Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကု 10:33 - မြန်မာ

33 လူ​သား​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်​သို့ ရောက်​လိမ့်​မည်။ ထို​သူ​တို့​သည် သေ​ပြစ်​ကို စီ​ရင်၍ တစ်​ပါး​အ​မျိုး​သား​တို့​လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

33 ကိုယ်​တော်​က ``နား​ထောင်​ကြ​လော့။ ငါ​တို့​သည် ယေ​ရု​ရှလင်​မြို့​သို့​ခ​ရီး​ပြု​လျက်​ရှိ​ကြ​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​လူ​သား​အား ယဇ်​ပု​ရော ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​၏ လက်​သို့​အပ်​နှံ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လူ သား​အား​သေ​ဒဏ်​စီ​ရင်​၍ လူ​မျိုး​ခြား​တို့​၏ လက်​သို့​အပ်​နှံ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33-34 ယေ ရု ရှ လင် မြို့ ရောက် ငါ တို့ သွား ကြ၏။ လူ့ သား သည် ပ ရော ဟိတ် ကြီး တို့ နှင့် ကျမ်း တတ် ဆ ရာ တို့ ထံ ပို့ အပ် ခံ ရ သ ဖြင့် ထို သူ တို့ သည် သေ ဒဏ် စီ ရင် ကြ ပြီး လျှင် သ ရော် ခြင်း၊ တံ တွေး ထွေး ခြင်း၊ ရိုက် နှက် ခြင်း၊ အ သေ သတ် ခြင်း များ ကို ပြု အံ့ သော လူ မျိုး ခြား တို့ အား အပ် လိုက် ကြ လိမ့် မည်။ သို့ ရာ တွင် သုံး ရက် လည် လျှင် ရှင် ပြန် ထ မြောက် လိမ့် မည် ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 လူ​သား​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်​သို့ ရောက်​လိမ့်​မည်။ ထို​သူ​တို့​သည် သေ​ပြစ်​ကို စီ​ရင်၍ တစ်​ပါး​အ​မျိုး​သား​တို့​လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 “နားထောင်​ကြ​လော့။ ငါ​တို့​သည် ဂျေရုဆလင်​မြို့​သို့​သွား​နေ​ကြ​၏။ လူ့သား​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​ထံ အပ်နှံ​ခြင်း​ခံရ​လိမ့်မည်။ သူ​တို့​သည် သူ့​ကို​သေဒဏ်​စီရင်​၍ လူမျိုးခြား​တို့​ထံ အပ်နှံ​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

33 “နားထောင်ကြလော့။ ငါတို့​သည် ဂျေရုဆလင်မြို့​သို့ သွား​လျက်​ရှိ၏။ ထို​မြို့​တွင် လူသား​သည် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ကျမ်းတတ်ဆရာများ​လက်​သို့ အပ်ခြင်း​ခံရမည်။ သူတို့​သည် သူ့​ကို သေဒဏ်​ပေးကြ​လိမ့်မည်။ လူမျိုးခြားတို့​၏​လက်​သို့လည်း အပ်နှံကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 10:33
23 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ကို ချည်​နှောင်​ပြီး​လျှင် မြို့​ဝန်​မင်း ပု​န္တိ​ပိ​လတ်​ထံ​သို့ ဆောင်​သွား၍ အပ်​လိုက်​ကြ၏။-


ထို​မှ​တစ်​ပါး၊ လူ​သား​သည် များ​စွာ​ခံ​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့၏ ငြင်း​ပယ်​ခြင်း​ကို​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို တ​ပည့်​တော်​တို့​အား ပြ​စ​ပြု​တော်​မူ၏။-


အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း​ဟု မေး​မြန်း​လျှင်၊ ထို​သူ​တို့​က ဤ​သူ​သည် အ​သေ​ခံ​ထိုက်​ပေ၏​ဟု ပြန်၍​စီ​ရင်​ကြ၏။-


ထို​မှ​တစ်​ပါး ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်၌ များ​စွာ​ခံ​ရ​မည်။ အ​သေ​သတ်​ခြင်း​ကို​လည်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို ထို​အ​ခါ​မှ​စ၍ တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။-


အ​ထက်​အ​ရပ်​မှ အ​ခွင့်​ကို​မ​ရ​လျှင် မင်း​ကြီး​သည် ငါ့​ကို​အ​ဘယ်​သို့​မျှ​မ​ပြု​ပိုင်။ ထို​ကြောင့်​ငါ့​ကို မင်း​ကြီး​လက်​သို့ အပ်​နှံ​သော​သူ​သည် သာ၍ ကြီး​သော​အ​ပြစ်​ရှိ​သည်​ဟု မိန့်​တော်​မူ၏။-


နံ​နက်​အ​ချိန်​ရောက်​လျှင်၊ ယေ​ရှု​ကို က​ယာ​ဖ​ထံ​မှ အိမ်​တော်​ဦး​သို့ ဆောင်​သွား​ကြ၏။ ထို​သူ​တို့​သည် အာ​ပတ်​နှင့်​ကင်း​လွတ်၍ ပ​သ​ခါ​ပွဲ​ကို ခံ​ရ​မည်​အ​ကြောင်း အိမ်​တော်​ဦး​ထဲ​သို့ ကိုယ်​တိုင်​မ​ဝင်​ကြ။-


သူ​တို့​က​လည်း၊ ထို​သူ​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပါ။ ရိုက်​ထား​ပါ​ဟု ဟစ်​ကြော်​ကြ၏။-


ထို​မှ​တစ်​ပါး၊ လူ​သား​သည် များ​စွာ​ခံ​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့၏ ငြင်း​ပယ်​ခြင်း​ကို​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​တို့​ကို မိန့်​တော်​မူ၏။


နံ​နက်​အ​ချိန်​တွင် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် မ​ဆိုင်း​မ​လင့်​ဘဲ လူ​အ​ကြီး​အ​ကဲ၊ ကျမ်း​ပြု​ဆ​ရာ၊ လွှတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​နှင့် တိုင်​ပင်​ခြင်း​ကို​ပြု၍၊ ယေ​ရှု​ကို​ချည်​နှောင်​ပြီး​လျှင်၊ ပိ​လတ်​မင်း​ထံ​သို့ ဆောင်​သွား၍ အပ်​လိုက်​ကြ၏။-


ဘု​ရား​ကို လွန်​ကျူး၍​ပြော​သော​စ​ကား​ကို သင်​တို့​ကြား​ရ​ပြီ။ အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း​ဟု မေး​မြန်း​လျှင်၊ ကိုယ်​တော်​သည် အ​သေ​ခံ​ထိုက်​ကြောင်း​ကို ထို​သူ​အ​ပေါင်း​တို့​သည် စီ​ရင်​ကြ၏။-


အ​ကြောင်း​မူ​ကား၊ လူ​သား​သည် လူ​တို့​လက်​သို့ အပ်​နှံ​ခြင်း​ကို​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​မည်။-


ကိုယ်​တော်​က၊ ဧ​လိ​ယ​သည် အ​ရင်​လာ၍ အ​လုံး​စုံ​တို့​ကို ပြု​ပြင်​ရ​သည် မှန်​ပေ၏။ လူ​သား​သည်​လည်း အ​လွန်​ဆင်း​ရဲ၍ ကဲ့​ရဲ့​ပယ်​ထား​ခြင်း​ကို ခံ​ရ​မည်​ဟု ကျမ်း​စာ​လာ၏။-


ထို​သို့​လျှောက်​သော်၊ ယေ​ရှု​သည်​အ​ဘယ်​သို့ မိ​မိ​သေ​ရ​မည်​အ​ရိပ်​ကို​ပေး၍၊ မိန့်​တော်​မူ​သော​စ​ကား​တော် ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ