Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 18:37 - မြန်မာ

37 ပိ​လတ်​မင်း​က​လည်း၊ သို့​ဖြစ်​လျှင် သင်​သည် ရှင်​ဘု​ရင်​မှန်​သ​လော​ဟု မေး​သော်၊ ယေ​ရှု​က၊ မင်း​ကြီး​မေး​သည်​အ​တိုင်း ငါ​သည်​ရှင်​ဘု​ရင်​မှန်၏။ သ​မ္မာ​တ​ရား​ဘက်၌ သက်​သေ​ခံ​ခြင်း​ငှာ ငါ​သည်​မွေး​ဖွား​ခြင်း​ကို​ခံ၍ ဤ​လော​က​သို့​ကြွ​လာ​ပြီ။ သ​မ္မာ​တ​ရား​နှင့်​စပ်​ဆိုင်​သ​မျှ​သော သူ​တို့​သည် ငါ့​စ​ကား​ကို​နား​ထောင်​ကြ​သည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

37 ပိ​လတ်​မင်း​က ``သို့​ဖြစ်​လျှင်​သင်​သည်​ရှင် ဘု​ရင်​လော'' ဟု​မေး​၏။ သ​ခင်​ယေ​ရှု​က ``ငါ​သည်​သင်​ဆို​သည့်​အ​တိုင်း ရှင်​ဘု​ရင်​ဖြစ်​၏။ ငါ​သည်​သမ္မာ​တ​ရား​ကို​ဟော ပြော​ခြင်း​ငှာ​မွေး​ဖွား​ခြင်း​ကို​ခံ​၍​ဤ​လော​က သို့​ကြွ​လာ​၏။ သမ္မာ​တ​ရား​နှင့်​သက်​ဆိုင်​သူ​မှန် သ​မျှ​သည် ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​သည်'' ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

37 သို့ဖြစ်လျှင် သင်သည်ဘုရင်မင်းလောဟု ပိလတ်မင်းမေးသည့်ကာလ ယေရှုက ငါသည် သင်ဆိုသည့်အတိုင်းဘုရင်မင်းတည်း။ ငါသည် သမ္မာတရားဘက်၌သက်သေခံရန်၊ ထိုသို့သောအဖြစ်ဖြင့်ဖွားမြင်ခြင်းကိုခံ၍ ဤလောကသို့ရောက်လာ၏။ သမ္မာတရားနှင့်စပ်ဆိုင်သူတိုင်း၊ ငါ့စကားကိုနာယူတတ်သည်ဟု ပြန်၍မိန့်တော်မူရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

37 ပိ​လတ်​မင်း​က​လည်း၊ သို့​ဖြစ်​လျှင် သင်​သည် ရှင်​ဘု​ရင်​မှန်​သ​လော​ဟု မေး​သော်၊ ယေ​ရှု​က၊ မင်း​ကြီး​မေး​သည်​အ​တိုင်း ငါ​သည်​ရှင်​ဘု​ရင်​မှန်၏။ သ​မ္မာ​တ​ရား​ဘက်၌ သက်​သေ​ခံ​ခြင်း​ငှာ ငါ​သည်​မွေး​ဖွား​ခြင်း​ကို​ခံ၍ ဤ​လော​က​သို့​ကြွ​လာ​ပြီ။ သ​မ္မာ​တ​ရား​နှင့်​စပ်​ဆိုင်​သ​မျှ​သော သူ​တို့​သည် ငါ့​စ​ကား​ကို​နား​ထောင်​ကြ​သည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

37 ထို့ကြောင့် ပိလတ်​မင်း​က “သို့ဖြစ်လျှင် သင်​သည် ဘုရင်​ပေ​လော”​ဟု ဆို​လျှင် ယေရှု​က“သင်​ဆို​သည့်​အတိုင်း ငါ​သည်​ဘုရင်​ပေ​တည်း။ ငါ​သည် သမ္မာတရား​ဘက်​၌​သက်သေခံ​ရန် မွေးဖွား​ခြင်း​ကို​ခံ​၍ ထို​အတွက်​ပင် ဤ​လောက​သို့​ကြွလာ​၏။ သမ္မာတရား​နှင့်​စပ်ဆိုင်​သော​သူ​တိုင်း ငါ့​အသံ​ကို​နားထောင်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

37 ပိလတ်မင်း​က “ဤသို့ ဆို​လျှင် သင်​သည် ရှင်ဘုရင်လော” ဟု မေး​လျှင် ယေရှု​က “သင်​ဆိုသည့်​အတိုင်း ငါ​သည် ရှင်ဘုရင်​ဖြစ်၏။ ငါ​သည် သမ္မာတရား​ကို သက်သေခံ​ရန် မွေးဖွားခြင်း​ကို​ခံ​၍ ထို​အတွက်​ပင် ဤ​လောက​သို့ လာ၏။ သမ္မာတရား​ကို ချစ်မြတ်နိုးသူ​တိုင်း​သည် ငါ့​စကား​မှန်ကန်ကြောင်း​ကို သိကြ၏” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 18:37
26 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​က၊ သင်​ဆို​သည်​အ​တိုင်း မှန်၏။ ထို​မျှ​မ​က ငါ​ဆို​သည်​ကား၊ နောင်​ကာ​လ၌ လူ​သား​သည် တန်​ခိုး​တော်၏ လက်​ယာ​ဘက်၌​ထိုင်​လျက် မိုး​တိမ်​ကို​စီး၍ ကြွ​လာ​သည်​ကို သင်​တို့ မြင်​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။-


ယေ​ရှု​သည် မြို့​ဝန်​မင်း​ရှေ့​သို့ ရောက်​တော်​မူ​သည်​ရှိ​သော် မြို့​ဝန်​မင်း​က၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် မှန်​သ​လော​ဟု မေး​လျှင်၊ ယေ​ရှု​က၊ မင်း​ကြီး​မေး​သည်​အ​တိုင်း မှန်​သည်​ဟု မိန့်​တော်​မူ၏။-


ယေ​ရှု​က၊ မှန်၏။ နောင်​ကာ​လ၌ လူ​သား​သည် တန်​ခိုး​တော်၏​လက်​ယာ​ဘက်၌ ထိုင်​လျက်၊ မိုး​တိမ်​ကို စီး၍ ကြွ​လာ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။-


ပိ​လတ်​မင်း​က၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် မှန်​သ​လော​ဟု ကိုယ်​တော်​ကို​မေး​လျှင်၊ မင်း​ကြီး​မေး​သည်​အ​တိုင်း မှန်​သည်​ဟု မိန့်​တော်​မူ၏။-


ထို​သူ​အ​ပေါင်း​တို့​က၊ သို့​ဖြစ်၍ သင်​သည် ဘု​ရား​သ​ခင်၏ သား​တော်​မှန်​သည်​တ​ကား​ဟု ဆို​ကြ​လျှင်၊ သင်​တို့​ဆို​သည်​အ​တိုင်း​မှန်​သည်​ဟု မိန့်​တော်​မူ၏။-


ပိ​လတ်​မင်း​က၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင်​မှန်​သ​လော​ဟု ယေ​ရှု​ကို​မေး​လျှင်၊ မင်း​ကြီး​မေး​သည်​အ​တိုင်း မှန်​သည်​ဟု မိန့်​တော်​မူ၏။-


နှုတ်​က​ပတ်​တော်​သည်​လည်း လူ​ဇာ​တိ​အ​ဖြစ်​ကို​ခံ​ယူ၍၊ ကျေး​ဇူး​တော်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​လျက် ငါ​တို့​တွင် တည်​နေ​တော်​မူ​သည်​ဖြစ်၍၊ ခ​မည်း​တော်၌ တစ်​ပါး​တည်း​သော​သား​တော်၏ ဘုန်း​ကဲ့​သို့ သူ၏​ဘုန်း​တော်​ကို ငါ​တို့​သည် မြင်​ရ​ကြ​ပြီ။-


အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​တော်​ကို မော​ရှေ​လက်​တွင် ပေး​တော်​မူ၏။ ကျေး​ဇူး​တ​ရား​နှင့် သ​စ္စာ​တ​ရား​မူ​ကား ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဖြစ်​သ​တည်း။-


ယေ​ရှု​က၊ ငါ​သည် လမ်း​ခ​ရီး​ဖြစ်၏။ သ​မ္မာ​တ​ရား​လည်း​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။ ငါ့​ကို အ​မှီ​မ​ပြု​လျှင် အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ထံ​သို့​မ​ရောက်​ရ။-


မြင်​သ​မျှ​ကြား​သ​မျှ​တို့​ကို​လည်း သက်​သေ​ခံ​တော်​မူ၏။ ထို​သက်​သေ​ခံ​ချက်​ကို အ​ဘယ်​သူ​မျှ​မ​ခံ​မ​ယူ၊-


ထို​သူ၏​အ​လို​တော်​သို့ လိုက်​ချင်​သော​သူ​မည်​သည်​ကား၊ ဤ​ဒေ​သ​နာ​သည် ဘု​ရား​သ​ခင်၏ ဒေ​သ​နာ​တော်​ဖြစ်​သ​လော၊ ငါ​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သ​လော​ဟု ပိုင်း​ခြား၍​သိ​လိမ့်​မည်။-


ယေ​ရှု​က​လည်း၊ ငါ​သည် ကိုယ်​အ​ကြောင်း​ကို သက်​သေ​ခံ​သော်​လည်း၊ ငါ့​သက်​သေ​တည်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် အ​ဘယ်​အ​ရပ်​က လာ​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​အ​ရပ်​သို့ သွား​သည်​ကို​လည်း​ကောင်း ငါ​သိ၏။ သင်​တို့​မူ​ကား မ​သိ​ကြ။-


ငါ​သည်​သ​စ္စာ​စ​ကား​ကို ပြော​သော​ကြောင့် သင်​တို့​မ​ယုံ​ကြ။-


ငါ၌ အ​ပြစ်​ရှိ​ကြောင်း​ကို သင်​တို့​တွင် အ​ဘယ်​သူ​ဖော်​ပြ​သ​နည်း။ သ​စ္စာ​စ​ကား​ကို​ငါ​ပြော​သည်​မှန်​လျှင် အ​ဘယ်​ကြောင့်​သင်​တို့ မ​ယုံ​ကြ​သ​နည်း။-


ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​သော​သူ​သည် ဘု​ရား​သ​ခင်၏​စ​ကား​တော်​ကို နား​ထောင်​တတ်၏။ သင်​တို့​သည် ဘု​ရား​သ​ခင်​နှင့်​မ​စပ်​ဆိုင်​သော​ကြောင့် နား​မ​ထောင်​ကြ​ဟု မိန့်​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ