ထို့နောက် ထာဝရဘုရား၏ကောင်းကင်တမန်က “ကြည့်ရှုလော့။ သင်သည် ကိုယ်ဝန်ဆောင်လျက်ရှိ၍ သားကိုမွေးဖွားလိမ့်မည်။ သူ၏အမည်ကို ဣရှမေလဟုမှည့်ခေါ်ရမည်။ အကြောင်းမူကား ထာဝရဘုရားသည် သင်ခံရသောဖိစီးနှိပ်စက်မှုကို ကြားသိတော်မူပြီ။
ကမ္ဘာဦး 17:19 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်ကလည်း “မှန်ပေ၏။ သို့သော် သင်၏မယားစာရာသည် သင့်အတွက် သားကိုမွေးဖွားလိမ့်မည်။ သင်သည် သူ၏အမည်ကို ဣဇက်ဟု မှည့်ခေါ်ရမည်။ ငါသည် ငါ၏ပဋိညာဉ်ကို သူ၌တည်စေ၍ နောင်လာမည့် သူ၏သားစဉ်မြေးဆက်တို့အတွက် ထာဝရပဋိညာဉ်ဖြစ်စေမည်။ Common Language Bible သို့ရာတွင်ဘုရားသခင်က``ထိုသို့မဖြစ်စေရ။ သင်၏မယားစာရာသည်သားကိုဖွားလိမ့်မည်။ ထိုသားကိုဣဇာက်ဟုမှည့်ခေါ်ရမည်။ ငါသည် သူနှင့်လည်းကောင်း၊ သူ၏အဆက်အနွယ်တို့နှင့် လည်းကောင်း ပြုသောပဋိညာဉ်ကိုထာဝစဉ် တည်စေမည်။ ထိုပဋိညာဉ်သည်ထာဝရပဋိ ညာဉ်ဖြစ်၏။- Garrad Bible ဘု ရား သ ခင် မိန့် တော် မူ ပြန် သည် မှာ သင့် မ ယား စာ ရာ ကား၊ သား ယော ကျ်ား ကို ဖွား လိမ့် မည်။ ထို သား၏ အ မည် ကို လည်း ဣ ဇာက် ဟု မှည့် ရ မည်။ သူ မှ ဆင်း သက် သော အ မျိုး အ နွယ် အ တွက် ထာ၀ ရ ပ ဋိ ညာဉ် ဖြစ် စေ ခြင်း ငှါ ပ ဋိ ညာဉ် ကို ထို သူ နှင့် ငါ ဖွဲ့ ထား မည်။ Judson Bible ဘုရားသခင်က၊ သင်၏မယားစာရာသည် သင်အားသားကိုဖွားလိမ့်မည်။ ထိုသားကိုလည်း ဣဇာက်အမည်ဖြင့်မှည့်ရမည်။ သူ၌လည်းကောင်း၊ သူ့နောက်မှ သူ၏အမျိုးအနွယ်၌လည်းကောင်း ငါ၏ပဋိညာဉ်ကို ထာဝရပဋိညာဉ်ဖြစ်စေမည်။ |
ထို့နောက် ထာဝရဘုရား၏ကောင်းကင်တမန်က “ကြည့်ရှုလော့။ သင်သည် ကိုယ်ဝန်ဆောင်လျက်ရှိ၍ သားကိုမွေးဖွားလိမ့်မည်။ သူ၏အမည်ကို ဣရှမေလဟုမှည့်ခေါ်ရမည်။ အကြောင်းမူကား ထာဝရဘုရားသည် သင်ခံရသောဖိစီးနှိပ်စက်မှုကို ကြားသိတော်မူပြီ။
ငါသည် သူ့ကိုကောင်းချီးပေးမည်။ ထိုမျှမက သူ့အားဖြင့် သင့်အား သားကိုပေးမည်။ ငါသည် သူ့ကိုကောင်းချီးပေးသဖြင့် သူသည် လူမျိုးများ၏မိခင်ဖြစ်လာမည်။ သူ့အားဖြင့် လူမျိုးတကာတို့၏ရှင်ဘုရင်များပေါ်ထွန်းလာကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့နောက် အာဗြဟံက “ဣရှမေလသည် ကိုယ်တော်၏ရှေ့တော်၌ အသက်ရှင်ပါစေသော”ဟု ဘုရားသခင်အား လျှောက်လေ၏။
သို့သော် ငါသည် နောင်နှစ် သတ်မှတ်ထားသောဤအချိန်တွင် သင့်အတွက် စာရာမွေးဖွားမည့်ဣဇက်၌ ငါ၏ပဋိညာဉ်ကိုတည်စေမည်”ဟု မိန့်တော်မူ၏။
ငါသည် သင်မှစ၍ နောင်လာမည့် သင့်သားစဉ်မြေးဆက်၏ဘုရားသခင်ဖြစ်မည့်အကြောင်း ငါ၏ပဋိညာဉ်ကို ငါနှင့်သင်ကြား၌လည်းကောင်း၊ နောင်လာမည့် သင့်သားစဉ်မြေးဆက်ကြား၌လည်းကောင်း တည်စေ၍ သူတို့၏မျိုးဆက်အစဉ်အဆက်တို့၌ ထာဝရပဋိညာဉ်ဖြစ်စေမည်။
စာရာကလည်း “ငါရယ်ရသောအခွင့်ကို ဘုရားသခင်ပေးတော်မူပြီ။ ဤအကြောင်းကိုကြားသောသူအားလုံးတို့သည်လည်း ငါနှင့်အတူရယ်ကြလိမ့်မည်”ဟု ဆို၏။
ထိုအခါ ထာဝရဘုရားသည် သူ့အားကိုယ်ထင်ရှားပြ၍ “သင်သည် အီဂျစ်ပြည်သို့မဆင်းသွားနှင့်။ သင့်အား ငါပြသည့်ပြည်၌ နေထိုင်လော့။
ဤပြည်၌ တည်းခိုနေထိုင်လော့။ ငါသည် သင်နှင့်အတူရှိ၍ သင့်ကိုကောင်းချီးပေးမည်။ အကယ်စင်စစ် ဤမြေရှိသမျှတို့ကို သင်နှင့်သင်၏သားစဉ်မြေးဆက်အား ငါပေး၍ သင်၏ဖခင်အာဗြဟံအား ငါကျိန်ဆိုခဲ့သောကတိကို ငါတည်စေမည်။
မိုးတိမ်၌ သက်တံပေါ်လာသောအခါ ထိုသက်တံကိုငါကြည့်၍ ဘုရားသခင်နှင့် မြေကြီးပေါ်ရှိ သတ္တဝါအမျိုးမျိုးတည်းဟူသော သက်ရှိသတ္တဝါအပေါင်းတို့ကြား၌ ငါပြုသော ထာဝရပဋိညာဉ်ကို ငါအောက်မေ့မည်”ဟု မိန့်တော်မူ၏။
ထိုနည်းတူ အမြုံဖြစ်သောစာရာသည်လည်း အသက်အရွယ်လွန်ပြီးသောအခါ ယုံကြည်ခြင်းအားဖြင့် ပဋိသန္ဓေတည်နိုင်သောအစွမ်းကိုရရှိ၏။ အကြောင်းမူကား ကတိပေးတော်မူသောအရှင်သည် သစ္စာရှိသည်ဟုမှတ်ယူသောကြောင့်ဖြစ်၏။