သို့ဖြစ်၍ သင်သည် ငါ့နှမဖြစ်သည်ဟု ပြောပါ။ ထိုသို့ပြောလျှင် သင့်အတွက်ကြောင့် ငါသည်ကောင်းစား၍ ငါ့အသက်သည်လည်း သင့်ကြောင့် ချမ်းသာရာရလိမ့်မည်”ဟု ဆို၏။
ကမ္ဘာဦး 19:19 - မြန်မာ့စံမီသမ္မာကျမ်း အရှင်၏အစေအပါးသည် အရှင်၏ရှေ့၌ မျက်နှာရပါပြီ။ အကျွန်ုပ်၏အသက်ကိုချမ်းသာပေးခြင်းအားဖြင့် အကျွန်ုပ်အားပြသော အရှင်၏မေတ္တာသည် ကြီးမားလှပါ၏။ သို့ရာတွင် အကျွန်ုပ်သည် တောင်ပေါ်သို့မပြေးနိုင်ပါ။ ဘေးအန္တရာယ်သည် အကျွန်ုပ်ကိုလိုက်မီ၍ သေရမည်ကိုစိုးရိမ်ပါ၏။ Common Language Bible ကိုယ်တော်သည်အကျွန်ုပ်အားကျေးဇူးပြုသဖြင့် အသက်ချမ်းသာရာရခဲ့ပါပြီ။ တောင်များသည်ခရီးဝေးလှပါ၏။ တောင်ပေါ်သို့မရောက်မီဘေးသင့်မည်ဟုစိုးရိမ်ရပါ၏။- Garrad Bible ကျွန် တော် သည် ရှေ့ တော် ၍ မျက် နှာ သာ ရ သည် ဖြစ် သ ဖြင့် ကျွန် တော့် အ သက် ချမ်း သာ စေ လျက် ပြု တော် မူ သော မေ တ္တာ ကျေး ဇူး ကြီး လှ ပါ ၏။ တောင် တန်း သို့ ရောက် အောင် ကျွန် တော် မ ပြေး နိုင် ပါ။ ခု လတ် တွင် ဘေး ထက် ကြပ် သင့် ၍ သေ မည် ကို စိုး ရိမ် ပါ၏။ ရှု တော် မူ ပါ။ Judson Bible ယခုမှာ ကိုယ်တော်ကျွန်သည် ရှေ့တော်၌မျက်နှာရပါပြီ။ အကျွန်ုပ်အသက်ချမ်းသာစေသဖြင့်၊ အကျွန်ုပ်၌ပြုတော်မူသောကရုဏာ ကျေးဇူးများပြားလှပါ၏။ ဘေးလွတ်၍တောင်ပေါ်သို့ မပြေးနိုင်ပါ။ ဘေးတစ်စုံ တစ်ခုတွေ့၍သေမည်ကို စိုးရိမ်ပါ၏။ |
သို့ဖြစ်၍ သင်သည် ငါ့နှမဖြစ်သည်ဟု ပြောပါ။ ထိုသို့ပြောလျှင် သင့်အတွက်ကြောင့် ငါသည်ကောင်းစား၍ ငါ့အသက်သည်လည်း သင့်ကြောင့် ချမ်းသာရာရလိမ့်မည်”ဟု ဆို၏။
ကြည့်ပါ။ ထိုမြို့သည် နီးပါ၏။ ပြေးသာပါ၏။ မြို့ငယ်လေးလည်း ဖြစ်ပါ၏။ ထိုအရပ်သို့ပြေးပါရစေ။ မြို့ငယ်လေးသာဖြစ်သောကြောင့် အကျွန်ုပ်အသက်ချမ်းသာရာရပါလိမ့်မည်”ဟု ဆို၏။
လောတသည် ဇောရမြို့၌နေထိုင်ရန်ကြောက်ရွံ့သဖြင့် ဇောရမြို့မှထွက်၍ မိမိသမီးနှစ်ယောက်တို့နှင့်အတူ တောင်ပေါ်မှာနေထိုင်လေ၏။ သူနှင့် သူ၏သမီးနှစ်ယောက်တို့သည် လိုဏ်ဂူထဲတွင် နေထိုင်ကြ၏။
ထို့ကြောင့် ယောသပ်သည် သခင့်ရှေ့၌မျက်နှာရ၍ သခင့်အားခစားလျက်နေရ၏။ သခင်သည် မိမိအိမ်ကိုကြီးကြပ်သူအဖြစ် သူ့အားခန့်ထား၍ မိမိ၌ရှိသောအရာအားလုံးတို့ကို သူ့လက်၌အပ်လေ၏။
ထိုအခါ လူတို့က ‘သူတို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာခဲ့သော သူတို့၏ဘုရားသခင်ထာဝရဘုရားကို သူတို့စွန့်ပယ်၍ အခြားသောဘုရားတို့ကို ဆည်းကပ်လျက် ပျပ်ဝပ်ကိုးကွယ်ကြသောကြောင့် ထာဝရဘုရားသည် သူတို့အား ဤဘေးအန္တရာယ်အပေါင်းနှင့် ကြုံတွေ့စေတော်မူပြီ’ဟူ၍ ပြန်ပြောကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ကိုယ်တော်ကလည်း“အို ယုံကြည်ခြင်းမရှိသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေရမည်နည်း။ သင်တို့ကို မည်မျှကြာအောင်သည်းခံရမည်နည်း။ သူ့ကိုငါ့ထံသို့ခေါ်ခဲ့ကြလော့”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် ထူးမြတ်သောကရုဏာတော်ကို အဲလစ်ဇဘက်အပေါ်ပြသတော်မူကြောင်း အိမ်နီးချင်းနှင့် ဆွေမျိုးသားချင်းတို့သည် ကြားကြသောအခါ သူနှင့်အတူဝမ်းမြောက်ကြ၏။
သို့ဖြစ်လျှင် ဤအရာများကိုထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း။
ထိုနေ့ရက်၌ ငါသည် သူတို့ကိုအမျက်ထွက်၍ စွန့်ပစ်မည်။ သူတို့ထံမှ မျက်နှာလွှဲမည်။ သူတို့သည် ဝါးမျိုခြင်းခံရမည်။ ဘေးအန္တရာယ်နှင့်ဆင်းရဲဒုက္ခများစွာတို့နှင့် ကြုံတွေ့ရမည်။ သို့ဖြစ်၍ ထိုနေ့ရက်၌ သူတို့က ‘ငါတို့၏ဘုရားသခင်သည် ငါတို့နှင့်အတူမရှိသောကြောင့် ဤဘေးအန္တရာယ်များနှင့် ငါတို့ကြုံတွေ့ရသည်မဟုတ်လော’ဟု ဆိုကြလိမ့်မည်။
ဒါဝိဒ်သည် စိတ်ထဲတွင် “တစ်နေ့မဟုတ် တစ်နေ့ ရှောလုမင်းကြီးလက်ဖြင့် ငါသေရလိမ့်မည်။ ဖိလိတ္တိပြည်သို့ထွက်ပြေးတိမ်းရှောင်သွားခြင်းထက် ငါ့အတွက် ကောင်းသောနည်းလမ်းမရှိ။ သို့မှ ရှောလုမင်းကြီးသည် ငါ့ကို အစ္စရေးနယ်မြေတွင် ရှာဖွေခြင်းမှ လက်လျှော့ပြီး သူ့လက်မှ လွတ်မြောက်ရလိမ့်မည်”ဟု တွေးမိသဖြင့်