တပည့်သည် ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည်သခင်ကဲ့သို့လည်းကောင်း ဖြစ်လျှင် သင့်လောက်ပေ၏။ အိမ်ရှင်ကို ဗေလဇေဗုလဟု ခေါ်ဝေါ်ကြလျှင်၊ အိမ်သူအိမ်သားတို့ကို သာ၍ ခေါ်ဝေါ်ကြလိမ့်မည်။-
ရှင်မာကု 3:22 - မြန်မာ ယေရုရှလင်မြို့မှလာသော ကျမ်းပြုဆရာတို့ကလည်း၊ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။- Common Language Bible ယေရုရှလင်မြို့မှရောက်လာကြသောကျမ်းတတ် ဆရာများက ``ကိုယ်တော်သည်ဗေလဇေဗုလ နတ်မိစ္ဆာစွဲကပ်သူဖြစ်သည်။ ထိုနတ်မိစ္ဆာဘုရင် ကိုအမှီပြု၍ နတ်မိစ္ဆာများကိုနှင်ထုတ်သည်'' ဟု ဆိုကြ၏။ Garrad Bible ယေ ရု ရှ လင် မြို့ မှ ရောက် လာ သော ကျမ်း တတ် ဆ ရာ တို့ က လည်း၊ ဗေ လ ဇေ ဗု လ နတ် ကပ် သည်။ ထို နတ် မင်း ကို မှီ ပြီး လျှင် နတ် များ ကို နှင် ထုတ် သည် ဟု ဆို ကြ သော်၊ Judson Bible ယေရုရှလင်မြို့မှလာသော ကျမ်းပြုဆရာတို့ကလည်း၊ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဂျေရုဆလင်မြို့မှဆင်းလာသော ကျမ်းပြုဆရာတို့ကလည်း “သူ့ကို ဗေလဇေဗုလနတ်ပူးနေသည်”ဟူ၍လည်းကောင်း၊ “သူသည် နတ်ဆိုးတို့၏အကြီးအကဲကိုအမှီပြုလျက် နတ်ဆိုးတို့ကိုနှင်ထုတ်သည်”ဟူ၍လည်းကောင်း ပြောဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ဂျေရုဆလင်မြို့မှ ရောက်လာကြသော ကျမ်းတတ်ဆရာများက “သူသည် နတ်ဆိုးမင်းဗေလဇေဗုလ ပူးနေသူဖြစ်၏။ ထိုနတ်ဆိုး၏တန်ခိုးဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်သည်” ဟု ပြောဆိုကြ၏။ |
တပည့်သည် ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည်သခင်ကဲ့သို့လည်းကောင်း ဖြစ်လျှင် သင့်လောက်ပေ၏။ အိမ်ရှင်ကို ဗေလဇေဗုလဟု ခေါ်ဝေါ်ကြလျှင်၊ အိမ်သူအိမ်သားတို့ကို သာ၍ ခေါ်ဝေါ်ကြလိမ့်မည်။-
အကြောင်းမူကား၊ ယောဟန်သည် မစားမသောက်ဘဲ လာသည်ရှိသော်၊ သူတို့က ဤသူသည် နတ်ဆိုးစွဲသောသူ ပါတကားဟု ဆိုကြ၏။-
ဖာရိရှဲတို့သည် ကြားလျှင်၊ ဤသူသည် နတ်ဆိုးမင်းဗေလဇေဗုလကို အမှီပြု၍သာ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။-
ထိုအခါ ယေရုရှလင်မြို့သား ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့သည် ချဉ်းကပ်ပြီးလျှင်၊-
ဖာရိရှဲတို့ကလည်း၊ နတ်ဆိုးအကြီးကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ပြောဆိုကြ၏။-
ထိုအခါ ဖာရိရှဲတို့နှင့် ယေရုရှလင်မြို့မှရောက်လာသော ကျမ်းပြုဆရာအချို့တို့သည် အထံတော်၌ စုဝေး၍၊-
အချို့တို့က ဤသူသည် နတ်ဆိုးမင်း ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။-
တစ်နေ့သ၌ ကိုယ်တော်သည် ဆုံးမဩဝါဒပေးတော်မူစဉ် ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ဂါလိလဲပြည် မြို့ရွာများတို့က ရောက်လာသော ဖာရိရှဲတို့နှင့် နိဿရည်းဆရာတို့သည် ထိုင်လျက်ရှိကြ၏၊ အနာရောဂါ ငြိမ်းစေခြင်းငှာ သခင်ဘုရား၏ တန်ခိုးတော်သည် ထင်ရှား၏။-
လူအစုအဝေးကလည်း၊ သင်သည် နတ်ဆိုးစွဲသောသူဖြစ်၏။ သင့်ကို သတ်အံ့သောငှာ အဘယ်သူရှာကြံသနည်းဟု ဆိုကြ၏။-
ယုဒလူတို့ကလည်း၊ သင်သည် ရှမာရိလူဖြစ်၏။ နတ်ဆိုးစွဲသောသူလည်းဖြစ်၏ဟု ငါတို့ပြောသောစကားသည် လျောက်ပတ်သည်မဟုတ်လောဟု ဆိုကြ၏။-
ယုဒလူတို့ကလည်း၊ သင်၌နတ်ဆိုးစွဲသည်ကို ယခုငါတို့သိကြ၏။ အာဗြဟံမှစ၍ ပရောဖက်တို့သည် သေလွန်ကြပြီ။ သင်မူကား၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့်မည်ဟု ဆိုပါသည်တကား။-