တစ်ဖန် ဘုရားသခင်က အာဗြဟံအား “သင်၏မယား စာရဲ ကိုကား သူ၏အမည်ကို စာရဲ ဟုမခေါ်ရ။ သူ၏အမည်မှာ စာရာ ဖြစ်ရမည်။
ကမ္ဘာဦး 11:29 - မြန်မာ့စံမီသမ္မာကျမ်း အာဗြံနှင့်နာခေါ်တို့သည် မိန်းမယူကြ၏။ အာဗြံ၏မယားအမည်မှာ စာရဲ ဖြစ်၏။ နာခေါ်၏မယားအမည်မှာ မိလခါ ဖြစ်ပြီး သူသည် ဟာရန်၏သမီးဖြစ်၏။ ဟာရန်သည် မိလခါနှင့်ဣသခါတို့၏ဖခင်ဖြစ်၏။ Common Language Bible အာဗြံသည်စာရဲနှင့်ထိမ်းမြား၍နာခေါ်သည် ခါရန်၏သမီးမိလခါနှင့်ထိမ်းမြား၏။- Garrad Bible အာ ဗြံ နှင့် နာ ခေါ် တို့ သည် မ ယား ကို ယူ ကြ ရာ အာ ဗြံ၏ မ ယား အ မည် ကား၊ စာ ရဲ တည်း။ နာ ခေါ်၏ မ ယား အ မည် ကား ဟာ ရန်၏ သ မီး မိ လ ခါ တည်း။ ဟာ ရန် သည် မိ လ ခါ နှင့် ဣ သ ခ တို့ အ ဘ ဖြစ်၏။ Judson Bible အာဗြံနှင့်နာခေါ်သည် မယားကိုယူ၍၊ အာဗြံ၏ မယားကား၊ စာရဲအမည်ရှိ၏။ နာခေါ်၏မယားကား၊ ခါရန်၏သမီးမိလခါ အမည်ရှိ၏။ ခါရန်သည် မိလခါနှင့် ဣသခ၏အဘဖြစ်သတည်း။ |
တစ်ဖန် ဘုရားသခင်က အာဗြဟံအား “သင်၏မယား စာရဲ ကိုကား သူ၏အမည်ကို စာရဲ ဟုမခေါ်ရ။ သူ၏အမည်မှာ စာရာ ဖြစ်ရမည်။
ထို့ပြင် သူသည် အမှန်ပင် အကျွန်ုပ်၏နှမဖြစ်ပါ၏။ အကျွန်ုပ်ဖခင်၏သမီးဖြစ်သော်လည်း အကျွန်ုပ်မိခင်၏သမီးမဟုတ်ပါ။ နောက်တွင် အကျွန်ုပ်၏မယား ဖြစ်လာပါ၏။
ဤအရာများဖြစ်ပြီးသည့်နောက် တစ်စုံတစ်ဦးက အာဗြဟံအား “ကြည့်ပါ။ မိလခါသည်လည်း သင်၏ညီနာခေါ်အတွက် သားများကိုမွေးဖွားပေးလေပြီ။
(ဗေသွေလသည် ရေဗက္ကာ၏ဖခင်ဖြစ်၏။) မိလခါသည် အာဗြဟံ၏ညီနာခေါ်အတွက် ထိုသားရှစ်ယောက်ကိုမွေးဖွားလေ၏။
ထို့နောက် အစေအပါးသည် မိမိသခင်၏ကုလားအုတ်များထဲမှ ကုလားအုတ်ဆယ်စီးကိုရွေးယူပြီးလျှင် မိမိသခင်ပိုင်ဆိုင်သည့်အဖိုးတန်ပစ္စည်းအမျိုးမျိုးတို့ကိုယူဆောင်လျက် ထ၍ ထွက်ခွာသွားရာ မက်ဆိုပိုတေးမီးယားပြည်ရှိ နာခေါ်နေသောမြို့သို့ရောက်လေ၏။
ထိုသို့ ဆုတောင်း၍မပြီးမီ ရေဗက္ကာသည် မိမိပခုံးပေါ်တွင် ရေအိုးတင်လျက်ထွက်လာ၏။ သူသည် အာဗြဟံ၏ညီနာခေါ်နှင့် သူ၏မယားမိလခါ၏သားဖြစ်သူ ဗေသွေလ၏သမီးဖြစ်၏။
မိန်းကလေးကလည်း “ကျွန်မသည် နာခေါ်အတွက် မိလခါမွေးဖွားသောသားဗေသွေလ၏သမီးဖြစ်ပါသည်”ဟု ဖြေပြီးလျှင်