Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 17:13 - မြန်မာ

13 ယ​ခု​တွင် အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့​သွား​ရ​မည်​ဖြစ်၍၊ ဤ​သူ​တို့​သည် အ​ကျွန်ုပ်​ကို အ​မှီ​ပြု​သ​ဖြင့် ဝမ်း​မြောက်​ခြင်း​နှင့် ပြည်​စုံ​မည်​အ​ကြောင်း၊ ဤ​စ​ကား​ကို ဤ​လော​က၌ အ​ကျွန်ုပ်​ပြော​ပါ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ယ​ခု​မှာ​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​ထံ​သို့ လာ​ပါ​မည်။ ထို​သူ​တို့​သည်​အ​ကျွန်ုပ်​၏​ဝမ်း မြောက်​ခြင်း​ကို​စိတ်​နှ​လုံး​ထဲ​တွင်​အ​ပြည့် အ​ဝ​ခံ​စား​ကြ​ရ​စေ​ရန် ဤ​လော​က​တွင် ရှိ​နေ​စဉ်​အ​ကျွန်ုပ်​သည်​ဤ​စ​ကား​များ​ကို မြွက်​ဆို​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ယခုမှာ သူတို့ကိုအကျွန်ုပ်၏ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံကြစေရန် ကိုယ်တော့်ထံမလာမီဤလောက၌ ထိုသို့အကျွန်ုပ်တောင်းလျှောက်ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ယ​ခု​တွင် အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့​သွား​ရ​မည်​ဖြစ်၍၊ ဤ​သူ​တို့​သည် အ​ကျွန်ုပ်​ကို အ​မှီ​ပြု​သ​ဖြင့် ဝမ်း​မြောက်​ခြင်း​နှင့် ပြည်​စုံ​မည်​အ​ကြောင်း၊ ဤ​စ​ကား​ကို ဤ​လော​က၌ အ​ကျွန်ုပ်​ပြော​ပါ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ယခု ကိုယ်တော်​ထံသို့ အကျွန်ုပ်​လာ​ပါ​၏။ သူ​တို့​သည် အကျွန်ုပ်​၏​ဝမ်းမြောက်​ခြင်း​ကို မိမိ​တို့​၌ အပြည့်အဝ​ခံစား​ရ​မည့်​အကြောင်း ဤ​လောက​၌​နေ​စဉ် ဤ​အရာ​များ​ကို အကျွန်ုပ်​ပြော​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 ယခု​အကျွန်ုပ်​သည် ကိုယ်တော်​ထံသို့ လာပါတော့မည်။ သူတို့​သည် အကျွန်ုပ်​၏​ဝမ်းမြောက်ခြင်း​ကို အပြည့်အဝ​ခံစားကြရ​စေရန် အကျွန်ုပ်​သည် ဤ​လောက​တွင် သူတို့​နှင့်အတူ ရှိနေ​စဉ် ဤ​အကြောင်းအရာများ​ကို ပြောပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 17:13
17 ပူးပေါင်းရင်းမြစ်များ  

ခ​မည်း​တော်​သည် အ​လုံး​စုံ​တို့​ကို သူ၏​လက်​သို့ အပ်​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သူ​သည်​ဘု​ရား​သ​ခင့်​ထံ​တော်​မှ ထွက်​လာ​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ကြွ​သွား​မည်​ကို​လည်း​ကောင်း ယေ​ရှု​သည်​သိ​တော်​မူ​သည်​နှင့်၊-


သင်​တို့၌ ငါ​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း တည်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဤ​စ​ကား​ကို သင်​တို့​အား​ငါ​ဟော​ပြော၏။-


သင်​တို့​သည် ငါ့​ကို​အ​မှီ​ပြု၍ ငြိမ်​သက်​ခြင်း​ရှိ​စေ​ခြင်း​ငှာ ဤ​စ​ကား​ကို​ငါ​ဟော​ပြော​ပြီ။ သင်​တို့​သည် လော​က၌ ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​သည် လော​က​ကို​အောင်​ပြီ​ဟု မိန့်​တော်​မူ၏။


ယ​ခု​မှ​စ၍​အ​ကျွန်ုပ်​သည် ဤ​လော​က၌​မ​ရှိ​ပါ၊ ဤ​သူ​တို့​မူ​ကား၊ ဤ​လော​က၌ ရှိ​ရစ်​ရ​ကြ​ပါ​မည်။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့ သွား​ရ​ပါ​မည်။ သန့်​ရှင်း​တော်​မူ​သော​အ​ဘ၊ ကိုယ်​တော်​နှင့် အ​ကျွန်ုပ်​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သ​ကဲ့​သို့ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော ဤ​သူ​တို့​သည် ဖြစ်​ရ​ပါ​မည်​အ​ကြောင်း၊ သူ​တို့​ကို ကိုယ်​တော်၏ နာ​မ၌​တည်​စေ​တော်​မူ​ပါ။-


မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကို ရ​သော​သူ​သည် မင်္ဂ​လာ​ဆောင်​လု​လင်​ဖြစ်၏။ မင်္ဂ​လာ​ဆောင်​လု​လင်၏ အ​နား​မှာ​နေ၍ သူ၏​စ​ကား​ကို​ကြား​ရ​သော အ​ဆွေ​ခင်​ပွန်း​သည် ထို​စ​ကား​သံ​ကို​ကြား​သော​အား​ဖြင့် ဝမ်း​မြောက်​ခြင်း​ရှိ၏။ ထို​နည်း​တူ ငါ၏​ဝမ်း​မြောက်​ခြင်း ပြည့်​စုံ၏။-


ယေ​ရှု​က​လည်း၊ ငါ​သည် သင်​တို့​နှင့်​အ​တူ ခ​ဏ​သာ​နေ​ပြီး​လျှင်၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော သူ​ထံ​သို့ သွား​ရ​မည်။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ