ထိုသူအား၊ သင်၏လက်ကို ဆန့်လော့ဟု မိန့်တော်မူ၍၊ သူသည် မိမိလက်ကိုဆန့်လျှင် ထိုလက်သည် လက်တစ်ဖက်ကဲ့သို့ ပကတိဖြစ်လေ၏။-
ရှင်မာကု 3:5 - မြန်မာ ထိုအခါ အမျက်တော်နှင့် သူတို့ကို ပတ်လည်ကြည့်ရှု၍ သူတို့စိတ်နှလုံး မိုက်သောကြောင့် ဝမ်းနည်းတော်မူခြင်းရှိလျက်၊ သင်၏လက်ကိုဆန့်လော့ဟု ထိုသူအား မိန့်တော်မူ၍ သူသည် မိမိလက်ကိုဆန့်လျှင်၊ ထိုလက်သည် လက်တစ်ဖက်ကဲ့သို့ ပကတိဖြစ်လေ၏။- Common Language Bible ထိုသူတို့မှာသနားကြင်နာစိတ်ကင်းမဲ့သည့် အတွက် ကိုယ်တော်သည်ဝမ်းနည်း၍အမျက်ထွက် လျက်သူတို့အားလှည့်ကြည့်တော်မူပြီးလျှင် လက်သေသူအား ``သင်၏လက်ကိုဆန့်လော့'' ဟုမိန့်တော်မူ၏။- Garrad Bible ထို ကာ လ သူ တို့ စိတ် နှ လုံး ခဲ ယဉ်း ခြင်း ကြောင့် ဝမ်း နည်း၍ အ မျက် တော် ထွက် လျက် သူ တို့ ကို လှည့် ကြည့် ပြီး လျှင် လက် ဆန့် လော ဟု သူ နာ အား မိန့် တော် မူ သော် ဆန့် လိုက် သ ဖြင့် သန် စွမ်း ပြန် လေ၏။ Judson Bible ထိုအခါ အမျက်တော်နှင့် သူတို့ကို ပတ်လည်ကြည့်ရှု၍ သူတို့စိတ်နှလုံး မိုက်သောကြောင့် ဝမ်းနည်းတော်မူခြင်းရှိလျက်၊ သင်၏လက်ကိုဆန့်လော့ဟု ထိုသူအား မိန့်တော်မူ၍ သူသည် မိမိလက်ကိုဆန့်လျှင်၊ ထိုလက်သည် လက်တစ်ဖက်ကဲ့သို့ ပကတိဖြစ်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်တော်သည် အမျက်တော်ဖြင့် ပတ်ပတ်လည်သို့ကြည့်ရှုတော်မူပြီး သူတို့၏စိတ်နှလုံးမာကျောမှုအတွက် အလွန်ဝမ်းနည်း၍ လက်တစ်ဖက်သေသောသူအား“သင်၏လက်ကိုဆန့်လော့”ဟု မိန့်တော်မူ၏။ သူသည်လည်း လက်ကိုဆန့်လိုက်ရာ သူ၏လက်သည် အကောင်းပကတိဖြစ်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် အမျက်တော်ဖြင့် ထိုသူတို့ပတ်လည်သို့ ကြည့်ပြီးမှ သူတို့၏ ခေါင်းမာမှုအတွက် ဝမ်းနည်းတော်မူ၏။ ထို့နောက် လက်တစ်ဖက်သေသောသူအား “သင်၏လက်ကို ဆန့်လော့” ဟု မိန့်တော်မူ၏။ ထိုသူသည် လက်ကိုဆန့်သောအခါ သူ၏လက်သည် အကောင်းပကတိအတိုင်း ဖြစ်လေ၏။ |
ထိုသူအား၊ သင်၏လက်ကို ဆန့်လော့ဟု မိန့်တော်မူ၍၊ သူသည် မိမိလက်ကိုဆန့်လျှင် ထိုလက်သည် လက်တစ်ဖက်ကဲ့သို့ ပကတိဖြစ်လေ၏။-
ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သလော၊ သူ့အကျိုးကို ဖျက်ဆီးအပ်သလော၊ အသက်ကို ကယ်အပ်သလော၊ သတ်အပ်သလောဟု ပရိသတ်တို့အား မေးတော်မူလျှင်၊ ထိုသူတို့သည် တိတ်ဆိတ်စွာနေကြ၏။-
သခင်ဘုရားကလည်း၊ လျှို့ဝှက်သောသူ၊ သင်တို့ရှိသမျှသည် ဥပုသ်နေ့၌ မြင်း၊ နွားကို တင်းကုပ်မှ လွှတ်၍ ရေတိုက်ခြင်းငှာ ဆောင်သွားတတ်သည် မဟုတ်လော။-
ယေရှုသည် မြင်တော်မူလျှင်၊ သင်တို့သည် ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်းသို့ ရောက်ကြ၏။-
ထိုသူအပေါင်းတို့ကို ပတ်လည်ကြည့်ရှုလျက်၊ သင်၏လက်ကို ဆန့်လော့ဟု ထိုသူအားမိန့်တော်မူ၍ သူသည် မိမိလက်ကိုဆန့်လျှင်၊ ထိုလက်သည် လက်တစ်ဖက်ကဲ့သို့ ပကတိဖြစ်လေ၏။-
သင်သွားလော့။ ရှိလောင်ရေကန်၌ မျက်စိကိုဆေးလော့ဟု မိန့်တော်မူ၏။ ရှိလောင်အနက်ကား စေလွှတ်သည်ဟု ဆိုလိုသတည်း။ ထိုသူသည် သွား၍ဆေးပြီးမှ၊ မျက်စိမြင်လျက်ပြန်လေ၏။