ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးအတွင်းသို့တိုင်အောင် ကိုယ်တော်နှင့် ဝေးစွာလိုက်ပြီးလျှင်၊ မင်းလုလင်တို့နှင့်အတူ ထိုင်၍မီးလှုံလေ၏။-
ရှင်ယောဟန် 18:18 - မြန်မာ ထိုကာလ၌ ချမ်းသောကြောင့် ကျွန်များနှင့် မင်းလုလင်များတို့သည် မီးခဲပုံကိုထည့်၍ မီးလှုံလျက်နေကြ၏။ ပေတရုသည်လည်း သူတို့နှင့်တကွရပ်၍ မီးလှုံလျက်နေ၏။ Common Language Bible ထိုအခါယဇ်ပုရောဟိတ်ကြီးများ၏အစောင့် တပ်သားများနှင့်အစေခံများသည်ချမ်းသဖြင့် မီးသွေးမီးလင်းဖိုပတ်လည်တွင်ရပ်၍မီးလှုံ လျက်နေကြ၏။ ပေတရုသည်လည်းထိုသူ တို့နှင့်အတူရပ်၍မီးလှုံနေ၏။ Garrad Bible ထိုအခါ ကျွန်တို့နှင့်မင်းမှုထမ်းတို့သည်ချမ်းသဖြင့် မီးသွေးမီးဖိုပြီးလျှင်လှုံကြစဉ် ပေတရုလည်း အတူရပ်လျက်လှုံနေ၏။ Judson Bible ထိုကာလ၌ ချမ်းသောကြောင့် ကျွန်များနှင့် မင်းလုလင်များတို့သည် မီးခဲပုံကိုထည့်၍ မီးလှုံလျက်နေကြ၏။ ပေတရုသည်လည်း သူတို့နှင့်တကွရပ်၍ မီးလှုံလျက်နေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုကာလသည်ချမ်းအေးသောကြောင့် အစေအပါးတို့နှင့် အစောင့်တပ်သားတို့သည် မီးခဲဖိုပြီး ရပ်လျက်မီးလှုံနေကြ၏။ ပေတရုသည်လည်း သူတို့နှင့်အတူရပ်၍ မီးလှုံနေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်တွင် အစောင့်တပ်သားများနှင့် အိမ်အစေခံများသည် ချမ်းသဖြင့် မီးခဲဖိုကာ ပတ်လည်၌ ရပ်လျက် မီးလှုံနေကြ၏။ ပေတရုသည်လည်း ထိုသူတို့နှင့်အတူ ရပ်လျက် မီးလှုံနေ၏။ |
ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးအတွင်းသို့တိုင်အောင် ကိုယ်တော်နှင့် ဝေးစွာလိုက်ပြီးလျှင်၊ မင်းလုလင်တို့နှင့်အတူ ထိုင်၍မီးလှုံလေ၏။-
ပေတရုသည် မီးလှုံလျက်နေသည်ကို မြင်သောအခါ သူ့ကိုစေ့စေ့ကြည့်၍၊ သင်သည်လည်း နာဇရက်မြို့သားယေရှုနှင့် ပေါင်းဖော်သောသူဖြစ်သည်ဟု ဆိုလျှင်၊-
ပြင်းစွာသောဝေဒနာကိုခံလျက် အထူးသဖြင့်ကြိုးစား၍ ဆုတောင်းတော်မူ၏။ ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ကျသော သွေးစက်ခဲကဲ့သို့ ဖြစ်သတည်း။-
ရှိမုန်ပေတရုသည် ရပ်၍ မီးလှုံလျက်နေသည်တွင် အချို့သောသူတို့က၊ သင်သည် သူ၏တပည့်တို့အဝင် ဖြစ်သည်မဟုတ်လောဟု မေးလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။-
စစ်သူရဲတစ်တပ်ကိုလည်းကောင်း၊ ယဇ်ပုရာဟိတ်အကြီးတို့နှင့် ဖာရိရှဲတို့စေလွှတ်သော မင်းလုလင်တို့ကိုလည်းကောင်း ခေါ်ခဲ့၍၊ မီးအိမ်၊ မီးရှူး၊ လက်နက်တို့ကို လက်စွဲလျက်လာကြ၏။-
ကုန်းပေါ်သို့ရောက်သောအခါ မီးခဲပုံကိုလည်းကောင်း၊ ကင်ထားသောငါးကိုလည်းကောင်း၊ မုန့်ကိုလည်းကောင်း တွေ့မြင်ကြ၏။-