ပသခါပွဲမခံမီ၌ ယေရှုသည် ဤလောကမှခမည်းတော်ထံသို့ ပြောင်းရသောအချိန် ရောက်သည်ကို သိတော်မူသည်ဖြစ်၍၊ ဤလောက၌ရှိသောမိမိလူတို့ကို ချစ်တော်မူသောကြောင့် အဆုံးတိုင်အောင် ချစ်တော်မူ၏။-
ရှင်ယောဟန် 13:29 - မြန်မာ အချို့တို့က၊ ယုဒရှကာရုတ်သည် ငွေအိတ်ကို ဆောင်သောကြောင့်၊ ဤပွဲ၌ ငါတို့သုံးစရာအဖို့ကို ဝယ်လော့ဟူ၍လည်းကောင်း၊ သို့မဟုတ် ဆင်းရဲသောသူတို့အား တစ်စုံတစ်ခုကို ပေးလော့ဟူ၍လည်းကောင်း၊ ယေရှုမိန့်တော်မူသည်ဟု ထင်မှတ်ကြ၏။- Common Language Bible ယုဒသည်ငွေအိတ်ကိုကိုင်ဆောင်ရသူဖြစ်၍ ပွဲတော်အတွက်လိုအပ်သည်များကိုဝယ်ယူ ရန်ဖြစ်စေ၊ ဆင်းရဲသူတို့အားပေးကမ်းရန် ဖြစ်စေသခင်ယေရှုမှာကြားတော်မူသည် ဟု အချို့သောတပည့်တော်တို့ကထင်မှတ် ကြ၏။ Garrad Bible အချို့က ယုဒ၌ငွေအိတ်ရှိသောကြောင့် ပွဲအတွင်းလိုရာကိုဝယ်စေရန်ဟူ၍လည်းကောင်း၊ သူဆင်းရဲတို့အားတစ်စုံတစ်ရာပေးစေရန်ဟူ၍လည်းကောင်း အမိန့်ရှိတော်မူသည်ဟု ထင်မှတ်ကြ၏။ Judson Bible အချို့တို့က၊ ယုဒရှကာရုတ်သည် ငွေအိတ်ကို ဆောင်သောကြောင့်၊ ဤပွဲ၌ ငါတို့သုံးစရာအဖို့ကို ဝယ်လော့ဟူ၍လည်းကောင်း၊ သို့မဟုတ် ဆင်းရဲသောသူတို့အား တစ်စုံတစ်ခုကို ပေးလော့ဟူ၍လည်းကောင်း၊ ယေရှုမိန့်တော်မူသည်ဟု ထင်မှတ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အချို့တို့က ယုဒသည် ငွေအိတ်ကိုကိုင်ရသည်ဖြစ်၍ ယေရှုက ပွဲတော်အတွက်လိုအပ်သောအရာများကို ဝယ်ယူလော့၊ သို့မဟုတ် ဆင်းရဲသားတို့အား တစ်စုံတစ်ခုပေးသင့်သည်ဟူ၍ သူ့ကိုမိန့်တော်မူသည်ဟု ထင်မှတ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယုဒသည် ငွေကို စီမံရသူဖြစ်သောကြောင့် ပွဲတော်အတွက် လိုအပ်သောအရာများကို ဝယ်ယူရန် သို့မဟုတ် ဆင်းရဲသားများကို ငွေလှူဒါန်းရန် ယေရှုစေခိုင်းတော်မူသည်ဟူ၍ တပည့်တော်တချို့က ထင်မှတ်ကြ၏။ |
ပသခါပွဲမခံမီ၌ ယေရှုသည် ဤလောကမှခမည်းတော်ထံသို့ ပြောင်းရသောအချိန် ရောက်သည်ကို သိတော်မူသည်ဖြစ်၍၊ ဤလောက၌ရှိသောမိမိလူတို့ကို ချစ်တော်မူသောကြောင့် အဆုံးတိုင်အောင် ချစ်တော်မူ၏။-
အဘယ်ကြောင့် ထိုသို့မိန့်တော်မူသည်ကို စားပွဲ၌လျောင်းသောသူတို့တွင် အဘယ်သူမျှမသိ။-