လူအစုအဝေးတို့သည် မြင်လျှင် အံ့ဩခြင်းရှိ၍၊ လူတို့အား ဤသို့သောအခွင့်ကို အပ်ပေးတော်မူသော ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။-
လုကာ 2:20 - မြန်မာ သိုးထိန်းတို့သည်လည်း မိမိတို့အား ပြောနှင့်သည်အတိုင်း ကြားမြင်သမျှသော အကြောင်းအရာကို ထောက်၍၊ ဘုရားသခင်ကို အံ့ဩချီးမွမ်းလျက် ပြန်သွားကြ၏။ Common Language Bible သိုးထိန်းတို့သည်ကောင်းကင်တမန်ဖော်ပြသည့် အတိုင်းတွေ့မြင်ကြားသိရသဖြင့် ဘုရား သခင်၏ဘုန်းအသရေတော်ကိုချီးကူး လျက်ပြန်သွားကြ၏။ Garrad Bible သိုး ထိန်း တို့ လည်း နာ ခံ ခဲ့ သည့် အ တိုင်း ကြား ရ သ မျှ၊ မြင် ရ သ မျှ အ တွက် ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မြှောက်၍ ထော မ နာ ပြု လျက် ပြန် သွား ကြ၏။ Judson Bible သိုးထိန်းတို့သည်လည်း မိမိတို့အား ပြောနှင့်သည်အတိုင်း ကြားမြင်သမျှသော အကြောင်းအရာကို ထောက်၍၊ ဘုရားသခင်ကို အံ့ဩချီးမွမ်းလျက် ပြန်သွားကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သိုးထိန်းတို့သည် မိမိတို့အားမြွက်ဆိုထားသည့်အတိုင်း မြင်ရကြားရသဖြင့် ထိုအမှုအရာအားလုံးတို့အတွက် ဘုရားသခင်၏ဘုန်းတော်၊ ဂုဏ်တော်ကို ချီးမွမ်းလျက် ပြန်သွားကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သိုးထိန်းတို့သည် ကောင်းကင်တမန်များဖော်ပြသည့်အတိုင်း မြင်ရကြားရသဖြင့် ထိုအကြောင်းအရာ အားလုံးအတွက် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလျက် ပြန်သွားကြ၏။ |
လူအစုအဝေးတို့သည် မြင်လျှင် အံ့ဩခြင်းရှိ၍၊ လူတို့အား ဤသို့သောအခွင့်ကို အပ်ပေးတော်မူသော ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။-
ဟောချက်စကားဟူမူကား၊ ငါ့ထက် တတ်စွမ်းနိုင်သောသူသည် ငါ့နောက်ကြွလာ၏။ ထိုသူ၏ ခြေနင်းတော်ကြိုးကိုမျှ ငုံ့၍ဖြည်ခြင်းငှာ ငါမထိုက်။-
ထိုခဏချင်းတွင် ထိုသူသည် မျက်စိမြင်၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလျက် နောက်တော်သို့ လိုက်လေ၏။ လူအပေါင်းတို့သည် မြင်လျှင် ဘုရားသခင်ကို အံ့ဩချီးမွမ်းကြ၏။