Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 18:20 - မြန်မာ

20 ယေ​ရှု​က​လည်း၊ ငါ​သည်​လော​က၌ ထင်​ရှား​စွာ​ဟော​ပြော​ပြီ။ ယု​ဒ​လူ​အ​ပေါင်း​တို့ စည်း​ဝေး​ရာ တ​ရား​ဇ​ရပ်၌​လည်း​ကောင်း၊ ဗိ​မာန်​တော်၌​လည်​ကောင်း၊ အ​စဉ်​မ​ပြတ် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ပြီ။ မ​ထင်​ရှား​ဘဲ အ​လျှင်း​မ​ဟော​မ​ပြော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 သ​ခင်​ယေ​ရှု​က ``ငါ​သည်​လူ​အ​ပေါင်း​တို့​ရှေ့ တွင်​အ​စဉ်​ပင်​ပွင့်​လင်း​စွာ​ဟော​ပြော​သွန်​သင် ခဲ့​၏။ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​စု​ဝေး​ရာ ဖြစ်​သော​တ​ရား​ဇ​ရပ်​များ​နှင့်​ဗိ​မာန်​တော်​တွင် ငါ​ဟော​ပြော​သွန်​သင်​ခဲ့​၏။ အ​ဘယ်​အ​ခါ​၌ မျှ​လျှို့​ဝှက်​စွာ​မ​ဟော​ပြော​ခဲ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ယေရှုက ငါသည်လျှို့တဝှက်မဟောဘဲ လောကသားတို့အားအထင်အရှားဟောလျက်၊ ယုဒလူမျိုးအပေါင်းတို့စည်းဝေးရာ ဓမ္မာရုံများနှင့်ဗိမာန်တော်တွင် အစဉ်ဒေသနာပေးခဲ့ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ယေ​ရှု​က​လည်း၊ ငါ​သည်​လော​က၌ ထင်​ရှား​စွာ​ဟော​ပြော​ပြီ။ ယု​ဒ​လူ​အ​ပေါင်း​တို့ စည်း​ဝေး​ရာ တ​ရား​ဇ​ရပ်၌​လည်း​ကောင်း၊ ဗိ​မာန်​တော်၌​လည်​ကောင်း၊ အ​စဉ်​မ​ပြတ် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ပြီ။ မ​ထင်​ရှား​ဘဲ အ​လျှင်း​မ​ဟော​မ​ပြော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ယေရှု​က​လည်း“ငါ​သည် လောက​၌ ထင်ရှား​စွာ​ဟောပြော​ခဲ့​၏။ ဂျူး​လူမျိုး​အပေါင်း​တို့​စုဝေး​ရာ ဝတ်ပြု​စည်းဝေး​ကျောင်း​နှင့် ဗိမာန်​တော်​၌ အစဉ်အမြဲ​သွန်သင်​ခဲ့​၏။ မည်သည့်​အရာ​ကို​မျှ လျှို့ဝှက်​စွာ​မ​ဟောပြော​ခဲ့​ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ယေရှု​က “ငါ​သည် ဤ​လောက​တွင် လူသိရှင်ကြား​ဟောပြောခဲ့ပြီ။ လူအပေါင်းတို့​သည် ငါ​သွန်သင်​သမျှ​ကို သိကြ၏။ ငါ​သည် ဂျူး​လူမျိုးတို့​စုဝေးရာ​ဖြစ်သော ဝတ်ပြုဆောင်များ​နှင့် ဗိမာန်တော်​၌ အစဉ်အမြဲ​ဟောပြော​သွန်သင်ခဲ့၏။ မည်သည့်​အရာကို​မျှ လျှို့ဝှက်စွာ​မဟောပြောခဲ့ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 18:20
25 ပူးပေါင်းရင်းမြစ်များ  

ထို​ကြောင့် သူ​တို့​က ခ​ရစ်​တော်​သည် တော၌​ရှိ​သည်​ဟု ဆို​သော်​လည်း မ​ထွက်​မ​သွား​ကြ​နှင့်။ တိုက်​ခန်း၌ ရှိ​သည်​ဟု ဆို​သော်​လည်း မ​ယုံ​ကြ​နှင့်။-


ထို​အ​ခါ ယေ​ရှု​က၊ သင်​တို့​သည် ဓား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့ ငါ့​ကို​ဖမ်း​အံ့​သော​ငှာ ဓား​နှင့် တုတ်​များ​ကို လက်​စွဲ​လျက် လာ​ကြ​သည်​တ​ကား။ ငါ​သည် ဗိ​မာန်​တော်၌ နေ့​တိုင်း ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက် သင်​တို့​အ​လယ်၌ ထိုင်​နေ​စဉ်​အ​ခါ၊ သင်​တို့​သည် ငါ့​ကို မ​ဖမ်း​ဆီး​ကြ။-


ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်​လျက် ဤ​သူ​သည် ဘု​ရား​ကို​လွန်​ကျူး၍ ပြော​ပြီ။ အ​ဘယ်​သက်​သေ​ကို​လို​သေး သ​နည်း။ ဘု​ရား​ကို​လွန်​ကျူး၍​ပြော​သော​စ​ကား​ကို ယ​ခု​ပင် သင်​တို့ ကြား​ရ​ပြီ။-


ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​တို့​တွင် အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ ဂါ​လိ​လဲ​ပြည် တစ်​ပြည်​လုံး​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။


ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​များ​ခံ​ရ​သော အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ မြို့​ရွာ​ရှိ​သ​မျှ​တို့​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​ကို မြင်​တော်​မူ​လျှင် သ​နား​ခြင်း​စိတ်​ရှိ​တော်​မူ၏။-


ထို​သို့ အ​တည့်​အ​လင်း ပြ​တော်​မူ​သော​ကြောင့် ပေ​တ​ရု​သည် ကိုယ်​တော်​ကို မိ​မိ​နှင့်​အ​တူ​ခေါ်၍ အ​ပြစ်​တင်​သော​စ​ကား​ကို လျှောက်​သော်၊-


ထို​သို့ ကိုယ်​တော်​သည် နေ့​ရက်​အ​စဉ်​အ​တိုင်း ဗိ​မာန်​တော်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။ ည​အ​ချိန်​ရောက်​လျှင် သံ​လွင်​အ​မည်​ရှိ​သော​တောင်​သို့ သွား၍ ည​ကို လွန်​စေ​တော်​မူ၏။-


လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ၏။


အ​ဘယ်​ကြောင့် ငါ့​ကို​မေး​မြန်း​သ​နည်း၊ ငါ​သည် အ​ဘယ်​သို့ ဟော​ပြော​သည်​ကို ကြား​နာ​သော​သူ​တို့​ကို မေး​မြန်း​လော့။ ငါ​ပြော​သော​စ​ကား​ကို ထို​သူ​တို့​သည် သိ​ကြ၏​ဟု မိန့်​တော်​မူ၏။-


က​ပေ​ရ​နောင်​မြို့​တ​ရား​ဇ​ရပ်၌ ဩ​ဝါ​ဒ​ပေး​စဉ်​တွင် မိန့်​တော်​မူ၏။


ထို​ပွဲ​ကို ခံ​စဉ်​တွင်၊ ယေ​ရှု​သည် ဗိ​မာန်​တော်​သို့​တက်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏၊-


ကြည့်​ပါ။ သူ​သည် ထင်​ရှား​စွာ​ဟော​ပြော၍ အ​ဘယ်​မြစ်​တား​ခြင်း​ကို​မျှ မ​ပြု​ကြ​ပါ​တ​ကား၊ ဤ​သူ​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို မင်း​များ​တို့​သည် အ​မှန်​သိ​ကြ​သ​လော။-


ယေ​ရှု​က​လည်း၊ သင်​တို့​သည် ငါ့​ကို​သိ​ကြ၏။ ငါ​သည် အ​ဘယ်​က ဖြစ်​သည်​ကို​လည်း သိ​ကြ၏။ သို့​သော်​လည်း ငါ​သည် ကိုယ်​အ​လို​အ​လျောက် လာ​သည်​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​သည် သ​စ္စာ​နှင့်​ပြည့်​စုံ​တော်​မူ၏။ ထို​သူ​ကို သင်​တို့​မ​သိ​ကြ။-


ကျော်​စော​ကိ​တ္တိ​ကို အ​လို​ရှိ​သော​သူ​မည်​သည်​ကား မ​ထင်​ရှား​သော​အား​ဖြင့် အ​ဘယ်​အ​မှု​ကို​မျှ မ​ပြု​တတ်။ ဤ​အ​မှု​တို့​ကို သင်​သည်​ပြု​လျှင်၊ ဤ​လော​က၌ ကိုယ်​ကို​ထင်​ရှား​စွာ ပြ​ပါ​ဟု၊-


နံ​နက်​စော​စော​ဗိ​မာန်​တော်​သို့ တစ်​ဖန်​ကြွ​တော်​မူ၍ လူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့ လာ​ကြ၏။ ထို​အ​ခါ ထိုင်​တော်​မူ၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​စဉ်​တွင်၊-


သင်​တို့​အ​မှု၌ ငါ​ပြော​ဆို​စီ​ရင်​စ​ရာ များ​စွာ​ရှိ၏။ သို့​သော်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ၏။ သူ၏​အ​ထံ​တော်၌ ငါ​ကြား​သ​မျှ​ကို​သာ ဤ​လော​က၌ ငါ​ဟော​ပြော​သည်​ဟု မိန့်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ