ရှေးလူဟောင်းတို့မှ ဆက်ခံသော နည်းဥပဒေကို ကိုယ်တော်၏တပည့်တို့သည် အဘယ်ကြောင့် လွန်ကျူးကြပါသနည်း။ သူတို့သည် လက်မဆေးဘဲ အစာစားကြပါသည်တကားဟု လျှောက်ကြလျှင်၊-
ရှင်မာကု 7:2 - မြန်မာ တပည့်တော်အချို့တို့သည် ညစ်ညူးသောလက်တည်းဟူသော ရေမဆေးသောလက်နှင့် အစာစားသည်ကိုမြင်လျှင် အပြစ်တင်ကြ၏။- Common Language Bible သူတို့သည်မဆေးကြောမစင်ကြယ်သော လက်များနှင့် တပည့်တော်တို့စားသောက်နေ ကြသည်ကိုတွေ့မြင်ကြ၏။ Garrad Bible လက် မ ဆေး ဟု ဆို လို သော မ သန့် သော လက် ဖြင့် တ ပည့် တော် အ ချို့ အ စာ စား သည် ကို မြင် ကြ၏။ Judson Bible တပည့်တော်အချို့တို့သည် ညစ်ညူးသောလက်တည်းဟူသော ရေမဆေးသောလက်နှင့် အစာစားသည်ကိုမြင်လျှင် အပြစ်တင်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း တပည့်တော်အချို့တို့သည် မစင်ကြယ်သောလက်၊ တစ်နည်းဆိုသော် မဆေးထားသောလက်ဖြင့် အစာစားနေကြသည်ကို တွေ့မြင်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ တပည့်တော်တချို့သည် အစာမစားမီ ဂျူးဓလေ့ထုံးတမ်းအရ လက်ဆေးခြင်းအစဉ်အလာကို လိုက်နာဆောင်ရွက်ခြင်း မရှိကြောင်း ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက တွေ့မြင်ကြ၏။ |
ရှေးလူဟောင်းတို့မှ ဆက်ခံသော နည်းဥပဒေကို ကိုယ်တော်၏တပည့်တို့သည် အဘယ်ကြောင့် လွန်ကျူးကြပါသနည်း။ သူတို့သည် လက်မဆေးဘဲ အစာစားကြပါသည်တကားဟု လျှောက်ကြလျှင်၊-
ထိုအခါ ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့က၊ ရှေးလူဟောင်းတို့မှ ဆက်ခံသော နည်းဥပဒေသကို ကိုယ်တော်၏ တပည့်တို့သည် မကျင့်ဘဲလျက် အဘယ်ကြောင့် ညစ်ညူးသောလက်နှင့် အစာစားကြပါသနည်းဟု မေးလျှောက်ကြလျှင်၊ ကိုယ်တော်က၊ ကျမ်းစာလာသည်အတိုင်း၊-
အစာကိုမစားမီ ဆေးခြင်းကို ပြုတော်မမူသည်ကို ဖာရိရှဲသည်မြင်လျှင် အံ့ဩလေ၏။-