ထိုအခါ အောင်ပွဲရဘုရင်တို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့တို့မှဥစ္စာရှိသမျှ၊ အစားအစာရှိသမျှတို့ကိုသိမ်းယူ၍ ထွက်သွားကြ၏။
အောင်ပွဲရဘုရင်လေးပါးတို့သည်သောဒုံမြို့ နှင့်ဂေါမောရမြို့များမှ စားနပ်ရိက္ခာနှင့်တကွ ရှိသမျှပစ္စည်းတို့ကိုသိမ်းယူ၍ထွက်ခွာသွား ကြသည်။-
အောင် သူ တို့ လည်း သော ဒုံ မြို့၊ ဂေါ မော ရ မြို့ များ၌ ရှိ သ မျှ ဥ စ္စာ နှင့် ရိ က္ခာ များ ကို သိမ်း ယူ ရာ၊
အောင်သောမင်းတို့သည်၊ သောဒုံမြို့နှင့် ဂေါမောရမြို့၌ ရှိသမျှသောဥစ္စာနှင့် မြို့ရိက္ခာရှိသမျှတို့ကို ယူ၍သွားကြ၏။
အာဗြံသည် မိမိမယားစာရဲနှင့် မိမိတူလောတကိုလည်းကောင်း၊ သူတို့စုဆောင်းရရှိသောဥစ္စာရှိသမျှနှင့် ဟာရန်မြို့၌ ရရှိသောလူတို့ကိုလည်းကောင်း ခေါ်ဆောင်၍ ခါနာန်ပြည်သို့သွားရန်ထွက်ခွာလေ၏။ ထို့နောက် သူတို့သည် ခါနာန်ပြည်သို့ရောက်ကြ၏။
စိဒ္ဒိမ်ချိုင့်ဝှမ်း၌ ကတ္တရာစေးတွင်းပေါများသဖြင့် သောဒုံဘုရင်နှင့်ဂေါမောရဘုရင်တို့သည်ထွက်ပြေးကြသောအခါ ထိုတွင်းများထဲသို့ကျလေ၏။ ကျန်သောသူတို့သည် တောင်ပေါ်သို့ထွက်ပြေးကြ၏။
သောဒုံမြို့၌နေထိုင်သော အာဗြံ၏တူလောတနှင့် သူ၏ဥစ္စာတို့ကိုလည်းသိမ်းယူ၍ ထွက်သွားကြ၏။
ဤသို့ဖြင့် သူသည် ဥစ္စာရှိသမျှကိုပြန်ရ၍ မိမိဆွေမျိုးသားချင်းလောတနှင့် သူ၏ဥစ္စာကိုလည်းကောင်း၊ မိန်းမများနှင့် လူများကိုလည်းကောင်း ပြန်ရလေ၏။
သောဒုံဘုရင်က “လူတို့ကို ငါ့အားပြန်ပေးပါ။ ဥစ္စာတို့ကိုကား သင့်အဖို့ယူပါလော့”ဟု အာဗြံအားဆိုလေ၏။
သင့်နွားကို သင့်ရှေ့မှောက်၌ပင် သတ်သော်လည်း အသားကို သင်စားရမည်မဟုတ်။ သင့်မြည်းကို သင့်ရှေ့မှောက်၌ပင် လုယူသွားသော်လည်း ထိုမြည်းကို သင်ပြန်ရမည်မဟုတ်။ သင့်သိုးသည် ရန်သူလက်သို့ရောက်သော်လည်း ကယ်တင်မည့်သူမရှိ။
ထာဝရဘုရားသည် ကုသ၍မရသော ဆိုးရွားသည့်အနာစိမ်းများဖြင့် သင့်ဒူး၊ သင့်ပေါင်တို့ကိုသာမက ခြေဖဝါးမှစ၍ ဦးခေါင်းတိုင်အောင် ဒဏ်ခတ်တော်မူမည်။
သင်ပျက်စီးခြင်းသို့ မရောက်မချင်း သူတို့သည် သင်၏တိရစ္ဆာန်သားပေါက်များ၊ မြေအသီးအနှံများကို ဝါးမျိုလိမ့်မည်။ သင်ပျက်စီးသွားသည်အထိ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားပေါက်၊ သိုးဆိတ်သားပေါက် တို့ကို သင့်အတွက် ချန်ထားမည်မဟုတ်။