Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 6:2 - မြန်မာ

2 အ​နာ​ရော​ဂါ​စွဲ​သော​သူ​တို့၌ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် မြင်​ကြ​သ​ဖြင့် နောက်​တော်​သို့ လိုက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 သူ​နာ​များ​အား​ရော​ဂါ​ပျောက်​ကင်း​စေ​တော် မူ​သည်​ကို​တွေ့​မြင်​ခဲ့​ကြ​သ​ဖြင့် လူ​ပ​ရိ​သတ် ကြီး​သည်​နောက်​တော်​သို့​လိုက်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 သူနာတို့တွင်ပြတော်မူသော နိမိတ်လက္ခဏာများကိုမြင်ခဲ့သောကြောင့် ကြီးစွာသောလူပရိသတ်သည် နောက်တော်သို့လိုက်သွားကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 အ​နာ​ရော​ဂါ​စွဲ​သော​သူ​တို့၌ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် မြင်​ကြ​သ​ဖြင့် နောက်​တော်​သို့ လိုက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 များစွာ​သော​လူထု​ပရိသတ်​တို့​သည်​လည်း နာမကျန်း​ဖြစ်​သူ​တို့​အပေါ်၌ ပြု​တော်မူ​သော​နိမိတ်​လက္ခဏာ​များ​ကို​မြင်​၍ နောက်​တော်​သို့​လိုက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 လူအုပ်ကြီး​သည် ဖျားနာသော​သူများ​အပေါ် ယေရှု​ပြုတော်မူသော နိမိတ်​လက္ခဏာများ​ကို တွေ့မြင်ခဲ့ကြ​သဖြင့် နောက်တော်​သို့ လိုက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 6:2
19 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​သည် သိ​တော်​မူ​လျှင်၊ အ​ခြား​သို့​ပြောင်း​ကြွ၍ များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့ လိုက်​ကြ​သ​ဖြင့်၊ သူ​တို့၏ အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို ငြိမ်း​စေ​တော်​မူ၏။-


များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​ဝန်း​ရံ၍ စု​ဝေး​လျက်​ရှိ​ကြ​သော​ကြောင့်၊ လှေ​ထဲ​သို့​ဝင်၍ ထိုင်​တော်​မူ၏။ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ကုန်း​ပေါ်​မှာ ရပ်​နေ​ကြ၏။-


ယေ​ရှု​သည် ထွက်​ကြွ၍ လူ​များ​အ​ပေါင်း​တို့​ကို တွေ့​မြင်​တော်​မူ​လျှင်၊ သ​နား​ခြင်း​စိတ်​တော်​ရှိ၍ လူ​နာ​ရှိ​သ​မျှ​တို့​ကို ချမ်း​သာ​ပေး​တော်​မူ၏။


ကိုယ်​တော်​သည် တောင်​ပေါ်​မှ​ဆင်း​ကြွ​တော်​မူ​လျှင်၊ များ​စွာ​သော​လူ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့ လိုက်​ကြ၏။-


ထို​သူ​သည် ထွက်​သွား၍ စ​ကား​များ​သော​အား​ဖြင့် ထို​အ​ကြောင်း​ကို အ​နှံ့​အ​ပြား ကျော်​စော​စေ၏။ ထို​ကြောင့် ကိုယ်​တော်​သည် နောက်​တစ်​ဖန် မြို့​ထဲ​သို့ ထင်​ရှား​စွာ​မ​ဝင်​ရ​ဘဲ၊ မြို့​ပြင်​တော​အ​ရပ်၌​သာ နေ​တော်​မူ၍ အ​ရပ်​ရပ်​တို့​မှ အ​ထံ​တော်​သို့ ရောက်​လာ​ကြ၏။


သွား​ကြ​သည်​ကို လူ​များ​တို့​သည်​မြင်၍ ကိုယ်​တော်​ဖြစ်​သည်​ကို သိ​လျှင်၊ အ​မြို့​မြို့​အ​ရွာ​ရွာ​တို့​မှ ထွက်၍ ထို​အ​ရပ်​သို့ ကုန်း​ကြောင်း​ပြေး​သွား​သ​ဖြင့်၊ တ​မန်​တော်​တို့​အ​ရင်​ရောက်၍ အ​ထံ​တော်၌ စု​ဝေး​ကြ၏။-


ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် ဖာ​ရိ​ရှဲ​များ​သည် လွှတ်​အ​ရာ​ရှိ​တို့​ကို စည်း​ဝေး​စေ​ပြီး​လျှင်၊ ငါ​တို့​သည် အ​ဘယ်​သို့​ပြု​လျက် နေ​ကြ​သ​နည်း။ ထို​သူ​သည် များ​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​ကို​ပြ၏။-


ထို​နိ​မိတ်​လ​က္ခ​ဏာ​ကို​ပြ​တော်​မူ​သည်​ဟု လူ​များ​တို့​သည် သ​တင်း​ကြား​သော​ကြောင့်၊ ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​သွား​ကြ၏။-


ထို​မျှ​လောက်​ကြီး​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို သူ​တို့​မျက်​မှောက်၌ ပြ​တော်​မူ​သော်​လည်း သူ​တို့​သည် ယုံ​ကြည်​ခြင်း​သို့ မ​ရောက်​ကြ။-


ထို​သို့​ယေ​ရှု​သည် ရှေ့​ဦး​စွာ​သော ဤ​နိ​မိတ်​လ​က္ခ​ဏာ​ကို ဂါ​လိ​လဲ​ပြည်၊ ကာ​န​မြို့၌​ပြ၍ မိ​မိ​ဘုန်း​တော်​ကို ထင်​ရှား​စေ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည်​လည်း ယုံ​ကြည်​ကြ၏။


ပ​သ​ခါ​ပွဲ​အ​တွင်း​တွင် ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့၌​ရှိ၍၊ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို များ​စွာ​သော​သူ​တို့​သည် မြင်​ရ​သ​ဖြင့် ကိုယ်​တော်​ကို ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။-


ဤ​ကျမ်း​စာ၌ ရေး၍​မ​ထား​သော အ​ခြား​နိ​မိတ်​လ​က္ခ​ဏာ​အ​များ​တို့​ကို​လည်း ယေ​ရှု​သည် တ​ပည့်​တော်​တို့​မျက်​မှောက်၌ ပြ​တော်​မူ၏။-


ည​အ​ခါ ယေ​ရှု​ထံ​တော်​သို့​လာ၍၊ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည်​ပြ​တော်​မူ​သော ဤ​နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ဘု​ရား​သ​ခင်၏​အ​ခွင့်​မ​ရှိ​လျှင် အ​ဘယ်​သူ​မျှ မ​ပြ​နိုင်​သည်​ကို အ​ကျွန်ုပ်​တို့​သည်​ထောက်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ကြွ​လာ​တော်​မူ​သော ဆ​ရာ​ဖြစ်​ကြောင်း​ကို သိ​ကြ​ပါ၏​ဟု​လျှောက်​သော်၊-


ထို​သို့​ယေ​ရှု​ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ထို​လူ​များ​တို့​သည်​မြင်​လျှင်၊ ဤ​သူ​ကား ဤ​လော​က​သို့ ကြွ​လာ​ရ​သော ပ​ရော​ဖက်​အ​မှန်​ဖြစ်​သည်​ဟု ဆို​ကြ၏။-


အိုင်​တစ်​ဖက်၌​နေ​သော လူ​အ​စု​အ​ဝေး​တို့​သည်​ကား၊-


ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို မြင်​သော​ကြောင့် ငါ့​ကို​ရှာ​သည်​မ​ဟုတ်။-


ထို​သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​မျက်​စိ​နှင့်​မြင်၍ ကိုယ်​တော်​ကို​ယုံ​ကြည်​မည်​အ​ကြောင်း အ​ဘယ်​နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​သ​နည်း။ အ​ဘယ်​အ​မှု​ကို ပြု​တော်​မူ​သ​နည်း။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ