Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 23:7 - မြန်မာ

7 ဈေး၌ ရို​သေ​စွာ နှုတ်​ဆက်​ခြင်း​ကို​လည်း​ကောင်း၊ အ​ရှင်​ဘု​ရား အ​ရှင်​ဘု​ရား​ဟု လူ​များ​ခေါ်​ဝေါ်​ခြင်း​ကို​လည်း​ကောင်း နှစ်​သက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 စျေး​ရပ်​ကွက်​တွင်​အ​လေး​ပြု​ခြင်း​ကို​ခံ​လို ကြ​၏။ ဆ​ရာ​တော်​ဟု​အ​ခေါ်​ခံ​လို​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 စျေး များ တွင် နှုတ် ဆက် ခံ ခြင်း နှင့် ရ ဗ္ဗိ ဟု လူ တို့ ခေါ် ခြင်း ကို လည်း ကောင်း နှစ် သက် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ဈေး၌ ရို​သေ​စွာ နှုတ်​ဆက်​ခြင်း​ကို​လည်း​ကောင်း၊ အ​ရှင်​ဘု​ရား အ​ရှင်​ဘု​ရား​ဟု လူ​များ​ခေါ်​ဝေါ်​ခြင်း​ကို​လည်း​ကောင်း နှစ်​သက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ဈေး​အရပ်​၌ နှုတ်ဆက်​ခံရ​ခြင်း​ကို​လည်းကောင်း၊ သူ​တို့​ကို​ရဗ္ဗိ​ဟု​လူ​တို့​ခေါ်ဝေါ်​ကြ​သည်​ကို​လည်းကောင်း နှစ်သက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 ဈေးအရပ်တို့​တွင် လူတို့​၏​ရိုသေ​စွာ နှုတ်ဆက်ခြင်း​ကို​လည်းကောင်း၊ ဆရာတော်​ဟု ခေါ်ကြခြင်း​ကို​လည်းကောင်း နှစ်သက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 23:7
19 ပူးပေါင်းရင်းမြစ်များ  

ဤ​လူ​မျိုး​ကို အ​ဘယ်​ဥ​ပ​မာ​နှင့် ပုံ​ပြ​ရ​အံ့​နည်း။ ပွဲ​သ​ဘင်၌​ထိုင်​နေ​သော သူ​ငယ်​တို့​သည် မိ​မိ​သူ​ငယ်​ချင်း​တို့​အား အ​သံ​ကို​လွှင့်၍၊-


သင်​တို့​မူ​ကား အ​ရှင်​ဘု​ရား​ဟု ခေါ်​ဝေါ်​ခြင်း​ကို မ​ခံ​ကြ​နှင့်။ ခ​ရစ်​တော်​တည်း​ဟူ​သော သင်​တို့​ဥ​ပ​ဇ္ဈာယ်​ဆ​ရာ တစ်​ပါး​တည်း​ရှိ၏။ သင်​တို့​အ​ပေါင်း​သည် ညီ​အစ်​ကို​ချင်း ဖြစ်​ကြ၏။-


ကိုယ်​တော်​ကို အပ်​နှံ​မည့်​သူ ယု​ဒ​ရှ​ကာ​ရုတ်​က​လည်း၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​လော​ဟု မေး​လျှောက်​လျှင်၊ သင်​ဆို​သည်​အ​တိုင်း မှန်​သည်​ဟု ပြန်​ပြော​တော်​မူ၏။


ကိုယ်​တော်​ရင်း​သို့ ချက်​ချင်း​ချဉ်း​ကပ်၍ အ​ရှင်​ဘု​ရား၊ မင်္ဂ​လာ​ရှိ​ပါ​စေ​သော​ဟု ဆို​လျက် နမ်း​လေ၏။-


ယေ​ရှု​က​လည်း၊ သင်၌ အ​ဘယ်​သို့ ပြု​စေ​လို​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊-


ပေ​တ​ရု​သည် သ​တိ​ရ​လျှင်၊ အ​ရှင်​ဘု​ရား ကြည့်​တော်​မူ​ပါ။ ကျိန်​တော်​မူ​သော သင်္ဘော​သ​ဖန်း​ပင်​သည် သွေ့​ခြောက်​ပါ​ပြီ​တ​ကား​ဟု လျှောက်​လေ၏။-


ထို​သို့ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​စဉ်​တွင် တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ကျမ်း​ပြု​ဆ​ရာ​တို့​ကို ရှောင်​ကြ​လော့။ သူ​တို့​သည် ရှည်​သော​အင်္ကျီ​ကို​ဝတ်​လျက် လည်​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။ ဈေး၌ ရို​သေ​စွာ နှုတ်​ဆက်​ခြင်း​ကို​လည်း​ကောင်း၊-


သူ​သည် ရောက်​လျှင် ကိုယ်​တော်​ရင်း​သို့​ချက်​ချင်း ချဉ်း​ကပ်၍ အ​ရှင်​ဘု​ရား၊ အ​ရှင်​ဘု​ရား​ဟု​ဆို​လျက် နမ်း​လေ၏။-


ထို​အ​ခါ ပေ​တ​ရု​က အ​ရှင်​ဘု​ရား၊ ဤ​အ​ရပ်၌ နေ​ဖွယ်​ကောင်း​ပါ၏။ ကိုယ်​တော်​ဖို့ တဲ​တစ်​ဆောင်၊ မော​ရှေ​ဖို့​တစ်​ဆောင်၊ ဧ​လိ​ယ​ဖို့​တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို အ​ကျွန်ုပ်​တို့ ဆောက်​လုပ်​ပါ​ရ​စေ​ဟု လျှောက်​လေ၏။-


ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ တ​ရား​ဇ​ရပ်၌ မြင့်​မြတ်​သော နေ​ရာ​ထိုင်​ရာ​ကို​လည်း​ကောင်း၊ ဈေး၌​ရို​သေ​စွာ နှုတ်​ဆက်​ခြင်း​ကို​လည်း​ကောင်း နှစ်​သက်​ကြ၏။-


ယေ​ရှု​သည်​လှည့်၍ ထို​သူ​တို့ လိုက်​ကြ​သည်​ကို မြင်​တော်​မူ​လျှင်၊ အ​ဘယ်​အ​လို​ရှိ​သ​နည်း​ဟု မေး​တော်​မူ၏။ ထို​သူ​တို့​က၊ ရ​ဗ္ဗိ၊ ကိုယ်​တော်​သည် အ​ဘယ်​မှာ​နေ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ၏။ ရ​ဗ္ဗိ၊ အ​နက်​ကား၊ အ​ရှင်​ဘု​ရား​ဟု ဆို​လို​သ​တည်း။-


အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ၏၊ ဣ​သ​ရေ​လ​လူ​တို့၏ ရှင်​ဘု​ရင်​လည်း ဖြစ်​တော်​မူ၏​ဟု နာ​သ​နေ​လ​လျှောက်​လေ၏။-


တ​ပည့်​တော်​တို့​က၊ အ​ရှင်​ဘု​ရား၊ ယု​ဒ​လူ​တို့​သည် ယ​ခု​ပင် ကိုယ်​တော်​ကို​ခဲ​နှင့်​ပစ်​ခြင်း​ငှာ ရှာ​ကြံ​လျက်​ပင် ထို​အ​ရပ်​သို့ တစ်​ဖန် ကြွ​တော်​မူ​ဦး​မည်​လော​ဟု လျှောက်​ကြ၏။-


ယေ​ရှု​က​လည်း၊ မာ​ရိ​ဟု​ခေါ်​တော်​မူ​လျှင်၊ မာ​ရိ​သည်​လှည့်၍ ရ​ဗ္ဗု​နိ​ဟု ထူး​လေ၏။ ရ​ဗ္ဗု​နိ​အ​နက်​ကား၊ အ​ရှင်​ဘု​ရား​ဟု ဆို​လို​သ​တည်း။-


ည​အ​ခါ ယေ​ရှု​ထံ​တော်​သို့​လာ၍၊ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည်​ပြ​တော်​မူ​သော ဤ​နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ဘု​ရား​သ​ခင်၏​အ​ခွင့်​မ​ရှိ​လျှင် အ​ဘယ်​သူ​မျှ မ​ပြ​နိုင်​သည်​ကို အ​ကျွန်ုပ်​တို့​သည်​ထောက်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ကြွ​လာ​တော်​မူ​သော ဆ​ရာ​ဖြစ်​ကြောင်း​ကို သိ​ကြ​ပါ၏​ဟု​လျှောက်​သော်၊-


ယော​ဟန်​ထံ​သို့​လာ၍၊ အ​ရှင်​ဘု​ရား၊ ယော်​ဒန်​မြစ်​တစ်​ဖက်၌ ကိုယ်​တော်​နှင့်​တ​ကွ​ရှိ၍၊ ကိုယ်​တော် သက်​သေ​ပေး​သော​သူ​သည် ဗ​တ္တိ​ဇံ​ကို​ပေး​လျက်​နေ၏။ ထို​သူ​ထံ​သို့ လူ​အ​ပေါင်း​တို့​သည် ရောက်​ကြ​ပါ၏​ဟု လျှောက်​လျှင်၊-


မ​ရောက်​မီ​တွင် တ​ပည့်​တော်​တို့​က၊ အ​ရှင်​ဘု​ရား၊ အ​စာ​ကို​သုံး​ဆောင်​တော်​မူ​ပါ​ဟု တောင်း​ပန်​ကြ​လျှင်၊-


အိုင်​တစ်​ဖက်၌​တွေ့​လျှင်၊ အ​ရှင်​ဘု​ရား၊ အ​ဘယ်​သော​အ​ခါ ဤ​အ​ရပ်​သို့ ကြွ​လာ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ၏။-


တ​ပည့်​တော်​တို့​က၊ အ​ရှင်​ဘု​ရား၊ ဤ​သူ​သည် အ​ဘယ်​သူ၏​အ​ပြစ်​ကြောင့် မျက်​စိ​ကန်း​သ​နည်း။ ကိုယ်​အ​ပြစ်​ကြောင့် ကန်း​သ​လော။ မိ​ဘ​အ​ပြစ်​ကြောင့် ကန်း​သ​လော​ဟု မေး​လျှောက်​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ