ကျောက်၌ ထွင်းသော မိမိသင်္ချိုင်းတွင်းသစ်ထဲမှာ ထားလေ၏။ ကြီးစွာသော ကျောက်ကိုလည်း တွင်းဝ၌ လှိမ့်ထားပြီးမှ သွား၏။-
ရှင်ယောဟန် 19:41 - မြန်မာ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်တွင် ဥယျာဉ်ရှိ၏။ ထိုဥယျာဉ်၌ တစ်ယောက်ကိုမျှ မသင်္ဂြိုဟ်ဖူးသော သင်္ချိုင်းတွင်းသစ်ရှိ၏။- Common Language Bible ကိုယ်တော်ကိုလက်ဝါးကပ်တိုင်တွင်တင်၍သတ် သည့်အရပ်၌ဥယျာဉ်တစ်ခုရှိ၏။ ထိုဥယျာဉ် တွင်မည်သူကိုမျှမသင်္ဂြိုဟ်ဘူးသေးသည့် သင်္ချိုင်းဂူတစ်ခုရှိ၏။- Garrad Bible ကိုယ်တော်ကို ကားတင်ရာအရပ်ရှိဥယျာဉ်တွင် မည်သူ့ကိုမျှမသင်္ဂြိုဟ်ဘူးသောသင်္ချိုင်းဂူသစ်တစ်ခုရှိသဖြင့် ထိုသင်္ချိုင်းဂူနီး၍၊ Judson Bible လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်တွင် ဥယျာဉ်ရှိ၏။ ထိုဥယျာဉ်၌ တစ်ယောက်ကိုမျှ မသင်္ဂြိုဟ်ဖူးသော သင်္ချိုင်းတွင်းသစ်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံတော်မူသောအရပ်တွင် ဥယျာဉ်တစ်ခုရှိ၍ ထိုဥယျာဉ်၌ မည်သူ့ကိုမျှ မသင်္ဂြိုဟ်ဖူးသေးသော သင်္ချိုင်းဂူသစ်တစ်ခုရှိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုကို လက်ဝါးကပ်တိုင်တွင် သတ်သောနေရာ၌ ဥယျာဉ်တစ်ခု ရှိ၏။ ထိုဥယျာဉ်၌ မည်သူ့ကိုမျှ မသင်္ဂြိုဟ်ဖူးသေးသော သင်္ချိုင်းဂူသစ်တစ်ခုရှိ၏။ |
ကျောက်၌ ထွင်းသော မိမိသင်္ချိုင်းတွင်းသစ်ထဲမှာ ထားလေ၏။ ကြီးစွာသော ကျောက်ကိုလည်း တွင်းဝ၌ လှိမ့်ထားပြီးမှ သွား၏။-
အလောင်းတော်ကို ချ၍ ပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင်၊ တစ်ယောက်ကိုမျှ မသင်္ဂြိုဟ်ဖူးသော ကျောက်သင်္ချိုင်းတွင်း၌ ထားလေ၏။-
ယုဒလူတို့၏ အဖိတ်နေ့ဖြစ်သောကြောင့်၊ အနီးအပါးတွင်ရှိသော ထိုသင်္ချိုင်းတွင်း၌ အလောင်းတော်ကိုထားကြ၏။
ယေရှုကလည်း၊ အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်း။ အဘယ်သူကို ရှာသနည်းဟု မေးတော်မူ၏။ မာရိက၊ သင်သည်သူ့ကို ဆောင်သွားသည်မှန်လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ ကျွန်မ ယူသွားပါမည်အရှင်ဟု၊ ထိုသူကို ဥယျာဉ်စောင့်ဖြစ်သည်ဟု ထင်မှတ်လျက်ဆို၏။-