ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက်နေရသကဲ့သို့၊ လူသားသည် မြေကြီးထဲမှာ သုံးရက်နေရလတ္တံ့။-
ရှင်မာကု 8:31 - မြန်မာ ထိုမှတစ်ပါး၊ လူသားသည် များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကိုလည်းကောင်း၊ အသေသတ်ခြင်းကိုလည်းကောင်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို တပည့်တော်တို့အား ပြစပြုတော်မူ၏။- Common Language Bible ကိုယ်တော်က ``လူသားသည်ဒုက္ခဝေဒနာများစွာ ခံတော်မူရမည်။ ဘာသာရေးခေါင်းဆောင်များ၊ ယဇ် ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများ သည်လူသားကိုပစ်ပယ်ကြလိမ့်မည်။ သူသည် အသတ်ခံရမည်။ သို့သော်အသတ်ခံရပြီးနောက် သုံးရက်ကြာသော်ရှင်ပြန်ထမြောက်လိမ့်မည်'' ဟု တပည့်တော်တို့အားသွန်သင်တော်မူ၏။- Garrad Bible လူ့ သား သည် ဒု က္ခ များ စွာ ခံ ရ မည့် အ ကြောင်း လူ ကြီး များ၊ ပ ရော ဟိတ် ကြီး များ နှင့် ကျမ်း တတ် ဆ ရာ များ တို့ ငြင်း ပယ် ခြင်း ကို ခံ ရ မည့် အ ကြောင်း၊ အ သေ ခံ ပြီး နောက် သုံး ရက် လည် လျှင် ရှင် ပြန် ထ မြောက် ရ မည့် အ ကြောင်း များ ကို တ ပည့် တော် တို့ အား အ တည့် အ လင်း ပြ သ မိန့် ဆို တော် မူ သ ဖြင့် Judson Bible ထိုမှတစ်ပါး၊ လူသားသည် များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကိုလည်းကောင်း၊ အသေသတ်ခြင်းကိုလည်းကောင်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို တပည့်တော်တို့အား ပြစပြုတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်က လူ့သားသည် ဒုက္ခဝေဒနာများစွာခံစားရလျက် သက်ကြီးဝါကြီးများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့်ကျမ်းပြုဆရာများ၏ငြင်းပယ်ခြင်းကိုခံရပြီး အသေသတ်ခြင်းခံရကာ သုံးရက်ကြာသောအခါ ထမြောက်ရမည်ဖြစ်ကြောင်းကို တပည့်တော်တို့အား သွန်သင်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုက လူသားသည် ပြင်းစွာသောဒုက္ခဝေဒနာကို ခံရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများတို့၏ ငြင်းပယ်ခြင်းနှင့် အသေသတ်ခြင်းကိုလည်း ခံရမည်။ သုံးရက်မြောက်နေ့တွင် သေခြင်းမှထမြောက်တော်မူလိမ့်မည်ဟူသော အကြောင်းအရာများကို သွန်သင်တော်မူ၏။ |
ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက်နေရသကဲ့သို့၊ လူသားသည် မြေကြီးထဲမှာ သုံးရက်နေရလတ္တံ့။-
ယေရှုကလည်း၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တစ်ဖန် တိုက်ထောင့်အထွတ်ဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရား ပြုတော်မူသောအမှု ဖြစ်၏။ ငါတို့ မျက်မှောက်၌လည်း အံ့ဩဖွယ်ဖြစ်၏ ဟူသောစကားကို ကျမ်းစာ၌ သင်တို့သည် တစ်ရံတစ်ခါမျှ မဖတ်ဖူးသလော။-
ထိုလှည့်ဖြားသောသူက၊ ငါသည် သုံးရက်မြောက်သောနေ့၌ ထမြောက်မည်ဟု မသေမီပြောသည်ကို အကျွန်ုပ်တို့ မှတ်မိပါပြီ။-
တိုက်ကို တည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တစ်ဖန် တိုက်ထောင့် အထွတ်ဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရား ပြုတော်မူသောအမှု ဖြစ်၏။-
ထိုသို့မဖြစ်မီ သူသည် များစွာသော ဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။
ခရစ်တော်သည် ဤသို့ပင် အသေခံ၍ မိမိဘုန်းစည်းစိမ်တော်ကို ဝင်စားရမည်မဟုတ်လောဟု မိန့်တော်မူ၏။-
တစ်ဖန် မိန့်တော်မူသည်ကား၊ မောရှေ၏ ပညတ္တိကျမ်းစာ၌လည်းကောင်း၊ ပရောဖက်တို့၏ ကျမ်းစာ၌လည်းကောင်း၊ ဆာလံကျမ်းစာ၌လည်းကောင်း၊ ငါ့ကိုရည်မှတ်၍ ရေးထားသမျှသောအချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ သင်တို့အား ဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာပေတည်းဟု မိန့်တော်မူ၏။-
ငါ့ကိုပယ်၍ ငါ့စကားကို နားမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသောစကားပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။-
ယေရှုကလည်း၊ ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့။ သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်ဟု မိန့်တော်မူ၏။-