သူ့နိုင်ငံ၏အစအဦးမှာ ရှိနာပြည်ရှိ ဘေဘီလုံမြို့၊ ဧရက်မြို့၊ အက္ကမြို့၊ ကာလနေမြို့ တို့ဖြစ်ကြ၏။
ကမ္ဘာဦး 11:2 - မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် အရှေ့အရပ်မှရွှေ့ပြောင်း၍ ရှိနာပြည်၌ လွင်ပြင်ကိုတွေ့သဖြင့် ထိုနေရာ၌ အခြေချကြ၏။ Common Language Bible သူတို့သည်အရှေ့မျက်နှာသို့ခရီးပြုကြရာ ဗာဗုလုန်ပြည်ရှိမြေပြန့်တစ်နေရာသို့ရောက် ၍ ထိုနေရာတွင်အခြေချနေထိုင်ကြလေသည်။- Garrad Bible ရှိ နာ ပြည် ၌ ကွင်း ပြင် ကို တွေ့ ၍ တည် နေ ကြ စဉ် လာ ကြ၊ အုတ် ကို ဖုတ် လုပ် ကြ ကုန် အံ့ ဟု အ ချင်း ချင်း ပြော ဆို ကြ ၏။ Judson Bible အရှေ့မျက်နှာမှခရီးသွားသဖြင့်၊ ရှိနာပြည်၌ မြေညီရာအရပ်ကိုတွေ့၍ နေရာချကြ၏။ |
သူ့နိုင်ငံ၏အစအဦးမှာ ရှိနာပြည်ရှိ ဘေဘီလုံမြို့၊ ဧရက်မြို့၊ အက္ကမြို့၊ ကာလနေမြို့ တို့ဖြစ်ကြ၏။
ထိုစဉ်က ကမ္ဘာမြေတစ်ခွင်လုံးတွင် ဘာသာစကားတစ်မျိုးတည်း၊ အသုံးအနှုန်းတစ်မျိုးတည်းရှိ၏။
ထာဝရဘုရားသည် ထိုနေရာတွင် မြေကြီးသားအပေါင်းတို့၏ဘာသာစကားကို ရှုပ်ထွေးစေတော်မူ၏။ ထို့ကြောင့် ထိုမြို့၏အမည်ကို ဘေဘီလုံ ဟုခေါ်ကြ၏။ ထို့ပြင် ထာဝရဘုရားသည် သူတို့ကို ထိုအရပ်မှ မြေတစ်ပြင်လုံးသို့ ကွဲလွင့်စေတော်မူ၏။
ထို့ကြောင့် လောတသည် ဂျော်ဒန်မြစ်ဝှမ်းတစ်ဝှမ်းလုံးကို မိမိအတွက် ရွေးချယ်လေ၏။ ထို့နောက် လောတသည် အရှေ့ဘက်သို့ရွှေ့ပြောင်းသဖြင့် သူတို့သည် တစ်ဦးနှင့်တစ်ဦး ခွဲခွာသွားကြ၏။
ရှိနာဘုရင်အံရဖေလမင်းကြီး၊ ဧလာသာဘုရင်အာရုတ်မင်းကြီး၊ ဧလံဘုရင်ခေဒေါရလောမာမင်းကြီးနှင့် ဂေါအိမ်ဘုရင်တိဒလမင်းကြီးတို့အုပ်စိုးသောကာလ၌
ထိုနေ့ရက်၌ ဘုရားရှင်သည် အဆီးရီးယားပြည်၊ အီဂျစ်ပြည်၊ ပါသရုပြည်၊ အီသီယိုးပီးယားပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်နှင့် ပင်လယ်ကမ်းရိုးတန်းဒေသတို့မှ ကြွင်းကျန်နေသော မိမိ၏လူမျိုးတော်တို့ကို ပြန်သိမ်းယူရန် ဒုတိယအကြိမ် လက်ကိုဆန့်တော်မူမည်။
ဘုရားရှင်သည် ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်တကွ ဘုရားသခင်၏အိမ်တော်တန်ဆာပလာအချို့ကို နေဗုခဒ်နေဇာလက်သို့ အပ်လိုက်တော်မူ၏။ ရှင်ဘုရင်သည်လည်း ထိုအရာတို့ကို ရှိနာပြည်ရှိ မိမိဘုရားများ၏ဗိမာန်သို့ယူဆောင်သွား၍ ထိုတန်ဆာပလာတို့ကို မိမိဘုရားအများ၏ဘဏ္ဍာတိုက်ထဲသို့ သွင်းထားလေ၏။
သူက “ရှိနာပြည်သို့ ချီဆောင်သွား၏။ ထိုပြည်တွင် ဧဖာအဖို့ အိမ်ဆောက်မည်။ အဆင်သင့်ပြင်ဆင်ပြီးသောအခါ ဧဖာကို ထိုနေရာတွင်ထားမည်”ဟု ပြန်ဖြေ၏။