ကမ္ဘာဦး 10:16 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ယေဗုသိလူမျိုး၊ အာမောရိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ Common Language Bible ခါနာန်သည်ယေဗုသိလူမျိုး၊ အာမောရိလူမျိုး၊ ဂိရဂါရှိလူမျိုး၊- Garrad Bible ယေ ဗု သိ၊ အာ မော ရိ၊ ဂိ ရ ဂါ ရှိ၊ Judson Bible ထိုနောက် ယေဗုသိလူ၊ အာမောရိလူ၊ ဂိရဂါရှိလူ၊ |
သူတို့သည် မျိုးဆက်လေးဆက်မြောက်မှ ဤအရပ်သို့ပြန်လာကြလိမ့်မည်။ အကြောင်းမူကား အာမောရိလူမျိုးတို့၏ဒုစရိုက်သည် မပြည့်စုံသေး”ဟု မိန့်တော်မူ၏။
အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဂိရဂါရှိလူမျိုးနှင့် ယေဗုသိလူမျိုးတို့၏ပြည်ဖြစ်၏”ဟု မိန့်ဆို၍ ပဋိညာဉ်ပြုလေ၏။
ထိုနေ့တွင် ဂဒ်သည် ဒါဝိဒ်မင်းကြီးထံသို့လာ၍ “ယေဗုသိလူမျိုး အရောန၏ကောက်နယ်တလင်းနားသို့ တက်သွား၍ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်လော့”ဟု ဆို၏။
သူတို့၏ခံတွင်းထဲမှအသွေးနှင့် သူတို့သွားကြားမှစက်ဆုပ်ဖွယ်ရာများကို ငါဖယ်ရှားမည်။ ကြွင်းကျန်သောသူတို့သည် ငါတို့၏ဘုရားသခင်အဖို့ ဖြစ်၍ ယုဒအမျိုး၌ခေါင်းဆောင်ကဲ့သို့ ဖြစ်မည်။ ဧကြုန်လူမျိုးသည်လည်း ယေဗုသိလူမျိုးကဲ့သို့ဖြစ်မည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဝင်ရောက်သိမ်းပိုက်မည့်ပြည်သို့ သင်တို့ကို ပို့ဆောင်သောအခါ လူမျိုးခြားများဖြစ်သောဟိတ္တိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုး စသည့် သင့်ထက်ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးခုနစ်မျိုးကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူမည်။
ဗင်္ယာမိန်အမျိုးသားတို့သည် ဂျေရုဆလင်မြို့သား ယေဗုသိလူမျိုးတို့ကို မနှင်ထုတ်ခဲ့သဖြင့် ယေဗုသိလူမျိုးတို့သည် ဗင်္ယာမိန်အမျိုးသားတို့နှင့်အတူ ယနေ့တိုင်အောင် ဂျေရုဆလင်မြို့တွင် နေထိုင်ကြလေ၏။