Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 9:37 - မြန်မာ

37 အ​ကြင်​သူ​သည် ငါ့​မျက်​နှာ​ကို​ထောက်၍ ဤ​ကဲ့​သို့​သော သူ​ငယ် တစ်​စုံ​တစ်​ယောက်​ကို လက်​ခံ၏။ ထို​သူ​သည် ငါ့​ကို​ပင် လက်​ခံ၏။ ငါ့​ကို​လက်​ခံ​သော သူ​သည်​လည်း ငါ့​ကို​သာ လက်​ခံ​သည်​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို​ပင် လက်​ခံ​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

37 ထို​နောက်​ထို​သူ​ငယ်​ကို​ပွေ့​တော်​မူ​လျက် ``ငါ ၏​နာ​မ​ကို​ထောက်​၍ ဤ​သို့​သော​သူ​ငယ်​တစ်​စုံ တစ်​ယောက်​ကို​လက်​ခံ​သူ​သည်​ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သူ​သည်​ငါ့​ကို​သာ​လက်​ခံ​သည် မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို လည်း​လက်​ခံ​၏'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

37 မည် သူ မ ဆို ငါ့ နာ မ ကို ထောက်၍ ဤ သို့ သော သူ ငယ် တစ် စုံ တစ် ယောက် ကို လက် ခံ လျှင် ငါ့ ကို လက် ခံ၏။ ငါ့ ကို လက် ခံ သူ လည်း ငါ့ ကို သာ မ ဟုတ်၊ ငါ့ ကို စေ လွှတ် တော် မူ သော အ ရှင် ကို လက် ခံ သည် ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

37 အ​ကြင်​သူ​သည် ငါ့​မျက်​နှာ​ကို​ထောက်၍ ဤ​ကဲ့​သို့​သော သူ​ငယ် တစ်​စုံ​တစ်​ယောက်​ကို လက်​ခံ၏။ ထို​သူ​သည် ငါ့​ကို​ပင် လက်​ခံ၏။ ငါ့​ကို​လက်​ခံ​သော သူ​သည်​လည်း ငါ့​ကို​သာ လက်​ခံ​သည်​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို​ပင် လက်​ခံ​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

37 “ဤသို့​သော​ကလေး​သူငယ်​များ​ထဲမှ တစ်စုံတစ်ဦး​ကို ငါ​၏​နာမ​၌​လက်ခံ​သော​သူ​သည် ငါ့​ကို​လက်ခံ​၏။ ငါ့​ကို​လက်ခံ​သော​သူ​သည် ငါ့​ကို​မ​ဟုတ်​ဘဲ ငါ့​အား​စေလွှတ်​တော်မူ​သော​အရှင်​ကို​လက်ခံ​၏”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

37 “ငါ့​မျက်နှာ​ကို​ထောက်​၍ ဤကဲ့သို့သော​ကလေးငယ်​ကို လက်ခံသော​သူ​သည် ငါ့​ကို​လက်ခံ၏။ ငါ့​ကို လက်ခံသော​သူ​သည် ငါ့​ကို​သာမက ငါ့​ကို စေလွှတ်တော်မူသော ခမည်းတော်​ကိုလည်း လက်ခံ၏” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 9:37
13 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် ဤ​သူ​ငယ် တစ်​စုံ​တစ်​ယောက်​ကို မ​ထီ​မဲ့​မြင် မ​ပြု​မည်​အ​ကြောင်း သ​တိ​ရှိ​ကြ​လော့။ ငါ​ဆို​သည်​ကား၊ သူ​တို့၏ ကောင်း​ကင်​တ​မန်​တို့​သည် ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော ငါ့​အ​ဘ၏​မျက်​နှာ​တော်​ကို အ​စဉ်​မ​ပြတ် ဖူး​မြင်​ကြ၏။-


မင်း​ကြီး​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ဤ​သူ​တည်း​ဟူ​သော ငါ့​ညီ​တို့​တွင် အ​ငယ်​ဆုံး​သော သူ​တစ်​ယောက်​အား ပြု​ကြ​သ​မျှ​တို့​ကို ငါ့​အား​ပြု​ကြ​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ​လ​တ္တံ့။-


သူ​ငယ်​တစ်​ယောက်​ကို​လည်း​ယူ၍ သူ​တို့​အ​လယ်၌ ထား​ပြီး​မှ လက်​တော်​နှင့် ချီ​ပိုက်​လျက်၊-


သင်​တို့၏​စ​ကား​ကို နား​ထောင်​သော​သူ​သည် ငါ့​စ​ကား​ကို နား​ထောင်၏။ သင်​တို့​ကို ပယ်​သော​သူ​သည် ငါ့​ကို​ပယ်၏။ ငါ့​ကို​ပယ်​သော​သူ​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို ပယ်​သည်​ဟု မိန့်​တော်​မူ၏။-


အ​ကြင်​သူ​သည် ငါ့​မျက်​နှာ​ကို​ထောက်၍ ဤ​သူ​ငယ်​ကို​လက်​ခံ၏၊ ထို​သူ​သည် ငါ့​ကို​ပင်​လက်​ခံ၏။ ငါ့​ကို လက်​ခံ​သော​သူ​သည်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ​သော သူ​ကို​ပင်​လက်​ခံ၏။ သင်​တို့​တွင် အ​ငယ်​ဆုံး​သော​သူ​သည် သာ၍​ကြီး​မြတ်​သော​သူ ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-


ငါ​သည် ငါ့​ခ​မည်း​တော်​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။


ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​စေ​လွှတ်​သော​သူ​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ၏။ ငါ့​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို လက်​ခံ​သည်​ဟု မိန့်​တော်၏။-


သား​တော်​ကို ရို​သေ​စေ​မည်​အ​ကြောင်း၊ ခ​မည်း​တော်​သည် အ​ဘယ်​သူ​ကို​မျှ တ​ရား​စီ​ရင်​တော်​မ​မူ။ တ​ရား​စီ​ရင်​ခြင်း​အ​ခွင့် ရှိ​သ​မျှ​ကို သား​တော်​အား အပ်​ပေး​တော်​မူ၏။ သား​တော်​ကို မ​ရို​သေ​သော​သူ​သည်​ကား၊ သား​တော်​ကို​စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​ကို မ​ရို​သေ​သော​သူ​ဖြစ်၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ