ကြည့်ပါ။ ထိုမြို့နီးပါ၏။ ပြေးသာပါ၏။ ငယ်သောမြို့လည်းဖြစ်ပါ၏။ ဘေးလွတ်၍ ထိုအရပ်သို့ပြေးပါရစေ။ ထိုမြို့သည် ငယ်သောမြို့မဟုတ်လော။ သို့ပြေးလျှင်၊ အသက်ချမ်းသာရပါမည်ဟု လျှောက်ဆို၏။ |
သို့ဖြစ်၍ သင်သည် ငါ့နှမဖြစ်သည်ဟု ပြောပါ။ ထိုသို့ပြောလျှင် သင့်အတွက်ကြောင့် ငါသည်ကောင်းစား၍ ငါ့အသက်သည်လည်း သင့်ကြောင့် ချမ်းသာရာရလိမ့်မည်”ဟု ဆို၏။
အရှင်၏အစေအပါးသည် အရှင်၏ရှေ့၌ မျက်နှာရပါပြီ။ အကျွန်ုပ်၏အသက်ကိုချမ်းသာပေးခြင်းအားဖြင့် အကျွန်ုပ်အားပြသော အရှင်၏မေတ္တာသည် ကြီးမားလှပါ၏။ သို့ရာတွင် အကျွန်ုပ်သည် တောင်ပေါ်သို့မပြေးနိုင်ပါ။ ဘေးအန္တရာယ်သည် အကျွန်ုပ်ကိုလိုက်မီ၍ သေရမည်ကိုစိုးရိမ်ပါ၏။
ကောင်းကင်တမန်ကလည်း “သင်တောင်းဆိုသော ဤအချက်ကိုလည်း ငါလိုက်လျော၍ သင်ပြောသောမြို့ကို မဖြိုလှဲဘဲနေမည်။
လောတသည် ဇောရမြို့၌နေထိုင်ရန်ကြောက်ရွံ့သဖြင့် ဇောရမြို့မှထွက်၍ မိမိသမီးနှစ်ယောက်တို့နှင့်အတူ တောင်ပေါ်မှာနေထိုင်လေ၏။ သူနှင့် သူ၏သမီးနှစ်ယောက်တို့သည် လိုဏ်ဂူထဲတွင် နေထိုင်ကြ၏။
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အသက်ရှင်လျက် ကိုယ်တော်ကို ချီးမွမ်းပါစေသော။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည်လည်း အကျွန်ုပ်ကိုကူညီမစကြပါစေသော။
ငါ့စကားကို နားထောင်ကြလော့။ ငါ့ထံသို့လာကြလော့။ သင်တို့၏စိတ်ဝိညာဉ် အသက်ရှင်မည့်အကြောင်း နားထောင်ကြလော့။ ဒါဝိဒ်အပေါ်ထားရှိသော မြဲမြံသည့်မေတ္တာကရုဏာနှင့်အညီ ထာဝရပဋိညာဉ်ကို သင်တို့နှင့်ငါပြုမည်။
ယေရမိကလည်း “မင်းကြီးကို သူတို့လက်သို့ အပ်နှံကြမည်မဟုတ်။ အကျွန်ုပ်ဆင့်ဆိုသော ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ သို့ပြုလျှင် မင်းကြီးအသက်ချမ်းသာရာရ၍ ကောင်းစားလိမ့်မည်။
မြို့ထဲတွင် တံပိုးမှုတ်သံကြားသောအခါ လူတို့ မထိတ်လန့်ဘဲ နေမည်လော။ ထာဝရဘုရားပြုတော်မမူဘဲ မြို့ထဲတွင် ဘေးအန္တရာယ်ကျရောက်နိုင်မည်လော။