ထိုသို့ယေရှုသည် ရှေ့ဦးစွာသော ဤနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ပြ၍ မိမိဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ယုံကြည်ကြ၏။
ရှင်ယောဟန် 20:30 - မြန်မာ ဤကျမ်းစာ၌ ရေး၍မထားသော အခြားနိမိတ်လက္ခဏာအများတို့ကိုလည်း ယေရှုသည် တပည့်တော်တို့မျက်မှောက်၌ ပြတော်မူ၏။- Common Language Bible ဤကျမ်းတွင်ရေးမထားသောအခြားများစွာ သောအံ့သြဖွယ်နိမိတ်လက္ခဏာများကိုလည်း သခင်ယေရှုသည်တပည့်တော်တို့ရှေ့မှောက်တွင် ပြတော်မူ၏။- Garrad Bible ဤကျမ်း၌မရေးမတင်သော အခြားနိမိတ်လက္ခဏာအများကို တပည့်တော်တို့မျက်မှောက်တွင် ယေရှုပြတော်မူ၏။ Judson Bible ဤကျမ်းစာ၌ ရေး၍မထားသော အခြားနိမိတ်လက္ခဏာအများတို့ကိုလည်း ယေရှုသည် တပည့်တော်တို့မျက်မှောက်၌ ပြတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ဤကျမ်း၌ရေး၍မထားသော အခြားနိမိတ်လက္ခဏာများစွာတို့ကိုလည်း တပည့်တော်တို့ရှေ့မှောက်တွင် ပြုတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤကျမ်းစာတွင် မရေးထားသောအခြားနိမိတ်လက္ခဏာများစွာကိုလည်း ယေရှုသည် တပည့်တော်တို့ရှေ့တွင် ပြုတော်မူ၏။ |
ထိုသို့ယေရှုသည် ရှေ့ဦးစွာသော ဤနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ပြ၍ မိမိဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ယုံကြည်ကြ၏။
သူ၏သက်သေခံချက် မှန်သည်ကို ငါတို့သိကြ၏။ ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။ ရှင်ယောဟန်ခရစ်ဝင်ပြီး၏။
အနာရောဂါစွဲသောသူတို့၌ ပြတော်မူသော နိမိတ်လက္ခဏာတို့ကို လူအစုအဝေးအပေါင်းတို့သည် မြင်ကြသဖြင့် နောက်တော်သို့ လိုက်ကြ၏။-