တပည့်သည် ဆရာထက်မသာ။ အပြီးသင်ပြီးသော တပည့်တိုင်း မိမိဆရာကဲ့သို့ ဖြစ်လိမ့်မည်။-
ရှင်ယောဟန် 13:16 - မြန်မာ ငါအမှန်အကန်ဆိုသည်ကား၊ ကျွန်သည် သခင်ထက် သာ၍ ကြီးမြတ်သည်မဟုတ်၊ တမန်သည်လည်း စေလွှတ်သောသူထက် သာ၍ ကြီးမြတ်သည်မဟုတ်။- Common Language Bible အမှန်အကန်သင်တို့အားငါဆိုသည်ကား ကျွန်သည်သခင်ထက်ကြီးမြတ်သည်မဟုတ်။ စေလွှတ်ခြင်းခံရသူလည်းစေလွှတ်သောသူ ထက်ကြီးမြတ်သည်မဟုတ်။- Garrad Bible ငါဧကန်အမှန်ဆိုသည်ကား ကျွန်သည်သခင့်ထက်လည်းကောင်း၊ တမန်သည်စေလွှတ်သူထက်လည်းကောင်း ကြီးမြတ်သည်မဟုတ်။ Judson Bible ငါအမှန်အကန်ဆိုသည်ကား၊ ကျွန်သည် သခင်ထက် သာ၍ ကြီးမြတ်သည်မဟုတ်၊ တမန်သည်လည်း စေလွှတ်သောသူထက် သာ၍ ကြီးမြတ်သည်မဟုတ်။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား ငါအမှန်အကန်ဆိုမည်။ ကျွန်သည် သူ့သခင်ထက် ကြီးမြတ်သည်မဟုတ်။ စေတမန်သည်လည်း သူ့ကိုစေလွှတ်သောသူထက် ကြီးမြတ်သည်မဟုတ်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ငါအမှန်ဆို၏။ ကျွန်သည် သခင်ထက် သာ၍ ကြီးမြတ်သည်မဟုတ်။ အစေလွှတ်ခံသည်လည်း စေလွှတ်သူထက် သာ၍ ကြီးမြတ်သည်မဟုတ်။ |
တပည့်သည် ဆရာထက်မသာ။ အပြီးသင်ပြီးသော တပည့်တိုင်း မိမိဆရာကဲ့သို့ ဖြစ်လိမ့်မည်။-
ကျွန်သည် မိမိသခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ်ဟု ငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြလော့။ သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကို ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုနားထောင်လျှင် သင်တို့၏စကားကို နားထောင်ကြလိမ့်မည်။-
ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။-
ယေရှုကလည်း၊ ရေနှင့် ဝိညာဉ်တော် မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို၏။-