ယခုပင် ငါ့အဘကို ငါတောင်းနိုင်သည်ကိုလည်းကောင်း၊ တောင်းလျှင် ကောင်းကင်တမန်တစ်ဆယ်နှစ်တပ်မက ငါ့ထံသို့ စေလွှတ်တော်မူမည်ကိုလည်းကောင်း၊ သင်သည်မထင်သလော။-
ရှင်ယောဟန် 18:36 - မြန်မာ ယေရှုက၊ ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်။ ငါ၏နိုင်ငံသည် ဤလောကနှင့် စပ်ဆိုင်လျှင်၊ ငါသည် ယုဒလူတို့လက်သို့ မရောက်စေခြင်းငှာ၊ ငါ၏လူတို့သည် တိုက်လှန်ကြလိမ့်မည်။ ယခုမူကား ငါ၏နိုင်ငံသည် ဤဒေသအရပ်နှင့် မစပ်ဆိုင်ဟု မိန့်တော်မူ၏။- Common Language Bible သခင်ယေရှုက ``ငါ့နိုင်ငံသည်ဤလောကနှင့် မသက်ဆိုင်။ အကယ်၍ငါ့နိုင်ငံသည်ဤလောက နှင့်သက်ဆိုင်ပါမူ ငါသည်ယုဒအမျိုးသားတို့ လက်သို့မရောက်ရအောင်ငါ၏တပည့်တို့သည် တိုက်ခိုက်ကြမည်။ အမှန်စင်စစ်ငါ၏နိုင်ငံသည် ဤလောကနှင့်မသက်ဆိုင်'' ဟုမိန့်တော်မူ၏။ Garrad Bible ယေရှုက ငါ့နိုင်ငံသည်ဤလောကနှင့်မစပ်ဆိုင်၊ စပ်ဆိုင်ခဲ့မူငါသည်ယုဒလူမျိုးတို့ လက်သို့မရောက်စေခြင်းငှါ ငါ့ဘက်သားတို့တိုက်လှန်ကြလေပြီ။ ငါ့နိုင်ငံကား ဤမှာမဟုတ်ဟုမိန့်တော်မူ၏။ Judson Bible ယေရှုက၊ ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်။ ငါ၏နိုင်ငံသည် ဤလောကနှင့် စပ်ဆိုင်လျှင်၊ ငါသည် ယုဒလူတို့လက်သို့ မရောက်စေခြင်းငှာ၊ ငါ၏လူတို့သည် တိုက်လှန်ကြလိမ့်မည်။ ယခုမူကား ငါ၏နိုင်ငံသည် ဤဒေသအရပ်နှင့် မစပ်ဆိုင်ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုက“ငါ့နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်။ ငါ့နိုင်ငံသည် ဤလောကနှင့်စပ်ဆိုင်ခဲ့လျှင် ငါသည် ဂျူးလူမျိုးတို့လက်သို့ အပ်နှံခြင်းမခံရရန် ငါ့လူတို့သည် တိုက်ခိုက်ခဲ့ကြပေလိမ့်မည်။ သို့သော် ယခုတွင် ငါ့နိုင်ငံသည် ဤနေရာမှဖြစ်တည်သည်မဟုတ်”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ငါ့နိုင်ငံသည် လောကီနိုင်ငံမဟုတ်။ ဟုတ်လျှင် ဂျူးခေါင်းဆောင်များ၏ဖမ်းဆီးခြင်းကို ငါမခံရစေရန် ငါ့တပည့်တို့က တိုက်ခိုက်ကြလိမ့်မည်။ သို့ရာတွင် ငါ့နိုင်ငံသည် ဤကမ္ဘာလောကမှ မဟုတ်” ဟု မိန့်တော်မူ၏။ |
ယခုပင် ငါ့အဘကို ငါတောင်းနိုင်သည်ကိုလည်းကောင်း၊ တောင်းလျှင် ကောင်းကင်တမန်တစ်ဆယ်နှစ်တပ်မက ငါ့ထံသို့ စေလွှတ်တော်မူမည်ကိုလည်းကောင်း၊ သင်သည်မထင်သလော။-
ကိုယ်တော်က အချင်းလူ၊ အဘယ်သူသည် သင်တို့အမှုကို စီရင်ခွဲဝေပိုင်သောအခွင့်ကို ငါ့အား အပ်ပေးသနည်းဟု မေးတော်မူ၏။-
ပိလတ်မင်းက၊ ငါသည်ယုဒလူဖြစ်သလော။ သင်၏လူမျိုးနှင့်တကွ ယဇ်ပုရောဟိတ်အကြီးတို့သည် သင့်ကိုငါ၌အပ်ကြပြီ။ သင်သည် အဘယ်သို့ပြုမိသနည်းဟု မေးလျှင်၊-
ထိုသူတို့သည် ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှာလာ၍ အနိုင်အထက်ပြုကြမည်အကြောင်းကို ယေရှုသည်သိတော်မူလျှင်၊ တောင်ပေါ်သို့ တစ်ယောက်တည်းကြွတော်မူပြန်၏။
သင်တို့သည် ဇာတိပကတိအတိုင်း စီရင်တတ်ကြ၏။ ငါမူကား အဘယ်သူကိုမျှမစီရင်။-