လူအချို့တို့က၊ ဥပုသ်နေ့၌ ရောဂါကို ငြိမ်းစေအပ်သလောဟု ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ မေးလျှောက်ကြ၏။-
ရှင်မာကု 3:2 - မြန်မာ ဥပုသ်နေ့၌ သူ၏ရောဂါကိုငြိမ်းစေမည် မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ ချောင်းကြည့်ကြ၏။- Common Language Bible ထိုနေရာရှိလူတို့သည်ကိုယ်တော်ကိုပြစ်တင် စွပ်စွဲရန်အလို့ငှာ သူ၏ရောဂါကိုဥပုသ်နေ့၌ ကိုယ်တော်ပျောက်ကင်းစေတော်မူမည်၊ မမူမည် ကိုစောင့်ကြည့်နေကြ၏။- Garrad Bible ကိုယ် တော် ကို အ ပြစ် စွဲ ဆို လို၍ ဥ ပုသ် နေ့ တွင် ထို သူ နာ ကို ကျန်း မာ စေ တော် မူ မည် မ မူ မည် စောင့် ကြည့် လျက် နေ ကြ သည့် ကာ လ၊ ကိုယ် တော် က လက် သေ ခြောက် သူ့ အား၊ Judson Bible ဥပုသ်နေ့၌ သူ၏ရောဂါကိုငြိမ်းစေမည် မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ ချောင်းကြည့်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် ကိုယ်တော်ကိုစွပ်စွဲနိုင်ရန်အတွက် ဥပုသ်နေ့၌ ထိုသူအား အကောင်းပကတိဖြစ်စေမည်၊ မဖြစ်စေမည်ကို စောင့်ကြည့်နေကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်စွပ်စွဲလိုသဖြင့် ယေရှုသည် ဥပုသ်နေ့တွင် ထိုသူအား ကုသမည်၊ မကုသမည်ကို စောင့်ကြည့်နေကြ၏။ |
လူအချို့တို့က၊ ဥပုသ်နေ့၌ ရောဂါကို ငြိမ်းစေအပ်သလောဟု ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ မေးလျှောက်ကြ၏။-
ကိုယ်တော်ကလည်း၊ အလယ်၌ မတ်တတ်နေလော့ဟု လက်တစ်ဖက်သေသောသူအား မိန့်တော်မူပြီးမှ၊-
တစ်နေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် အစာကိုသုံးဆောင်ခြင်းငှာ အရာရှိဖြစ်သော ဖာရိရှဲတစ်ယောက်၏အိမ်သို့ ဝင်တော်မူလျှင်၊ ထိုသူတို့သည် ကိုယ်တော်ကို ချောင်းကြည့်ကြ၏။-
ထိုအခါ ဖာရိရှဲတို့သည် ကိုယ်တော်ကို ချောင်းမြောင်းလျက်၊ စကားတော်၌ အပြစ်ကိုရှာ၍ မြို့ဝန်မင်းလက်သို့ အပ်နှံသောအခွင့်ကိုရခြင်းငှာ သူတော်ကောင်းဖြစ်ယောင်ဆောင်သော သူလျှိုတို့ကို အထံတော်သို့ စေလွှတ်ကြ၏။-
ဥပုသ်နေ့၌ သူ၏ရောဂါကို ငြိမ်းစေမည် မငြိမ်းစေမည်ကို ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ ချောင်းကြည့်ကြ၏။-
ထိုသို့လျှောက်ကြသော်၊ ကိုယ်တော်၌ အပြစ်တင်ခွင့်ရှိစေခြင်းငှာ၊ စုံစမ်းနှောင့်ယှက်သောအားဖြင့် လျှောက်ကြ၏။ ယေရှုသည် အောက်သို့ငုံ့လျက် လက်ညှိုးတော်နှင့် မြေ၌ရေးသား၍နေတော်မူ၏။-
ဖာရိရှဲအချို့တို့က၊ ထိုသူသည် ဥပုသ်မစောင့်။ ဘုရားသခင်စေလွှတ်တော်မူသောသူ မဟုတ်ဟု ဆိုကြ၏။ အချို့တို့က၊ ဆိုးသောသူသည် ဤသို့သော နိမိတ်လက္ခဏာတို့ကို အဘယ်သို့ပြနိုင်သနည်းဟု ဆိုကြ၏။ ထိုသို့အချင်းချင်း မသင့် ကွဲပြားခြင်းသို့ရောက်၏။-