ရှင်ယောဟန် 6:25 - မြန်မာ အိုင်တစ်ဖက်၌တွေ့လျှင်၊ အရှင်ဘုရား၊ အဘယ်သောအခါ ဤအရပ်သို့ ကြွလာတော်မူသနည်းဟု မေးလျှောက်ကြ၏။- Common Language Bible အိုင်တစ်ဖက်ကမ်းတွင်ကိုယ်တော်ကိုတွေ့ကြသော အခါလူပရိသတ်က ``ဆရာတော်၊ ကိုယ်တော်သည် ဤအရပ်သို့အဘယ်အခါကကြွလာတော်မူ ပါသနည်း'' ဟုမေးလျှောက်ကြ၏။ Garrad Bible အိုင့်တစ်ဘက်တွင်တွေ့ကြသော် ဆရာတော်၊ မည်သည့်အခါရောက်တော်မူပါသနည်းဟု မေးလျှောက်ကြရာ၊ Judson Bible အိုင်တစ်ဖက်၌တွေ့လျှင်၊ အရှင်ဘုရား၊ အဘယ်သောအခါ ဤအရပ်သို့ ကြွလာတော်မူသနည်းဟု မေးလျှောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ပင်လယ်တစ်ဖက်ကမ်းတွင် ကိုယ်တော်ကိုတွေ့ကြသောအခါ သူတို့က “ရဗ္ဗိ၊ ဤအရပ်သို့ မည်သည့်အချိန်က ကြွရောက်တော်မူသနည်း”ဟု မေးလျှောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အိုင်တစ်ဖက်ကမ်းတွင် ယေရှုကို တွေ့ကြသောအခါ သူတို့က “ဆရာတော်… မည်သည့်အချိန်တွင် ဤနေရာသို့ ရောက်တော်မူသနည်း” ဟု မေးလျှောက်ကြ၏။ |
ဈေး၌ ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း၊ အရှင်ဘုရား အရှင်ဘုရားဟု လူများခေါ်ဝေါ်ခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။-
သင်တို့မူကား အရှင်ဘုရားဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈာယ်ဆရာ တစ်ပါးတည်းရှိ၏။ သင်တို့အပေါင်းသည် ညီအစ်ကိုချင်း ဖြစ်ကြ၏။-
မရောက်မီတွင် တပည့်တော်တို့က၊ အရှင်ဘုရား၊ အစာကိုသုံးဆောင်တော်မူပါဟု တောင်းပန်ကြလျှင်၊-