နက်ဖြန်နေ့၌ ဂါလိလဲပြည်သို့ကြွခြင်းငှာ အလိုတော်ရှိလျှင် ဖိလိပ္ပုကိုတွေ့၍၊ ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏။-
ရှင်ယောဟန် 1:28 - မြန်မာ ယောဟန်သည် ဗတ္တိဇံကိုပေးရာအရပ်၊ ယော်ဒန်မြစ်တစ်ဖက် ဗေသနိရွာ၌ ဤအမှုအရာဖြစ်သတည်း။ Common Language Bible ယောဟန်ဗတ္တိဇံမင်္ဂလာပေးရာယော်ဒန်မြစ် အရှေ့ဘက်ကမ်းရှိဗေသနိရွာတွင်ဤအမှု အရာဖြစ်ပျက်သတည်း။ Garrad Bible ဤအခြင်းအရာများသည် ဗတ္တိဇံမင်္ဂလာကိုယောဟန်ပေးလျက်နေရာ ယော်ဒန်မြစ်တစ်ဖက်၊ ဗေသနိရွာတွင် ဖြစ်ပျက်သတည်း။ Judson Bible ယောဟန်သည် ဗတ္တိဇံကိုပေးရာအရပ်၊ ယော်ဒန်မြစ်တစ်ဖက် ဗေသနိရွာ၌ ဤအမှုအရာဖြစ်သတည်း။ မြန်မာ့စံမီသမ္မာကျမ်း ဤအခြင်းအရာတို့သည် ယောဟန်ဗတ္တိဇံပေးနေသော ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၊ ဗေသနိရွာတွင်ဖြစ်ပျက်ခဲ့၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအဖြစ်အပျက်သည် ယောဟန်နှစ်ခြင်းမင်္ဂလာပေးလျက်ရှိသော ဂျော်ဒန်မြစ်တစ်ဖက်ကမ်း ဗေသနိရွာတွင် ဖြစ်ပျက်ခဲ့၏။ |
နက်ဖြန်နေ့၌ ဂါလိလဲပြည်သို့ကြွခြင်းငှာ အလိုတော်ရှိလျှင် ဖိလိပ္ပုကိုတွေ့၍၊ ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏။-
ယောဟန်သည် ဗတ္တိဇံကို ရှေ့ဦးစွာပေးရာအရပ်၊ ယော်ဒန်မြစ်တစ်ဖက်သို့ တစ်ဖန်ကြွ၍ ထိုအရပ်၌ နေတော်မူ၏။-
ထိုဆီမွှေးကို ဒေနာရိအပြားသုံးရာအဖိုးနှင့် ရောင်း၍ ဆင်းရဲသောသူတို့အား အဘယ်ကြောင့် မပေးသနည်းဟုဆို၏။-
ယောဟန်သည်လည်း၊ ရှာလိမ်မြို့နှင့်အနီး အဲနုန်အရပ်၌ ရေများသောကြောင့်၊ ဗတ္တိဇံကိုပေး၍ နေသဖြင့်၊ လူများတို့သည်လာ၍ ဗတ္တိဇံကို ခံကြ၏။-
ယောဟန်ထံသို့လာ၍၊ အရှင်ဘုရား၊ ယော်ဒန်မြစ်တစ်ဖက်၌ ကိုယ်တော်နှင့်တကွရှိ၍၊ ကိုယ်တော် သက်သေပေးသောသူသည် ဗတ္တိဇံကိုပေးလျက်နေ၏။ ထိုသူထံသို့ လူအပေါင်းတို့သည် ရောက်ကြပါ၏ဟု လျှောက်လျှင်၊-