Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 14:11 - Common Language Bible

11 အောင်​ပွဲ​ရ​ဘု​ရင်​လေး​ပါး​တို့​သည်​သော​ဒုံ​မြို့ နှင့်​ဂေါ​မော​ရ​မြို့​များ​မှ စား​နပ်​ရိက္ခာ​နှင့်​တ​ကွ ရှိ​သ​မျှ​ပစ္စည်း​တို့​ကို​သိမ်း​ယူ​၍​ထွက်​ခွာ​သွား ကြ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 အောင် သူ တို့ လည်း သော ဒုံ မြို့၊ ဂေါ မော ရ မြို့ များ၌ ရှိ သ မျှ ဥ စ္စာ နှင့် ရိ က္ခာ များ ကို သိမ်း ယူ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 အောင်​သော​မင်း​တို့​သည်၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့၌ ရှိ​သ​မျှ​သော​ဥ​စ္စာ​နှင့် မြို့​ရိ​က္ခာ​ရှိ​သ​မျှ​တို့​ကို ယူ၍​သွား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထိုအခါ အောင်ပွဲရ​ဘုရင်​တို့​သည် သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​တို့​မှ​ဥစ္စာ​ရှိသမျှ​၊ အစားအစာ​ရှိသမျှ​တို့​ကို​သိမ်းယူ​၍ ထွက်သွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 14:11
8 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​သည်​မ​ယား​စာ​ရဲ၊ တူ​လောတ၊ ရှိ​သ​မျှ သော​ဥစ္စာ​ပစ္စည်း​နှင့်​တ​ကွ ခါ​ရန်​မြို့​၌​ရ​ရှိ​သော ကျေး​ကျွန်​အား​လုံး​တို့​ကို​ခေါ်​ဆောင်​၍ ခါ​နာန် ပြည်​သို့​ခ​ရီး​ထွက်​ခဲ့​လေ​သည်။ ခါ​နာန်​ပြည်​သို့​ရောက်​ကြ​သော​အ​ခါ၊-


ထို​ချိုင့်​ဝှမ်း​တွင်​ကတ္တ​ရာ​တွင်း​များ​ပြည့်​နှက်​လျက် ရှိ​ရာ သော​ဒုံ​ဘု​ရင်​နှင့်​ဂေါ​မော​ရ​ဘု​ရင်​တို့​သည် စစ်​ရေး​မ​လှ​သ​ဖြင့် ထွက်​ပြေး​ကြ​သော​အ​ခါ ထို​တွင်း​များ​ထဲ​သို့​ကျ​ကြ​ကုန်​၏။ ကျန်​သော ဘု​ရင်​သုံး​ပါး​တို့​သည်​တောင်​များ​ပေါ်​သို့​ထွက် ပြေး​ကြ​လေ​သည်။-


သော​ဒုံ​မြို့​တွင်​နေ​ထိုင်​သော​အာ​ဗြံ​၏​တူ လော​တ​နှင့်​တ​ကွ သူ​၏​ပစ္စည်း​ရှိ​သ​မျှ​တို့ ကို​ဖမ်း​ဆီး​ယူ​ဆောင်​သွား​ကြ​လေ​သည်။


သိမ်း​ယူ​သွား​သော​ပစ္စည်း​အား​လုံး​ကို​ပြန်​လည် ရ​ရှိ​လေ​သည်။ တူ​လော​တ​နှင့်​သူ​၏​ပစ္စည်း​များ ကို​လည်း​ကောင်း၊ အ​မျိုး​သ​မီး​များ​နှင့်​အ​ခြား အ​ဖမ်း​ခံ​ရ​သူ​များ​ကို​လည်း​ကောင်း ပြန်​လည် ခေါ်​ဆောင်​ခဲ့​လေ​သည်။


သော​ဒုံ​ဘု​ရင်​က``ကိုယ်​တော်​သိမ်း​ယူ​ခဲ့​သ​မျှ သော​ပစ္စည်း​များ​ကို​အ​ပိုင်​ယူ​ပါ။ ကျွန်ုပ်​၏​လူ တို့​ကို​သာ​ပြန်​ပေး​ပါ'' ဟု​အာ​ဗြံ​အား​ဆို​၏။


သင်​၏​နွား​ကို​သင့်​မျက်​စိ​ရှေ့​တွင်​သတ်​သော် လည်း သင်​သည်​အ​သား​ကို​မ​စား​ရ။ သင်​၏ မြည်း​များ​ခိုး​ယူ​သွား​သည်​ကို​မျက်စိ​ဖြင့် မြင်​ရ​သော်​လည်း မြည်း​များ​ကို​ပြန်​မ​ရ။ သင်​၏​သိုး​များ​ရန်​သူ့​လက်​သို့​ကျ​ရောက် လိမ့်​မည်။ သို့​ရာ​တွင်​သင့်​အား​ကူ​ညီ​မည့် သူ​ရှိ​လိမ့်​မည်​မ​ဟုတ်။-


သင်​တို့​၏​ခြေ​ထောက်​များ​တွင်​နာ​ကျင်​၍ မ​ပျောက်​နိုင်​သော​အနာ​များ​ပေါက်​လိမ့်​မည်။ သင်​၏​တစ်​ကိုယ်​လုံး​တွင်​အ​နာ​စိမ်း​များ ပေါက်​လိမ့်​မည်။


သူ​တို့​သည်​သင်​တို့​၏​အ​စား​အ​စာ​ဖြစ် သော​သိုး​နွား​များ​နှင့် အ​သီး​အ​နှံ​များ​ကို စား​သုံး​ကြ​သ​ဖြင့်​သင်​တို့​သည်​အ​စာ​ငတ် ၍​သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။ သင်​တို့​၏ စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ သိုး​နွား​တို့ ကို​အ​ကုန်​စား​သုံး​လိုက်​ကြ​သ​ဖြင့် သင် တို့​အ​စာ​ငတ်​၍​သေ​ရ​ကြ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ