ထိုသူတို့မှစ၍ တစ်ပါးအမျိုးသားတို့အား သက်သေဖြစ်စေခြင်းငှာ၊ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် သင်တို့ကို ပို့ဆောင်ကြလိမ့်မည်။-
ရှင်ယောဟန် 15:21 - မြန်မာ ထိုသူတို့သည် ငါ့ကိုစေလွှတ်တော်မူသောသူကို မသိသည်ဖြစ်၍၊ ငါ၏နာမကြောင့် သင်တို့အား ထိုအမှုရှိသမျှတို့ကို ပြုကြလိမ့်မည်။- Common Language Bible သို့ရာတွင်ထိုသူတို့သည်ငါ့ကိုစေလွှတ်တော် မူသောအရှင်ကိုမသိကြသဖြင့် ငါ၏နာမ အတွက်ကြောင့်သင်တို့ကိုညှဉ်းပန်းကြလိမ့် မည်။- Garrad Bible ငါ့ကိုစေလွှတ်တော်မူလိုက်သောအရှင်ကိုမသိကြသဖြင့် ငါ့နာမကြောင့်ဤသို့ပြုကြလိမ့်မည်။ Judson Bible ထိုသူတို့သည် ငါ့ကိုစေလွှတ်တော်မူသောသူကို မသိသည်ဖြစ်၍၊ ငါ၏နာမကြောင့် သင်တို့အား ထိုအမှုရှိသမျှတို့ကို ပြုကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် သူတို့သည် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကို မသိကြသဖြင့် ငါ၏နာမကြောင့် သင်တို့အပေါ် ထိုအမှုအရာအားလုံးတို့ကို ပြုကြလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် သူတို့သည် ငါ့ကို စေလွှတ်တော်မူသောအရှင်ကို မသိသဖြင့် ငါ့ကြောင့် ထိုအခြင်းအရာအားလုံးကို သင်တို့အပေါ် ပြုကြလိမ့်မည်။ |
ထိုသူတို့မှစ၍ တစ်ပါးအမျိုးသားတို့အား သက်သေဖြစ်စေခြင်းငှာ၊ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် သင်တို့ကို ပို့ဆောင်ကြလိမ့်မည်။-
လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။-
ထိုကာလ၌ လူများတို့သည် သင်တို့ကိုညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ခံစေခြင်းငှာ အပ်နှံကြလိမ့်မည်။ ငါ၏နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကို မုန်းကြလိမ့်မည်။-
ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။-
လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
ထိုအမှုအရာများမဖြစ်မီ လူများတို့သည် ငါ၏နာမကြောင့် သင်တို့ကို ဖမ်းဆီးညှဉ်းဆဲ၍ တရားဇရပ်၌လည်းကောင်း၊ ထောင်ထဲ၌လည်းကောင်း အပ်နှံကြလိမ့်မည်။ ရှင်ဘုရင်၊ ဝန်မင်းထံသို့ ပို့ဆောင်ကြလိမ့်မည်။-
ပယ်ရှားနှင်ထုတ်၍ ကဲ့ရဲ့ခြင်း၊ အသရေရှုတ်ချခြင်းကို ပြုသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။-
ငါသည် အခြားသူမပြုဖူးသောအမှုကို ထိုသူတို့ရှေ့မှာမပြုလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား၊ သူတို့သည် ထိုအမှုကိုမြင်ရ၍ ငါနှင့် ငါ့ခမည်းတော်ကို မုန်းကြ၏။-
တရားတော်မူသောအဘ၊ လောကီသားတို့သည် ကိုယ်တော်ကိုမသိသော်လည်း အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းကို ထိုသူတို့သည် သိကြပါ၏။-
ထိုသူတို့ကလည်း၊ သင်၏ခမည်းတော်သည် အဘယ်မှာရှိသနည်းဟု မေးကြ၏။ ယေရှုကလည်း၊ သင်တို့သည် ငါ့ကိုမသိကြ။ ငါ့ခမည်းတော်ကိုလည်း မသိကြ။ ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကိုလည်း သိကြလိမ့်မည်ဟု မိန့်တော်မူ၏။-
ယေရှုကလည်း၊ ငါသည် ကိုယ်ဂုဏ်ကိုပြလျှင်၊ ငါ့ဂုဏ်သည် အချည်းနှီးဖြစ်၏။ ငါ့ခမည်းတော်သည် ငါ့ဂုဏ်ကို ထင်ရှားစေတော်မူ၏။ ထိုဘုရားသခင်သည် ငါတို့၏ဘုရားဟူ၍ သင်တို့ခေါ်ဝေါ်တတ်ကြ၏။-
သို့သော်လည်း ထိုဘုရားသခင်ကို သင်တို့မသိကြ။ ငါမူကားသိ၏။ ငါမသိဟုငါဆိုလျှင် သင်တို့ကဲ့သို့ မုသားသုံးသောသူဖြစ်လိမ့်မည်။ ထိုဘုရားသခင်ကို ငါသိ၏။ ဘုရားသခင်၏စကားတော်ကိုလည်း နားထောင်၏။-