ယေရှုသည် တရားဇရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူတို့တွင် အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ ဂါလိလဲပြည် တစ်ပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏။
ရှင်ယောဟန် 6:59 - မြန်မာ ကပေရနောင်မြို့တရားဇရပ်၌ ဩဝါဒပေးစဉ်တွင် မိန့်တော်မူ၏။ Common Language Bible သခင်ယေရှုသည်ကပေရနောင်မြို့တရား ဇရပ်တွင်ဟောပြောသွန်သင်တော်မူစဉ်က ဤ သြဝါဒများကိုပေးတော်မူသတည်း။ Garrad Bible ကပေရနောင်မြို့ရှိ ဓမ္မာရုံတွင်ဒေသနာပေးလျက်မိန့်တော်မူ၏။ Judson Bible ကပေရနောင်မြို့တရားဇရပ်၌ ဩဝါဒပေးစဉ်တွင် မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ကပေရနောင်မြို့၌ သွန်သင်တော်မူစဉ် ဤအကြောင်းအရာများကို ဝတ်ပြုစည်းဝေးကျောင်းတွင် မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ကပေရနောင်မြို့ ဂျူးဝတ်ပြုဆောင်၌ သွန်သင်တော်မူစဉ် ဤအကြောင်းအရာများကို မိန့်တော်မူ၏။ |
ယေရှုသည် တရားဇရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူတို့တွင် အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ ဂါလိလဲပြည် တစ်ပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏။
ဂါလိလဲပြည် ကပေရနောင်မြို့သို့ရောက်လျှင်၊ ဥပုသ်နေ့၌ ဆုံးမဩဝါဒပေးတော်မူ၏။-
ယေရှုကလည်း၊ ငါသည်လောက၌ ထင်ရှားစွာဟောပြောပြီ။ ယုဒလူအပေါင်းတို့ စည်းဝေးရာ တရားဇရပ်၌လည်းကောင်း၊ ဗိမာန်တော်၌လည်ကောင်း၊ အစဉ်မပြတ် ဆုံးမဩဝါဒပေးပြီ။ မထင်ရှားဘဲ အလျှင်းမဟောမပြော။-
ထိုအရပ်၌ ယေရှုမှစသော တပည့်တော်တို့မရှိသည်ကို သိကြသဖြင့်၊ နက်ဖြန်နေ့၌ လှေစီး၍ ယေရှုကိုရှာခြင်းငှာ ကပေရနောင်မြို့သို့ သွားကြ၏။