Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 12:43 - မြန်မာ

43 အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဘုန်း​အ​သ​ရေ​ထက် လူ​တို့​ပေး​သော ဘုန်း​အ​သ​ရေ​ကို သာ၍​နှစ်​သက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

43 သူ​တို့​သည်​ကား​လူ​တို့​၏​အ​ချီး​အ​မွမ်း​ကို ပို​၍​နှစ်​သက်​ကြ​သူ​များ​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

43 အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဘုန်း​အ​သ​ရေ​ထက် လူ​တို့​ပေး​သော ဘုန်း​အ​သ​ရေ​ကို သာ၍​နှစ်​သက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

43 အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​ပေး​သော​ဘုန်း​အသရေ​ထက် လူ​တို့​ပေး​သော​ဘုန်း​အသရေ​ကို ပို၍​နှစ်သက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

43 အဘယ်ကြောင့်ဆိုသော် သူတို့​သည် ဘုရားသခင်​၏​ဂုဏ်ပြုချီးမွမ်းခြင်း​ထက် လူတို့​၏ ဂုဏ်ပြုချီးမွမ်းခြင်း​ကို ပို​၍ နှစ်သက်ကြ​သောကြောင့် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 12:43
20 ပူးပေါင်းရင်းမြစ်များ  

ထို​ကြောင့် သင်​သည် အ​လှူ​ဒါ​န​ကို ပေး​သော​အ​ခါ လျှို့​ဝှက်​သော​သူ တို့​သည် လူ​များ​အ​ချီး​အ​မွမ်း​ကို ခံ​လို၍ ပွဲ​သ​ဘင်​လမ်း​ခ​ရီး၌ မိ​မိ​တို့​ရှေ့​မှာ တံ​ပိုး​ခ​ရာ​မှုတ်​စေ​သည်​နည်း​တူ မ​ပြု​နှင့်။ ငါ​အ​မှန်​ဆို​သည်​ကား၊ ထို​သူ​တို့​သည် မိ​မိ​တို့​အ​ကျိုး​ကို ရ​ကြ​ပြီ။-


ယေ​ရှု​က​လည်း၊ သင်​တို့​သည် လူ​များ​ရှေ့​မှာ ဖြောင့်​မတ်​ဟန်​ဆောင်​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် သင်​တို့၏​စိတ်​နှ​လုံး​ကို သိ​မြင်​တော်​မူ၏။ လူ​သ​ဘော​အား​ဖြင့် အ​မြတ်​ထား​သော​အ​ရာ​သည် ဘု​ရား​သ​ခင့် ရှေ့​တော်၌ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်၏။-


သ​ခင်​က၊ သာ​ဓု၊ ငယ်​သား​ကောင်း၊ သင်​သည် အ​မှု​ငယ်၌ သ​စ္စာ​စောင့်​လေ​ပြီ။ မြို့​ဆယ်​မြို့​ကို အုပ်​စိုး​လော့​ဟု မိန့်​တော်​မူ၏။-


ငါ၏​အ​မှု​ကို ဆောင်​ရွက်​သော​သူ​ဖြစ်​လျှင် ငါ့​နောက်​သို့​လိုက်​ရ​မည်။ ငါ၏​အ​မှု​ဆောင်​သည်​လည်း ငါ​ရှိ​ရာ​အ​ရပ်၌ ရှိ​ရ​လိမ့်​မည်။ ငါ၏​အ​မှု​ကို​ဆောင်​ရွက်​သော​သူ​ဖြစ်​လျှင် ထို​သူ​ကို​ခ​မည်း​တော်​သည် ချီး​မြှောက်​တော်​မူ​လ​တ္တံ့။


လူ​ပေး​သော​ဘုန်း​အ​သ​ရေ​ကို ငါ​မ​ခံ။-


အ​ချင်း​ချင်း​ပေး​သော ဘုန်း​အ​သ​ရေ​ကို​သာ​ခံ၍၊ ဘု​ရား​သ​ခင်​သာ​လျှင် ပေး​တော်​မူ​တတ်​သော ဘုန်း​အ​သ​ရေ​ကို အ​လို​မ​ရှိ​သော​သင်​တို့​သည် အ​ဘယ်​သို့ ယုံ​ကြည်​နိုင်​မည်​နည်း။-


ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သော​သူ​သည် မိ​မိ​ဘုန်း​အ​သ​ရေ​ကို ရှာ​တတ်၏။ မိ​မိ​ကို​စေ​လွှတ်​တော်​မူ​သော​သူ၏ ဘုန်း​အ​သ​ရေ​ကို ရှာ​သော​သူ​မူ​ကား၊ ယုံ​လောက်​သော​သူ​ဖြစ်၏။ ထို​သူ၌ မု​သား​မ​ရှိ။-


ယေ​ရှု​က​လည်း၊ ငါ​သည် ကိုယ်​ဂုဏ်​ကို​ပြ​လျှင်၊ ငါ့​ဂုဏ်​သည် အ​ချည်း​နှီး​ဖြစ်၏။ ငါ့​ခ​မည်း​တော်​သည် ငါ့​ဂုဏ်​ကို ထင်​ရှား​စေ​တော်​မူ၏။ ထို​ဘု​ရား​သ​ခင်​သည် ငါ​တို့၏​ဘု​ရား​ဟူ၍ သင်​တို့​ခေါ်​ဝေါ်​တတ်​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ