ထိုစဉ်က ကမ္ဘာမြေတစ်ခွင်လုံးတွင် ဘာသာစကားတစ်မျိုးတည်း၊ အသုံးအနှုန်းတစ်မျိုးတည်းရှိ၏။
ကမ္ဘာဦး 11:6 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “ကြည့်ရှုလော့။ သူတို့အားလုံးသည် လူမျိုးတစ်မျိုးတည်း၊ ဘာသာစကားတစ်မျိုးတည်းဖြစ်သဖြင့် ဤအမှုကိုစတင်ပြုကြပြီ။ ယခု သူတို့ပြုလုပ်ရန်ကြံစည်သမျှတို့တွင် သူတို့အတွက် မဖြစ်နိုင်သောအရာ တစ်စုံတစ်ခုမျှရှိလိမ့်မည်မဟုတ်။ Common Language Bible ``ယခုတွင်ဤသူတို့သည်လူမျိုးတစ်မျိုး တည်းဖြစ်၍ ဘာသာစကားတစ်ခုတည်း ကိုပြောဆိုလျက်ရှိကြ၏။- Garrad Bible ထာ ဝ ရ ဘု ရား က လူ တစ် မျိုး တည်း၊ ဘာ သာ တစ် မျိုး တည်း ဖြစ် သ ဖြင့် ဤ အ မှု ကို ဦး စွာ ပြု ကြ ပြီ တ ကား။ ရှေ့ သို့ အ ထ မ မြောက် နိုင် သော အ ကြံ တစ် စုံ တစ် ရာ မျှ ရှိ တော့ မည် မ ဟုတ်။ Judson Bible ထာဝရဘုရားက၊ ကြည့်ရှုလော့။ လူတစ်မျိုးတည်း၊ စကားတစ်မျိုးတည်းရှိသည်ဖြစ်၍၊ သူတို့သည် ဤအမှုကိုအဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်။ |
ထိုစဉ်က ကမ္ဘာမြေတစ်ခွင်လုံးတွင် ဘာသာစကားတစ်မျိုးတည်း၊ အသုံးအနှုန်းတစ်မျိုးတည်းရှိ၏။
ထို့နောက် ထာဝရအရှင်ဘုရားသခင်က “ကြည့်ရှုလော့။ လူသည် အကောင်းအဆိုးကိုသိခြင်းအရာ၌ ငါတို့ထဲမှတစ်ပါးပါးကဲ့သို့ဖြစ်လာပြီ။ ယခုမှာ သူသည် လက်ကိုဆန့်ပြီး အသက်ပင်၏အသီးကိုယူစား၍ ထာဝရအသက်ရှင်ခွင့် မရသင့်”ဟု မိန့်တော်မူ၏။
မြေကြီးပေါ်တွင် လူ၏မကောင်းမှုများပြား၍ လူ့စိတ်နှလုံး၏တွေးတောကြံစည်မှုရှိသမျှတို့သည် အစဉ်အမြဲဆိုးညစ်ခြင်းသက်သက်သာဖြစ်ကြောင်းကို ထာဝရဘုရားမြင်တော်မူ၏။
ထာဝရဘုရားသည် မွှေးကြိုင်သောရနံ့ကိုခံယူတော်မူ၏။ ထိုအခါ ထာဝရဘုရားက “လူတို့၏စိတ်နှလုံးအကြံအစည်များသည် ငယ်ရွယ်စဉ်ကတည်းက ဆိုးညစ်သော်လည်း ငါသည် လူတို့ကြောင့် မြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှကျိန်တော့မည်မဟုတ်။ ငါသည် သက်ရှိသတ္တဝါအပေါင်းတို့ကို ယခုပြုသကဲ့သို့ နောက်တစ်ဖန် မည်သည့်အခါမျှဒဏ်ခတ်တော့မည်မဟုတ်။
ဤသူသုံးယောက်တို့သည် နောဧ၏သားများဖြစ်ကြပြီး သူတို့မှတစ်ဆင့် ကမ္ဘာမြေတစ်ခွင်လုံးသို့ လူတို့ ပြန့်ပွားသွားကြ၏။
မွန်းတည့်ချိန်သို့ရောက်သောအခါ ဧလိယက သူတို့အား “အသံကျယ်ကျယ်အော်ခေါ်ကြပါလော့။ ဗာလသည် ဘုရားမှန်သည်မဟုတ်လော။ ယခု ဈာန်ဝင်စားနေကောင်းနေလိမ့်မည်။ သို့မဟုတ် အလေးအပေါ့ သွားကောင်းသွားနေလိမ့်မည်။ သို့မဟုတ် ခရီးလွန်ကောင်းလွန်နေလိမ့်မည်။ သို့မဟုတ် အိပ်ပျော်ကောင်းအိပ်ပျော်နေလိမ့်မည်။ တစ်ယောက်ယောက် သွားနှိုးရလိမ့်မည်”ဟု လှောင်ပြောင်လေ၏။
အချင်းလူပျို၊ သင်ပျိုရွယ်စဉ်တွင် ဝမ်းမြောက်လော့။ သင်၏အသက် ပျိုရွယ်သောနေ့ရက်များ၌လည်း သင်၏စိတ်နှလုံးသည် ရွှင်လန်းပါစေ။ သင့်စိတ်နှလုံးအလိုရှိရာလမ်းများနောက်သို့လည်းကောင်း၊ သင့်မျက်စိပသာဒနောက်သို့လည်းကောင်း လိုက်လော့။ သို့ရာတွင် ထိုအရာအားလုံးအတွက် ဘုရားသခင်သည် သင့်ကိုတရားသဖြင့်စီရင်တော်မူမည်ဖြစ်ကြောင်း သိမှတ်လော့။
“ငါသည် ရိတ်သိမ်းချိန်မရောက်မီသုံးလအတွင်း သင်တို့အတွက် မိုးကိုမရွာစေခဲ့။ တစ်မြို့တွင် မိုးရွာစေပြီး အခြားတစ်မြို့တွင် မိုးခေါင်စေ၏။ လယ်မြေတစ်ကွက်တွင် မိုးရွာစေပြီး အခြားတစ်ကွက်တွင် မိုးခေါင်၍ ခြောက်သွေ့စေ၏။
ကိုယ်တော်သည် လက်ရုံးတော်အားဖြင့် တန်ခိုးအရှိန်အဝါနှင့်ပြည့်စုံသောအမှုကိုပြုတော်မူ၍ အတွင်းစိတ်သဘော၌ မာနထောင်လွှားသောသူတို့ကို ကွဲလွင့်စေတော်မူ၏။
ကိုယ်တော်သည် လူတစ်ဦးတည်းမှ လူမျိုးအားလုံးကို ဖန်ဆင်း၍ ကမ္ဘာမြေပြင်အနှံ့တွင်နေထိုင်စေကာ အချိန်ကာလများနှင့် သူတို့နေထိုင်ရာနယ်နိမိတ်များကို ကြိုတင်ချမှတ်ပေးတော်မူ၏။
သင်တို့ရွေးချယ်ခဲ့သောဘုရားများထံသို့ သွား၍အော်ဟစ်ကြလော့။ သင်တို့ ဆင်းရဲဒုက္ခရောက်ချိန်၌ သူတို့သည် သင်တို့ကို ကယ်တင်ပါစေ”ဟု မိန့်တော်မူ၏။