သင်တို့ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို လက်ခံ၏။-
ရှင်ယောဟန် 12:44 - မြန်မာ ယေရှုကလည်း၊ ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုသာ ယုံကြည်သည်မဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်၏။- Common Language Bible သခင်ယေရှုကဤသို့ကြွေးကြော်တော်မူသည်။ ``ငါ့ကိုယုံကြည်သူသည်ငါ့ကိုသာမဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလည်း ယုံကြည်၏။- Garrad Bible ယေရှုကလည်း ငါ့ကိုယုံကြည်သူသည် ငါ့ကိုယုံကြည်သည်မဟုတ်။ စေလွှတ်တော်မူလိုက်သောအရှင်ကို ယုံကြည်၏။ Judson Bible ယေရှုကလည်း၊ ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုသာ ယုံကြည်သည်မဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ယေရှုက“ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုယုံကြည်သည်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုယုံကြည်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ငါ့ကို ယုံကြည်သောသူသည် ငါ့ကိုသာ ယုံကြည်သည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလည်း ယုံကြည်၏။ |
သင်တို့ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို လက်ခံ၏။-
ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်ဟု မိန့်တော်မူ၏။-
အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သော သူငယ် တစ်စုံတစ်ယောက်ကို လက်ခံ၏။ ထိုသူသည် ငါ့ကိုပင် လက်ခံ၏။ ငါ့ကိုလက်ခံသော သူသည်လည်း ငါ့ကိုသာ လက်ခံသည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူကိုပင် လက်ခံသည်ဟု မိန့်တော်မူ၏။
ငါအမှန်အကန်ဆိုသည်ကား၊ ငါစေလွှတ်သောသူကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကို လက်ခံသည်ဟု မိန့်တော်၏။-
ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရ။ သေခြင်းမှအသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။
ယေရှုကလည်း၊ သင်တို့သည် ငါ့ကိုသိကြ၏။ ငါသည် အဘယ်က ဖြစ်သည်ကိုလည်း သိကြ၏။ သို့သော်လည်း ငါသည် ကိုယ်အလိုအလျောက် လာသည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ ထိုသူကို သင်တို့မသိကြ။-