ထိုသို့ သခင်ဘုရားသည် တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၍၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်နေတော်မူ၏။-
ရှင်ယောဟန် 16:16 - မြန်မာ ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တစ်ဖန် ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည်ခမည်းတော်ထံသို့ သွားမည်ဟု မိန့်တော်မူ၏။- Common Language Bible ``အချိန်အနည်းငယ်ကြာလျှင်သင်တို့ငါ့ ကိုတွေ့မြင်ကြတော့မည်မဟုတ်။ ထို့နောက် အချိန်အနည်းငယ်ကြာပြန်သော်ငါ့ကို ပြန်၍တွေ့မြင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible ခဏမျှကြာသော် သင်တို့သည်ငါ့ကိုမြင်ရတော့မည်မဟုတ်။ ခဏမျှကြာပြန်သော် မြင်ရကြလိမ့်မည်ဟုမိန့်တော်မူ၏။ Judson Bible ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တစ်ဖန် ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည်ခမည်းတော်ထံသို့ သွားမည်ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ခဏကြာလျှင် သင်တို့သည် ငါ့ကိုမြင်ရကြတော့မည်မဟုတ်။ သို့ရာတွင် နောက်ထပ် ခဏကြာလျှင် ငါ့ကိုပြန်တွေ့မြင်ရကြလိမ့်မည်”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မကြာမီ အချိန်တွင် သင်တို့သည် ငါ့ကို တွေ့မြင်ကြရတော့မည်မဟုတ်။ သို့ရာတွင် အချိန်အနည်းငယ် ကြာပြန်သော် ငါ့ကို ပြန်လည်တွေ့မြင်ကြရလိမ့်မည်” ဟု မိန့်တော်မူ၏။ |
ထိုသို့ သခင်ဘုရားသည် တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၍၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်နေတော်မူ၏။-
ယေရှုကလည်း၊ အလင်းသည် သင်တို့တွင်ခဏသာရှိ၏။ အလင်းရှိစဉ်အခါ သွားလာကြလော့။ သို့မဟုတ်လျှင် မှောင်မိုက်သည် သင်တို့ကိုမီလိမ့်မည်။ မှောင်မိုက်၌သွားသောသူသည် အဘယ်ဆီသို့မိမိသွားသည်ကို မိမိမသိ။-
ခမည်းတော်သည် အလုံးစုံတို့ကို သူ၏လက်သို့ အပ်ပေးတော်မူသည်ကိုလည်းကောင်း၊ သူသည်ဘုရားသခင့်ထံတော်မှ ထွက်လာသည်ကိုလည်းကောင်း၊ ဘုရားသခင့်ထံတော်သို့ ကြွသွားမည်ကိုလည်းကောင်း ယေရှုသည်သိတော်မူသည်နှင့်၊-
ချစ်သားတို့၊ ငါသည်သင်တို့နှင့်အတူ ခဏသာနေရ၏။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ ငါသွားရာ အရပ်သို့ သင်တို့မရောက်နိုင်ကြဟု ယုဒလူတို့အား ငါပြောသကဲ့သို့ ယခုသင်တို့အား ငါပြော၏။-
ငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ်၍၊ သင်တို့သည် နောက်တစ်ဖန် ငါ့ကိုမတွေ့မမြင်ရသောကြောင့်၊ အပြစ်ကင်းခြင်းကို ဖော်ပြမည်။-
ထိုနည်းတူ၊ ယခုတွင် သင်တို့သည် ဝမ်းနည်းခြင်းရှိကြသော်လည်း၊ နောက်တစ်ဖန် သင်တို့ကို ငါတွေ့မြင်သဖြင့် သင်တို့သည် စိတ်နှလုံးဝမ်းမြောက်ခြင်း ရှိကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို အဘယ်သူမျှ လုယူဖျက်ဆီးခြင်းငှာ မတတ်နိုင်။-
ငါသည် ခမည်းတော်ထံမှထွက်၍ ဤလောကသို့ကြွလာပြီ။ တစ်ဖန် ဤလောကမှထွက်၍ ခမည်းတော်ထံသို့ သွားဦးမည်ဟု မိန့်တော်မူ၏။-
ငါ့ကို စေလွှတ်တော်မူသောသူထံသို့ ယခု ငါသွားရမည်ဖြစ်၍၊ အဘယ်အရပ်သို့ သွားမည်နည်းဟု သင်တို့မမေးကြ။-
ယခုတွင် အကျွန်ုပ်သည် ကိုယ်တော်ထံသို့သွားရမည်ဖြစ်၍၊ ဤသူတို့သည် အကျွန်ုပ်ကို အမှီပြုသဖြင့် ဝမ်းမြောက်ခြင်းနှင့် ပြည်စုံမည်အကြောင်း၊ ဤစကားကို ဤလောက၌ အကျွန်ုပ်ပြောပါ၏။-
အို အဘ၊ ဤကမ္ဘာမတည်မရှိမီ အထံတော်၌ အကျွန်ုပ်ခံစားသော ဘုန်းအသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကိုအထံတော်၌ ချီးမြှောက်တော်မူပါ။
ယေရှုကလည်း၊ ငါသည် သင်တို့နှင့်အတူ ခဏသာနေပြီးလျှင်၊ ငါ့ကိုစေလွှတ်တော်မူသော သူထံသို့ သွားရမည်။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။-