လူသားသည် ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်သို့ ရောက်လိမ့်မည်။ ထိုသူတို့သည် သေပြစ်ကို စီရင်၍ တစ်ပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည်။-
ရှင်ယောဟန် 18:30 - မြန်မာ ဤသူသည် လူဆိုးမဟုတ်လျှင် အကျွန်ုပ်တို့သည် ကိုယ်တော်၌မအပ်ပါဟု လျှောက်ကြ၏။- Common Language Bible ထိုသူတို့က ``ဤသူသည်ပြစ်မှုတစ်စုံတစ်ရာ ကူးလွန်သူမဟုတ်ပါက သူ့အားအရှင့်ထံသို့ အကျွန်ုပ်တို့ခေါ်ဆောင်လာမည်မဟုတ်ပါ'' ဟု လျှောက်ကြ၏။ Garrad Bible ထိုသူသည် ဆိုးသွမ်းမှုမပြုလျှင် မင်းကြီးထံကျွန်တော်တို့ပို့အပ်မည်မဟုတ်ပါဟု ပြန်လျှောက်ကြ၏။ Judson Bible ဤသူသည် လူဆိုးမဟုတ်လျှင် အကျွန်ုပ်တို့သည် ကိုယ်တော်၌မအပ်ပါဟု လျှောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့ကလည်း “ဤသူသည် အပြစ်ကျူးလွန်သူမဟုတ်လျှင် သူ့ကို အရှင့်ထံသို့ အပ်နှံကြမည်မဟုတ်ပါ”ဟု ပြန်၍လျှောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့က “ဤသူသည် ရာဇဝတ်သားမဟုတ်လျှင် သူ့ကို အရှင့်ထံ အကျွန်ုပ်တို့ခေါ်ဆောင်လာမည်မဟုတ်ပါ” ဟု လျှောက်ကြ၏။ |
လူသားသည် ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်သို့ ရောက်လိမ့်မည်။ ထိုသူတို့သည် သေပြစ်ကို စီရင်၍ တစ်ပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည်။-
လူသားသည် ဆိုးသောသူတို့လက်သို့ အပ်နှံခြင်း၊ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကို ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု ဂါလိလဲပြည်၌ရှိတော်မူစဉ် သင်တို့အား မိန့်တော်မူသောစကားကို အောက်မေ့ကြဦးဟု ဆိုကြသည်ရှိသော်၊-
ထိုကြောင့် ပိလတ်မင်းသည် သူတို့ရှိရာသို့ထွက်၍ ဤသူ၌အဘယ်အပြစ်ကို တင်ကြသနည်းဟု မေးသော်၊-
ပိလတ်မင်းကလည်း၊ သူ့ကိုယူ၍ သင်တို့ ဓမ္မသတ်အတိုင်း စီရင်ကြဟုဆို၏။ ယုဒလူတို့ကလည်း၊ အကျွန်ုပ်တို့သည် အဘယ်သူကိုမျှ မသတ်ပိုင်ပါဟုလျှောက်ကြ၏။-
ထိုအခါမှစ၍ ပိလတ်မင်းသည် ကိုယ်တော်ကိုလွှတ်ခြင်းငှာ ရှာကြံလေ၏။ ယုဒလူတို့ကလည်း၊ ထိုသူကိုလွှတ်လျှင် ကိုယ်တော်သည် ကဲသာဘုရင်၏အဆွေ မဟုတ်ပါ။ ရှင်ဘုရင်လုပ်သောသူမည်သည်ကား၊ ကဲသာဘုရင်၏ရန်သူဖြစ်ပါသည်ဟု လျှောက်ကြ၏။