ရှင်ယောဟန် 13:29 - Common Language Bible29 ယုဒသည်ငွေအိတ်ကိုကိုင်ဆောင်ရသူဖြစ်၍ ပွဲတော်အတွက်လိုအပ်သည်များကိုဝယ်ယူ ရန်ဖြစ်စေ၊ ဆင်းရဲသူတို့အားပေးကမ်းရန် ဖြစ်စေသခင်ယေရှုမှာကြားတော်မူသည် ဟု အချို့သောတပည့်တော်တို့ကထင်မှတ် ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible29 အချို့က ယုဒ၌ငွေအိတ်ရှိသောကြောင့် ပွဲအတွင်းလိုရာကိုဝယ်စေရန်ဟူ၍လည်းကောင်း၊ သူဆင်းရဲတို့အားတစ်စုံတစ်ရာပေးစေရန်ဟူ၍လည်းကောင်း အမိန့်ရှိတော်မူသည်ဟု ထင်မှတ်ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible29 အချို့တို့က၊ ယုဒရှကာရုတ်သည် ငွေအိတ်ကို ဆောင်သောကြောင့်၊ ဤပွဲ၌ ငါတို့သုံးစရာအဖို့ကို ဝယ်လော့ဟူ၍လည်းကောင်း၊ သို့မဟုတ် ဆင်းရဲသောသူတို့အား တစ်စုံတစ်ခုကို ပေးလော့ဟူ၍လည်းကောင်း၊ ယေရှုမိန့်တော်မူသည်ဟု ထင်မှတ်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 အချို့တို့က ယုဒသည် ငွေအိတ်ကိုကိုင်ရသည်ဖြစ်၍ ယေရှုက ပွဲတော်အတွက်လိုအပ်သောအရာများကို ဝယ်ယူလော့၊ သို့မဟုတ် ဆင်းရဲသားတို့အား တစ်စုံတစ်ခုပေးသင့်သည်ဟူ၍ သူ့ကိုမိန့်တော်မူသည်ဟု ထင်မှတ်ကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း29 ယုဒသည် ငွေကို စီမံရသူဖြစ်သောကြောင့် ပွဲတော်အတွက် လိုအပ်သောအရာများကို ဝယ်ယူရန် သို့မဟုတ် ဆင်းရဲသားများကို ငွေလှူဒါန်းရန် ယေရှုစေခိုင်းတော်မူသည်ဟူ၍ တပည့်တော်တချို့က ထင်မှတ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ29 အချို့တို့က၊ ယုဒရှကာရုတ်သည် ငွေအိတ်ကို ဆောင်သောကြောင့်၊ ဤပွဲ၌ ငါတို့သုံးစရာအဖို့ကို ဝယ်လော့ဟူ၍လည်းကောင်း၊ သို့မဟုတ် ဆင်းရဲသောသူတို့အား တစ်စုံတစ်ခုကို ပေးလော့ဟူ၍လည်းကောင်း၊ ယေရှုမိန့်တော်မူသည်ဟု ထင်မှတ်ကြ၏။- အခန်းကိုကြည့်ပါ။ |
အခါကားပသခါပွဲတော်မတိုင်မီတစ်ရက် ဖြစ်၏။ သခင်ယေရှုသည်ဤလောကမှထွက် ခွာ၍ ခမည်းတော်ထံသို့ကြွတော်မူရမည့် အချိန်ကျရောက်လာကြောင်းကိုသိတော်မူ ၏။ ကိုယ်တော်သည်ဤလောကရှိမိမိ၏တပည့် သားရင်းများကိုအစဉ်ပင်ချစ်တော်မူ၏။ သူတို့အားဆုံးခန်းတိုင်အောင်ချစ်တော် မူပေသည်။