ယေရုရှလင်မြို့မှလာသော ကျမ်းပြုဆရာတို့ကလည်း၊ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။-
ရှင်မာကု 3:30 - မြန်မာ အဘယ်ကြောင့် ဤသို့ မိန့်တော်မူသနည်းဟူမူကား၊ ကိုယ်တော်သည် ညစ်ညူးသောနတ်စွဲသောသူ ဖြစ်သည်ဟု ဆိုကြသတည်း။ Common Language Bible (ဤသို့ကိုယ်တော်မိန့်တော်မူရခြင်းအကြောင်း မှာလူအချို့တို့က ကိုယ်တော်အားညစ်ညမ်း သောနတ်စွဲကပ်သူဟုစွပ်စွဲကြသောကြောင့် ဖြစ်၏။) Judson Bible အဘယ်ကြောင့် ဤသို့ မိန့်တော်မူသနည်းဟူမူကား၊ ကိုယ်တော်သည် ညစ်ညူးသောနတ်စွဲသောသူ ဖြစ်သည်ဟု ဆိုကြသတည်း။ မြန်မာ့စံမီသမ္မာကျမ်း ဤသို့မိန့်တော်မူခြင်းမှာ သူတို့က “ကိုယ်တော်ကို ညစ်ညူးသောနတ်ပူးနေသည်”ဟု ပြောဆိုကြသောကြောင့်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ မိန့်တော်မူရခြင်းမှာ လူတို့က “သူသည် နတ်ဆိုးပူးနေသူဖြစ်သည်” ဟု ပြောဆိုကြသောကြောင့်ဖြစ်၏။ |
ယေရုရှလင်မြို့မှလာသော ကျမ်းပြုဆရာတို့ကလည်း၊ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။-
သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူသည် အပြစ်လွတ်စေခြင်းအခွင့်ကို အဘယ်ကာလ၌မျှ မရနိုင်ကြ။ ထာဝရအပြစ်ဒဏ်ကို ခံရသောသူဖြစ်ပေ၏ဟု မိန့်တော်မူ၏။-
ထိုအခါ မယ်တော်နှင့် ညီတော်တို့သည် လာ၍ ပြင်မှာရပ်နေလျက်၊ တစ်စုံတစ်ယောက်သောသူကို ကိုယ်တော်ထံသို့ စေလွှတ်၍ ခေါ်ကြ၏။-
လူများတို့က၊ သူသည် နတ်ဆိုးစွဲ၍အရူးဖြစ်၏။ သူ့စကားကို အဘယ်ကြောင့်နားထောင်သနည်းဟု ဆိုကြ၏။-