ရှင်ယောဟန် 20:31 - မြန်မာ31 ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ကို သင်တို့သည် ယုံမည်အကြောင်း၊ ထိုသို့ယုံ၍ နာမတော်အားဖြင့် အသက်ကိုရမည်အကြောင်း၊ ဤမျှလောက် ရေးထားလျက် ရှိသတည်း။ အခန်းကိုကြည့်ပါ။Common Language Bible31 သို့ရာတွင်သခင်ယေရှုသည်ဘုရားသခင်၏ သားတော်မေရှိယအရှင်ဖြစ်တော်မူကြောင်း သင်တို့ယုံကြည်ကြစေရန်လည်းကောင်း၊ ယင်း သို့ယုံကြည်ခြင်းအားဖြင့်ကိုယ်တော်၏နာမ တော်ကိုအမှီပြု၍အသက်ကိုရနိုင်ကြစေ ရန်လည်းကောင်းဤကျမ်းကိုရေးသားပြုစု သတည်း။ အခန်းကိုကြည့်ပါ။Garrad Bible31 ရေးတင်သောနိမိတ်လက္ခဏာများကိုကား ယေရှုသည် ဘုရားသခင့်သားတော်တည်းဟူသော ခရစ်တော်ဖြစ်ကြောင်း သင်တို့ယုံကြည်၍ နာမတော်ကြောင့်အသက်ကိုရကြစေရန် ရေးတင်ခဲ့သတည်း။ အခန်းကိုကြည့်ပါ။Judson Bible31 ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ကို သင်တို့သည် ယုံမည်အကြောင်း၊ ထိုသို့ယုံ၍ နာမတော်အားဖြင့် အသက်ကိုရမည်အကြောင်း၊ ဤမျှလောက် ရေးထားလျက် ရှိသတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း31 သို့သော် ယေရှုသည် ဘုရားသခင်၏သားတော် ခရစ်တော်ဖြစ်ကြောင်းကို သင်တို့ယုံကြည်ကြရန်နှင့် ထိုသို့ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏နာမတော်၌ အသက်ကိုရရှိကြရန် ဤအရာများကိုရေးထားခြင်းဖြစ်၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း31 သို့သော် ယေရှုသည် ဘုရားသခင်၏ သားတော် ခရစ်တော်ဖြစ်ကြောင်း သင်တို့ယုံကြည်ကြစေရန်နှင့် ထိုသို့ ယုံကြည်၍ နာမတော်၏တန်ခိုးအားဖြင့် အသက်ကို ရရှိကြစေရန် ဤကျမ်းစာကို ရေးသားရခြင်းဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ကောင်းကင်တမန်ကလည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာ သက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား၏ တန်ခိုးအာနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။