ထာဝရဘုရား၏ကောင်းကင်တမန်သည် တောကန္တာရ၌ရှိသည့် စမ်းရေတွင်းတည်းဟူသော ရှုရအရပ်သို့သွားသောလမ်း၌ရှိသည့် စမ်းရေတွင်းနားမှာ ဟာဂရကိုတွေ့၍
ကမ္ဘာဦး 16:13 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ဟာဂရက “ငါ့ကို မြင်တော်မူသောအရှင်ကို ဤအရပ်၌ပင် ငါဖူးမြင်ရသည်တကား”ဟု ဆိုလျက် မိမိအားမိန့်မြွက်တော်မူသော ထာဝရဘုရား၏နာမတော်ကို “ကိုယ်တော်သည် အကျွန်ုပ်ကိုမြင်တော်မူသောဘုရားပေတည်း”ဟု ခေါ်လေ၏။ Common Language Bible ထိုအခါဟာဂရက``ငါသည်ထာဝရ ဘုရားကိုအကယ်ပင်ဖူးမြင်ရပြီးနောက် အသက်ရှင်သေးပါတကား'' ဟုဆိုပြီး လျှင်သူ့အားထိုသို့မိန့်ကြားတော်မူသော ထာဝရဘုရားကို``မြင်တော်မူသောဘုရား'' ဟူသောနာမည်ဖြင့်ခေါ်ဝေါ်လေ၏။- Garrad Bible ဟာ ဂ ရ က၊ ငါ့ ကို ရှု မြင် တော် မူ သော အ ရှင့် နောက် တော် ကို ဤ အ ရပ် တွင် ပင် ငါ ဖူး မြင် ရ ပြီ တ ကား ဟု ဆို လျက် သူ့ အား မိန့် မြွက် တော် မူ သော ထာ၀ ရ ဘု ရား၏ နာ မ တော် ကို ဒိ ဗ္ဗ စ က္စု တည် ရှိ သော ဘု ရား ကိုယ် တော် ဟု မှည့် ခေါ် လေ ၏။ Judson Bible ထိုသို့မိန့်မြွက်တော်မူသော ထာဝရဘုရားကို၊ အာတောဧလရော ဟူသောအမည်ဖြင့်ခေါ်ဝေါ်၍၊ ငါ့ကိုမြင်တော်မူသောသူကို ဤအရပ်၌ပင် ငါဖူးမြင်ရသည်တကားဟု ဟာဂရဆိုလေ၏။ |
ထာဝရဘုရား၏ကောင်းကင်တမန်သည် တောကန္တာရ၌ရှိသည့် စမ်းရေတွင်းတည်းဟူသော ရှုရအရပ်သို့သွားသောလမ်း၌ရှိသည့် စမ်းရေတွင်းနားမှာ ဟာဂရကိုတွေ့၍
ထိုအရပ်ကို “ထာဝရဘုရား ပြင်ဆင်တော်မူမည်”ဟူသောအမည်ဖြင့် အာဗြဟံခေါ်သည့်အတိုင်း ယနေ့တိုင်အောင် “ထာဝရဘုရား၏တောင်ပေါ်၌ ပြင်ဆင်ထားပေလိမ့်မည်”ဟု ဆိုလေ့ရှိ၏။
သူသည် ကြောက်ရွံ့၍ “ဤအရပ်သည် အံ့ဩဖွယ်ကောင်းလှပါသည်တကား။ ဤအရပ်ကား အခြားမဟုတ်၊ ဘုရားသခင်၏အိမ်တော်ပေတည်း။ ဤအရပ်ကား ကောင်းကင်တံခါးဝပေတည်း”ဟု ဆို၏။
အကျွန်ုပ်ဖခင်၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်ကြောက်ရွံ့သောဘုရားသည် အကျွန်ုပ်နှင့်အတူရှိတော်မမူခဲ့လျှင် ဦးရီးသည် ယခု အမှန်ပင် အကျွန်ုပ်ကို လက်ချည်းသက်သက် ပြန်လွှတ်ခဲ့ပေလိမ့်မည်။ ဘုရားသခင်သည် အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်ခြင်းနှင့် ပင်ပန်းခက်ခဲစွာလုပ်ဆောင်ရခြင်းကိုမြင်၍ မနေ့ညက ဦးရီးကိုဆုံးမတော်မူပြီ”ဟု ဆိုလေ၏။
ထို့ကြောင့် ယာကုပ်က “ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်မြင်ရလျက်နှင့် အသက်ချမ်းသာရာရသေး၏”ဟု ဆိုလျက် ထိုအရပ်၏အမည်ကို ပေနွေလ ဟုခေါ်၏။
ပေနွေလအရပ်ကို ယာကုပ်လွန်သွားသောအခါ နေထွက်ပြီဖြစ်၏။ သူသည် သူ၏တင်ပါးဆုံအဆစ်လွဲသွားသောကြောင့် ထော့နဲ့ထော့နဲ့ဖြင့်သွားလေ၏။
ဘုရားသခင်သည် အစ္စရေးအမျိုးသားခေါင်းဆောင်တို့ကို ဒဏ်ခတ်တော်မမူ။ ထို့ကြောင့် သူတို့သည် ကိုယ်တော်ကိုဖူးမြင်ကြ၏။ စားလျက်၊ သောက်လျက်နေကြ၏။
ထာဝရဘုရား၏မျက်စိတော်သည် နေရာတိုင်း၌ရှိ၍ မကောင်းမှုပြုသောသူတို့နှင့် သူတော်ကောင်းတို့ကို စောင့်ကြည့်နေတော်မူ၏။
အကယ်စင်စစ် လူသွားရာလမ်းတို့သည် ထာဝရဘုရား၏မျက်မှောက်တော်၌ရှိ၍ ကိုယ်တော်သည် သူ၏လမ်းရှိသမျှတို့ကို ချင့်ချိန်သုံးသပ်တော်မူ၏။
ဂိဒေါင်သည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ “ငြိမ်သက်ခြင်းအရှင် ထာဝရဘုရား”ဟု မှည့်ခေါ်လေ၏။ ထိုယဇ်ပလ္လင်သည် အဗျေဇာအမျိုးသားတို့နေထိုင်ရာ ဩဖရမြို့တွင် ယနေ့တိုင်အောင် ရှိ၏။