ထို့ကြောင့် အာဗြံသည် သူ၏တဲကိုရွှေ့၍ ဟေဗြုန်မြို့ရှိ မံရေဝက်သစ်ချပင်များအနီး၌ သွားရောက်နေထိုင်၏။ သူသည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လေ၏။
ကမ္ဘာဦး 13:4 - မြန်မာ့စံမီသမ္မာကျမ်း ယခင်က ယဇ်ပလ္လင်တည်ခဲ့ရာအရပ်သို့ ရောက်လေ၏။ ထိုအရပ်တွင် အာဗြံသည် ထာဝရဘုရား၏နာမတော်ကို ခေါ်ဆိုပတ္ထနာပြုလေ၏။ Common Language Bible ထိုအရပ်တွင်ယခင်ကစခန်းချ၍ယဇ်ပလ္လင်တည်ခဲ့ဖူး၏။ ထိုအရပ်၌သူသည်ထာဝရဘုရားကိုဝတ်ပြုကိုးကွယ်လေသည်။ Garrad Bible အ ထက် က တဲ စိုက်၍ ပူ ဇော် ရာ ပ လ္လင် တော် ကို တည် ဆောက် ခဲ့ ဘူး သော အ ရပ် သို့ ရောက် လျှင် ထို အ ရပ် တွင် ထာ၀ ရ ဘု ရား ၏ နာ မ တော် အား ဖြင့် ပ ဌ နာ ပြု ၏။ Judson Bible ယဇ်ပလ္လင်ကိုတည်ခဲ့ဖူးသောအရပ်သို့ ရောက်ပြန်လျှင်၊ ထိုအရပ်တွင် ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြု၏။ |
ထို့ကြောင့် အာဗြံသည် သူ၏တဲကိုရွှေ့၍ ဟေဗြုန်မြို့ရှိ မံရေဝက်သစ်ချပင်များအနီး၌ သွားရောက်နေထိုင်၏။ သူသည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လေ၏။
ဣဇက်သည် ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်၍ ထာဝရဘုရား၏နာမတော်ကိုခေါ်ဆိုပတ္ထနာပြုပြီးလျှင် ထိုအရပ်တွင် တဲကိုဆောက်လေ၏။ သူ၏အစေအပါးတို့သည်လည်း ထိုအရပ်တွင် ရေတွင်းကိုတူးကြ၏။
ရှေသသည်လည်း သားကိုရ၍ သူ၏အမည်ကို ဧနုတ် ဟုမှည့်ခေါ်လေ၏။ ထိုကာလ၌ လူတို့သည် ထာဝရဘုရား၏နာမတော်ကို စတင်၍ခေါ်ဆိုပတ္ထနာပြုကြ၏။
ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍ ကိုယ်တော်၏ မေတ္တာကရုဏာသည် အစဉ်အမြဲတည်၏။
ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့် လူသားတို့၌ပြုတော်မူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုများအတွက် သူတို့သည် ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြပါစေ။
ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့် လူသားတို့၌ပြုတော်မူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုများအတွက် သူတို့သည် ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြပါစေ။
အကျွန်ုပ်သည် ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ရှေ့တော်၌ပူဇော်၍ ထာဝရဘုရား၏နာမတော်ကို ခေါ်ပါမည်။
ကိုယ်တော်သည် ငါ့ကို ဂရုစိုက်နားထောင်တော်မူသောကြောင့် ငါသည် အသက်ရှင်နေသရွေ့ ကိုယ်တော်ကိုခေါ်မည်။
ထာဝရဘုရားသည် မိမိကိုခေါ်သောသူအားလုံး၊ သမ္မာတရားနှင့်အညီ မိမိကိုခေါ်သောသူအားလုံး၏ အနီးတွင်ရှိတော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ကိန်းဝပ်ရာအိမ်တော်နှင့် ကိုယ်တော်၏ဘုန်းအသရေတည်ရှိရာအရပ်တို့ကို အကျွန်ုပ်မြတ်နိုးပါ၏။
အကယ်စင်စစ် ကိုယ်တော်၏တံတိုင်းတော်များအတွင်း၌ တစ်ရက်နေရခြင်းသည် အခြားသောအရပ်၌ ရက်တစ်ထောင်နေရခြင်းထက် ပို၍ကောင်းပါ၏။ ဆိုးယုတ်သောသူ၏တဲတွင်နေရခြင်းထက် အကျွန်ုပ်ဘုရားသခင်၏အိမ်တော်၌ တံခါးစောင့်ဖြစ်ရခြင်းကို အကျွန်ုပ်ပို၍နှစ်သက်ပါ၏။
သင်ခေါ်သောအခါ ထာဝရဘုရား ထူးတော်မူမည်။ အကူအညီအော်ဟစ်တောင်းခံသောအခါ “ငါရှိ၏”ဟု မိန့်တော်မူမည်။ သင်သည် သူတစ်ပါးကိုလက်ညှိုးထိုးခြင်း၊ ယုတ်ညံ့သောစကားပြောဆိုခြင်းဟူသော သင့်တွင်ရှိသောထမ်းပိုးကို ဖယ်ရှား၍
သင်တို့သည် ငါ့ကိုခေါ်လိမ့်မည်။ ငါ့ထံသို့ လာ၍ဆုတောင်းလိမ့်မည်။ ငါသည်လည်း သင်တို့ကို နားထောင်မည်။
လူအပေါင်းတို့သည် ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုလျက် တစ်စိတ်တစ်သဘောတည်းဖြင့် ဝတ်ပြုနိုင်ရန် ငါသည် သူတို့အား သန့်ရှင်းသောနှုတ်ကို ပြန်ပေးမည်။
ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်ကိုပတ္ထနာပြုကြသည့် အရပ်ရပ်တို့၌ရှိသောသူအပေါင်းတို့နှင့်အတူသန့်ရှင်းသူအဖြစ်ခေါ်ယူတော်မူခြင်းခံရ၍ ခရစ်တော်ယေရှုအားဖြင့် သန့်ရှင်းစေခြင်းခံရသောသူများတည်းဟူသော ကောရိန္သုမြို့၌ရှိသည့် ဘုရားသခင်၏အသင်းတော်ထံသို့ စာရေးလိုက်ပါ၏။ ကိုယ်တော်သည် ထိုပတ္ထနာပြုသောသူအပေါင်းတို့နှင့် ငါတို့၏သခင်ဖြစ်တော်မူ၏။