ယေရှုသည် ထိုသူတို့၏စိတ်ကို သိမြင်တော်မူလျှင်၊ သင်တို့သည် အဘယ်ကြောင့် ငြူစူသောစိတ် ရှိကြသနည်း။-
ရှင်ယောဟန် 2:25 - မြန်မာ လူ၏အထဲ၌ရှိသမျှကို သိတော်မူသောကြောင့်၊ လူ၏အကြောင်းကို သက်သေခံစေခြင်းငှာ အဘယ်သူကိုမျှ အလိုတော်မရှိ။ Common Language Bible ကိုယ်တော်သည်လူ၏စိတ်နှလုံးအကြံအစည် ကိုသိတော်မူသောကြောင့် ကိုယ်တော်အားလူ့ အကြောင်းကိုအဘယ်သူမျှပြောရန်မလို။ Judson Bible လူ၏အထဲ၌ရှိသမျှကို သိတော်မူသောကြောင့်၊ လူ၏အကြောင်းကို သက်သေခံစေခြင်းငှာ အဘယ်သူကိုမျှ အလိုတော်မရှိ။ မြန်မာ့စံမီသမ္မာကျမ်း လူ၏စိတ်ထဲ၌ရှိသောအရာကိုသိတော်မူသောကြောင့် လူ၏အကြောင်းကို မည်သူကမျှ သက်သေခံပေးရန်မလိုအပ်ပေ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ လူ့အတွင်းသဘောကို သိတော်မူသောကြောင့် ကိုယ်တော်အား လူ့အကြောင်းကို မည်သူကမျှ ပြောပြရန် မလိုပေ။ |
ယေရှုသည် ထိုသူတို့၏စိတ်ကို သိမြင်တော်မူလျှင်၊ သင်တို့သည် အဘယ်ကြောင့် ငြူစူသောစိတ် ရှိကြသနည်း။-
သူ့ကို ယေရှုထံသို့ ပို့ဆောင်လေ၏။ မေရှိယအနက်ကား ခရစ်တော်ဟုဆိုလိုသတည်း။ ယေရှုသည် ထိုသူကိုကြည့်ရှု၍၊ သင်သည် ယောန၏သားရှိမုန်ဖြစ်၏။ ကေဖအမည်သစ်ကို ရလတ္တံ့ဟု မိန့်တော်မူ၏၊ ကေဖအနက်ကား ပေတရုဟု ဆိုလိုသတည်း။
နာသနေလလာသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ လှည့်စားခြင်းအပြစ်နှင့် ကင်းလွတ်သော ဣသရေလလူစစ်ကို ကြည့်လော့ဟု ထိုသူကိုအမှတ်ပြု၍ မိန့်တော်မူ၏။-
ကိုယ်တော်ကို အပ်နှံမည့်သူကို သိတော်မူသောကြောင့်၊ သင်တို့တွင် တချို့မစင်ကြယ်ဟု မိန့်တော်မူသတည်း။
ထိုသို့ တပည့်တော်တို့ ကဲ့ရဲ့ပြစ်တင်သည်ကို ယေရှုသည် အလိုအလျောက်သိတော်မူလျှင်၊ ဤတရားစကားကြောင့် သင်တို့သည် စိတ်ပျက်ကြသလော။-