Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 1:27 - မြန်မာ

27 ထို​သူ​သည် ငါ့​နောက်​ကြွ​လာ​သော်​လည်း ငါ့​ထက်​သာ၍​ကြီး​မြတ်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကြိုး​ကို​မျှ ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်​ဟု ပြန်​ပြော၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27 ထို​အ​ရှင်​သည်​ငါ့​နောက်​ကြွ​လာ​သော်​လည်း ငါ သည်​သူ​၏​ဖိ​နပ်​ကြိုး​ကို​မျှ​မ​ဖြည်​ထိုက်'' ဟု ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 ထို​သူ​သည် ငါ့​နောက်​ကြွ​လာ​သော်​လည်း ငါ့​ထက်​သာ၍​ကြီး​မြတ်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကြိုး​ကို​မျှ ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်​ဟု ပြန်​ပြော၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 ထို​အရှင်​သည် ငါ့​နောက်​တွင်​ကြွလာ​သော​အရှင်​ဖြစ်​၏။ ထို​အရှင်​၏​ခြေနင်း​တော်​ကြိုး​ကို​ဖြေ​ပေး​ရန်​ပင် ငါ​သည် မ​ထိုက်တန်”​ဟု ပြန်​ပြော​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

27 ထို​အရှင်​သည် ငါ့​နောက်တွင် ကြွလာမည့်​အရှင်​ဖြစ်​သော်လည်း ထို​အရှင်​၏ ဖိနပ်ကြိုး​ကို ဖြေ​ရန်​ပင် ငါ​သည် မထိုက်တန်ပါ” ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 1:27
9 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် နောင်​တ​အ​ဖို့​အ​လို​ငှာ သင်​တို့​ကို ရေ​နှင့်​ဗ​တ္တိ​ဇံ​ပေး၏။ ငါ့​နောက် ကြွ​လာ​သော​သူ​သည် ငါ့​ထက် တတ်​စွမ်း​နိုင်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကို​မျှ ဆောင်​ခြင်း​ငှာ ငါ​မ​ထိုက်။ ထို​သူ​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ မီး​နှင့်​လည်း​ကောင်း၊ သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်။


ဟော​ချက်​စ​ကား​ဟူ​မူ​ကား၊ ငါ့​ထက် တတ်​စွမ်း​နိုင်​သော​သူ​သည် ငါ့​နောက်​ကြွ​လာ၏။ ထို​သူ၏ ခြေ​နင်း​တော်​ကြိုး​ကို​မျှ ငုံ့၍​ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်။-


ယော​ဟန်​သည် လူ​အ​ပေါင်း​တို့​အား ပြန်​ပြော​သည်​ကား၊ ငါ​သည် သင်​တို့​အား ရေ၌ ဗ​တ္တိ​ဇံ​ကို​ပေး၏။ ငါ့​ထက်​တတ်​စွမ်း​နိုင်​သော​သူ​သည် ကြွ​လာ​သေး၏။ ထို​သူ၏ ခြေ​နင်း​တော်​ကြိုး​ကို​မျှ ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်။ ထို​သူ​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၌​လည်း​ကောင်း၊ မီး၌​လည်း​ကောင်း သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်။-


ယော​ဟန်​သည် ထို​သ​ခင်၏​အ​ကြောင်း​ကို သက်​သေ​ခံ၍ ကြွေး​ကြော်​သည်​ကား၊ ငါ့​နောက်​ကြွ​လာ​သော​သူ​သည် ငါ​မ​ရှိ​မီ ရှိ​နှင့်​သည်​ဖြစ်၍၊ ငါ့​ထက်​သာ၍ ကြီး​မြတ်​သည်​ဟု ငါ​ဆို​ရာ၌၊ ထို​သူ​ကို​ဆို​လို​သည်​ဟု သက်​သေ​ခံ​လေ၏။-


ငါ​မ​ရှိ​မီ​ရှိ​နှင့်​သည်​ဖြစ်၍၊ ငါ့​ထက်​သာ၍ ကြီး​မြတ်​သော​သူ​သည် ငါ့​နောက်​ကြွ​လာ​သည်​ဟု ငါ​ဆို​ရာ၌၊ ထို​သူ​ကို​ဆို​လို၏။-


လူ​အ​များ​တို့​သည် အ​ထံ​တော်​သို့ ရောက်​လာ​လျှင်၊ ယော​ဟန်​သည် နိ​မိတ်​လ​က္ခ​ဏာ​ကို​မ​ပြ။ သို့​သော်​လည်း ဤ​သူ၏​အ​ကြောင်း​ကို ယော​ဟန်​ပြော​သ​မျှ မှန်​ပေ၏​ဟု ဆို​ကြ​သ​ဖြင့်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ