ပရောဖက်ဟေရှာယ ဟောဖူးသည်ကား၊ တော၌ဟစ်ကျော်သောသူ၏ အသံမှာ၊ ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ ဟူသောအချက်၌ ထိုယောဟန်ကို ဆိုလိုသတည်း။
ရှင်ယောဟန် 3:28 - မြန်မာ ခရစ်တော်ရှေ့၌ စေလွှတ်သောသူဖြစ်သည်ဟု ငါဆိုသည်ကို သင်တို့သည် ငါ၏သက်သေဖြစ်ကြ၏။- Common Language Bible ငါသည်မေရှိယမဟုတ်။ ထိုအရှင်၏ရှေ့တော် ပြေးမျှသာဖြစ်၏။ ယင်းသို့ဖြစ်ကြောင်းသင် တို့အား ငါပြောကြားခဲ့သည်ကိုသင်တို့ ကိုယ်တိုင်ပင်သက်သေဖြစ်ကြ၏။- Garrad Bible ငါသည် ခရစ်တော်မဟုတ်။ ရှေ့တော်ကစေလွှတ်လိုက်သောသူဖြစ်သည်ဟု ငါပြောခဲ့ကြောင်း သင်တို့ကိုယ်တိုင်သက်သေခံဖြစ်ကြ၏။ Judson Bible ခရစ်တော်ရှေ့၌ စေလွှတ်သောသူဖြစ်သည်ဟု ငါဆိုသည်ကို သင်တို့သည် ငါ၏သက်သေဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ‘ငါသည် ခရစ်တော်မဟုတ်။ သူ့ရှေ့၌စေလွှတ်ခြင်းခံရသူသာဖြစ်သည်’ဟု ငါပြောခဲ့ကြောင်း သင်တို့ကိုယ်တိုင် ငါ၏သက်သေများဖြစ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ‘ငါသည် ခရစ်တော်မဟုတ်။ ခရစ်တော်၏ ရှေ့တော်ပြေးသာ ဖြစ်သည်’ ဟု ရှင်းလင်းစွာ ငါပြောသည်ကို သင်တို့သိကြ၏။ |
ပရောဖက်ဟေရှာယ ဟောဖူးသည်ကား၊ တော၌ဟစ်ကျော်သောသူ၏ အသံမှာ၊ ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ ဟူသောအချက်၌ ထိုယောဟန်ကို ဆိုလိုသတည်း။
အချင်းသူငယ်၊ သင်သည်လည်း အမြင့်ဆုံးသောဘုရား၏ ပရောဖက်ဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။-
ယောဟန်ကလည်း၊ ငါသည်ပရောဖက်ဟေရှာယ ဟောပြောသည်နှင့်အညီ၊ ထာဝရဘုရား၏ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ဟု တော၌ ဟစ်ကြော်သောသူ၏အသံဖြစ်သည်ဟု ဆို၏။-
ထိုသူတို့ကလည်း၊ သင်သည် ခရစ်တော်မဟုတ်၊ ဧလိယမဟုတ်၊ ဤမည်သော ပရောဖက်မဟုတ်သည်မှန်လျှင် အဘယ်ကြောင့် ဗတ္တိဇံကိုပေးသနည်းဟု မေးပြန်ကြ၏။-
ထိုသူသည် ငါ့နောက်ကြွလာသော်လည်း ငါ့ထက်သာ၍ကြီးမြတ်၏။ ထိုသူ၏ခြေနင်းတော်ကြိုးကိုမျှ ဖြည်ခြင်းငှာ ငါမထိုက်ဟု ပြန်ပြော၏။-