ထိုနောက် များမကြာ ထိုအရပ်၌ရပ်နေသော သူတို့သည် ပေတရုအနီးသို့ လာ၍၊ အကယ်စင်စစ် သင်သည်လည်း ထိုသူတို့အဝင် ဖြစ်၏။ သင့်စကားသည် သင့်အကြောင်းကို ထင်ရှားစေ၏ဟု ဆိုကြလျှင်၊-
ရှင်ယောဟန် 18:26 - မြန်မာ ပေတရုခုတ်၍ နားရွက်ပြတ်သောသူနှင့် ပေါက်ဖော်တော်သော ယဇ်ပုရာဟိတ်မင်း၏ ကျွန်တစ်ယောက်က၊ သင်သည် ဥယျာဉ်၌ ယေရှုနှင့်အတူရှိသည်ကို ငါမြင်ခဲ့ပြီမဟုတ်လောဟု ဆိုလျှင်၊- Common Language Bible ယဇ်ပုရောဟိတ်မင်း၏ကျွန်တစ်ယောက်က ``သင့် အားထိုသူနှင့်အတူဥယျာဉ်ထဲတွင်ငါတွေ့ မြင်ခဲ့သည်မဟုတ်ပါလော'' ဟုဆို၏။ ထိုကျွန် ကားပေတရုဋ္ဌားနှင့်ခုတ်၍နားရွက်ပြတ်သွား သူနှင့်ဆွေမျိုးတော်စပ်သူတည်း။ Garrad Bible ပေတရုခုတ်၍ နားရွက်ပြတ်သူနှင့်ဆွေမျိုးဖြစ်သော ပရောဟိတ်မင်း၏ကျွန်တစ်ယောက်က သူနှင့်အတူဥယျာဉ်တွင် သင့်ကိုငါမြင်ခဲ့သည်မဟုတ်လောဟု မေးရာ၌၊ Judson Bible ပေတရုခုတ်၍ နားရွက်ပြတ်သောသူနှင့် ပေါက်ဖော်တော်သော ယဇ်ပုရာဟိတ်မင်း၏ ကျွန်တစ်ယောက်က၊ သင်သည် ဥယျာဉ်၌ ယေရှုနှင့်အတူရှိသည်ကို ငါမြင်ခဲ့ပြီမဟုတ်လောဟု ဆိုလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်မင်း၏အစေအပါးတစ်ဦးဖြစ်ပြီး ပေတရုခုတ်၍ နားရွက်ပြတ်သောသူ၏ဆွေမျိုးလည်းဖြစ်သူက “သင့်ကို ထိုသူနှင့်အတူ ဥယျာဉ်ထဲ၌ ငါမြင်ခဲ့သည်မဟုတ်လော”ဟု ဆိုလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ပေတရုခုတ်သဖြင့် နားရွက်ပြတ်သွားသူနှင့် ဆွေမျိုးတော်စပ်သည့် ယဇ်ပုရောဟိတ်မင်း၏ ကျွန်တစ်ဦးက “သင့်ကို ယေရှုနှင့်အတူ ဥယျာဉ်ထဲတွင် ငါတွေ့မြင်ခဲ့သည် မဟုတ်လော” ဟု ပေတရုကို ဆို၏။ |
ထိုနောက် များမကြာ ထိုအရပ်၌ရပ်နေသော သူတို့သည် ပေတရုအနီးသို့ လာ၍၊ အကယ်စင်စစ် သင်သည်လည်း ထိုသူတို့အဝင် ဖြစ်၏။ သင့်စကားသည် သင့်အကြောင်းကို ထင်ရှားစေ၏ဟု ဆိုကြလျှင်၊-
ထိုနောက် များမကြာ အခြားသောသူသည် ပေတရုကိုမြင်လျှင်၊ သင်သည်လည်း ထိုသူတို့အဝင်ဖြစ်သည်ဟုဆိုသော်၊ ပေတရုက၊ အချင်းလူ၊ ငါသည် သူတို့ အဝင်မဟုတ်ဟု ဆို၏။-
ထိုသို့ မိန့်မြွက်တော်မူပြီးမှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတစ်ဖက်သို့ကြွ၍၊ ထိုအရပ်၌ရှိသော ဥယျာဉ်သို့ဝင်တော်မူ၏။-
ထိုအခါ ရှိမုန်ပေတရုသည် မိမိ၌ပါသောဓားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟတ်မင်း၏ ကျွန်တစ်ယောက်ကို ခုတ်သဖြင့် လက်ယာနားရွက်ပြတ်လေ၏။ ထိုကျွန်၏အမည်ကား မာလခုဖြစ်သတည်း။-