ဖာရိရှဲတို့သည် ကြားလျှင်၊ ဤသူသည် နတ်ဆိုးမင်းဗေလဇေဗုလကို အမှီပြု၍သာ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။-
ရှင်ယောဟန် 9:29 - မြန်မာ ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထားတော်မူကြောင်းကို ငါတို့သိကြ၏။ ထိုသူသည် အဘယ်က ဖြစ်သည်ကို မသိဟုကဲ့ရဲ့၍ ပြောဆိုကြလျှင်၊- Common Language Bible ဘုရားသခင်သည်မောရှေအားဗျာဒိတ်ပေး တော်မူခဲ့ကြောင်းကိုငါတို့သိကြ၏။ ဤသူ သည်အဘယ်ကလာသည်ကိုပင်ငါတို့မသိ ကြ'' ဟုဆိုကြ၏။ Garrad Bible ဘုရားသခင်သည် မောရှေအားဗျာဒိတ်ပေးတော်မူကြောင်းငါတို့သိ၏။ ဤသူကား မည်သည့်ဇာတိဒေသကဖြစ်သည်ကိုမသိဟု ဆိုကြ၏။ Judson Bible ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထားတော်မူကြောင်းကို ငါတို့သိကြ၏။ ထိုသူသည် အဘယ်က ဖြစ်သည်ကို မသိဟုကဲ့ရဲ့၍ ပြောဆိုကြလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် မောရှေအား အမိန့်ရှိတော်မူကြောင်းကို ငါတို့သိကြ၏။ ထိုသူကား မည်သည့်အရပ်မှလာသည်ကို ငါတို့မသိ”ဟု သူ့ကိုပုတ်ခတ်ပြောဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် မောရှေကို မိန့်မြွက်ပြောဆိုသည်ကို ငါတို့သိကြ၏။ ဤသူသည် အဘယ်ကလာသည်ကိုပင် ငါတို့မသိပါ” ဟု ကဲ့ရဲ့ရှုတ်ချလျက် ဆိုကြ၏။ |
ဖာရိရှဲတို့သည် ကြားလျှင်၊ ဤသူသည် နတ်ဆိုးမင်းဗေလဇေဗုလကို အမှီပြု၍သာ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။-
ဤသူက ငါသည် ဘုရားသခင်၏ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက်နိုင်သည်ဟု ပြောပါသည်ဟု သက်သေခံကြ၏။-
ဤသူသည် ပြည်သူပြည်သားများကို လှည့်ဖြား၍၊ မိမိသည် ခရစ်တော်တည်းဟူသော ရှင်ဘုရင်ဖြစ်ကြောင်းကိုဆိုလျက်၊ ကဲသာဘုရင်ကို အခွန်မဆက်နှင့်ဟု မြစ်တားသည်ကို အကျွန်ုပ်တို့တွေ့ပါပြီဟု အပြစ်တင်ကြ၏။-
အကြောင်းမူကား၊ ပညတ်တရားတော်ကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာတရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း။-
သို့သော်လည်း ဤသူသည် အဘယ်ကဖြစ်သည်ကို ငါတို့သိကြ၏။ ခရစ်တော်သည် ကြွလာတော်မူသောအခါ အဘယ်ကဖြစ်တော်မူသည်ကို အဘယ်သူမျှမသိရဟု ဆိုကြ၏။-
ယေရှုကလည်း၊ သင်တို့သည် ငါ့ကိုသိကြ၏။ ငါသည် အဘယ်က ဖြစ်သည်ကိုလည်း သိကြ၏။ သို့သော်လည်း ငါသည် ကိုယ်အလိုအလျောက် လာသည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ ထိုသူကို သင်တို့မသိကြ။-
ယေရှုကလည်း၊ ငါသည် ကိုယ်အကြောင်းကို သက်သေခံသော်လည်း၊ ငါ့သက်သေတည်၏။ အကြောင်းမူကား၊ ငါသည် အဘယ်အရပ်က လာသည်ကိုလည်းကောင်း၊ အဘယ်အရပ်သို့ သွားသည်ကိုလည်းကောင်း ငါသိ၏။ သင်တို့မူကား မသိကြ။-
ဖာရိရှဲအချို့တို့က၊ ထိုသူသည် ဥပုသ်မစောင့်။ ဘုရားသခင်စေလွှတ်တော်မူသောသူ မဟုတ်ဟု ဆိုကြ၏။ အချို့တို့က၊ ဆိုးသောသူသည် ဤသို့သော နိမိတ်လက္ခဏာတို့ကို အဘယ်သို့ပြနိုင်သနည်းဟု ဆိုကြ၏။ ထိုသို့အချင်းချင်း မသင့် ကွဲပြားခြင်းသို့ရောက်၏။-
ထိုကြောင့်၊ မျက်စိကန်းဖူးသောသူကို ဒုတိယအကြိမ်ခေါ်၍ ဘုရားသခင်ကို ချီးမွမ်းလော့။ ထိုသူသည် လူဆိုးဖြစ်ကြောင်းကို ငါတို့သိ၏ဟုဆိုကြလျှင်၊-
သူသည် အကျွန်ုပ်မျက်စိကိုဖွင့်သော်လည်း အဘယ်ကဖြစ်သည်ဟု သင်တို့မသိကြသည်ကို အံ့ဩဖွယ်ရှိ၏။-