Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 12:10 - မြန်မာ

10 လူ​အ​ချို့​တို့​က၊ ဥ​ပုသ်​နေ့၌ ရော​ဂါ​ကို ငြိမ်း​စေ​အပ်​သ​လော​ဟု ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍ မေး​လျှောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 တ​ရား​ဇ​ရပ်​ထဲ​တွင်​လက်​တစ်​ဖက်​သေ​သူ​လူ တစ်​ယောက်​ရှိ​၏။ လူ​အ​ချို့​တို့​သည်​ကိုယ်​တော်​ကို ပြစ်​တင်​စွပ်​စွဲ​လို​၍ ``ဥ​ပုသ်​နေ့​၌​အ​နာ​ရော​ဂါ ပျောက်​ကင်း​စေ​အပ်​ပါ​သ​လော'' ဟု​မေး​လျှောက် ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 လက် တစ် ဖက် သေ ခြောက် လျက် နေ သော လူ တစ် ယောက် ရှိ သ ဖြင့် ကိုယ် တော် ကို အ ပြစ် စွဲ ဆို လို၍ သူ တို့ က ဥ ပုသ် နေ့ တွင် သူ နာ ကို ကျန်း မာ စေ အပ် သ လော ဟု မေး မြန်း ကြ သည့် ကာ လ

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 လူ​အ​ချို့​တို့​က၊ ဥ​ပုသ်​နေ့၌ ရော​ဂါ​ကို ငြိမ်း​စေ​အပ်​သ​လော​ဟု ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍ မေး​လျှောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ထို​နေရာ​၌ လက်​တစ်​ဖက်​သေ​သော​သူ​တစ်​ဦး​ရှိ​၍ သူ​တို့​သည် ကိုယ်တော်​ကို​စွပ်စွဲ​နိုင်​ရန်​အတွက် “ဥပုသ်နေ့​၌ အနာရောဂါ​ကို​ငြိမ်း​စေ​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော”​ဟု ကိုယ်တော်​အား​မေးလျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ထို​နေရာ​၌ လက်တစ်ဖက်​သေသော လူ​တစ်ဦး​ကို ယေရှု​သည် တွေ့မြင်တော်မူ၏။ ဖာရိရှဲတို့​ကလည်း ယေရှု​ကို ပြစ်တင်​စွပ်စွဲ​လို​သဖြင့် “ဥပုသ်နေ့​၌ အနာရောဂါ​ကို ကုသပေးခြင်း​သည် ပညတ်တော်​နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 12:10
21 ပူးပေါင်းရင်းမြစ်များ  

ဖာ​ရိ​ရှဲ​တို့​သည် မြင်​လျှင်၊ ကိုယ်​တော်၏ တ​ပည့်​တို့​သည် ဥ​ပုသ်​နေ့၌ မ​ပြု​အပ်​သော​အ​မှု​ကို ပြု​ကြ​ပါ​သည် တ​ကား​ဟု လျှောက်​ကြ​သော်၊-


ဖာ​ရိ​ရှဲ​တို့​သည် အ​ထံ​တော်​သို့​လာ၍ လူ​သည် ခပ်​သိမ်း​သော​အ​ပြစ်​ကြောင့် မိ​မိ​မ​ယား​နှင့် ကွာ​အပ်​သ​လော​ဟု စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ မေး​လျှောက်​ကြ​သော်၊-


ဥ​ပုသ်​နေ့၌ သူ၏​ရော​ဂါ​ကို​ငြိမ်း​စေ​မည် မ​ငြိမ်း​စေ​မည်​ကို ထို​သူ​တို့​သည် ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍ ချောင်း​ကြည့်​ကြ၏။-


ချောင်း​မြောင်း​လျက် စ​ကား​တော်​ကို​ဖမ်း​ခြင်း​ငှာ ရှာ​ကြံ​လျက်၊ ကျပ်​ကျပ်​တိုက်​တွန်း၍ အ​ရာ​ရာ​တို့၌ မေး​စစ်​ကြ၏။


ထို​သို့ ဥ​ပုသ်​နေ့၌ ယေ​ရှု​သည် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ​သော​ကြောင့် တ​ရား​ဇ​ရပ်​မှူး​သည် အ​မျက်​ထွက်၍၊ အ​လုပ်​လုပ်​ရ​သော​နေ့​ရက် ခြောက်​ရက်​ရှိ၏။ ထို​နေ့​ရက်​တွင်​လာ၍ အ​နာ​ရော​ဂါ​ငြိမ်း​စေ​ခြင်း ကျေး​ဇူး​ကို ခံ​ကြ​လော့။ ဥ​ပုသ်​နေ့၌ မ​လာ​မ​ခံ​ကြ​နှင့်​ဟု ပ​ရိ​သတ်​တို့​အား​ဆို၏။-


အ​ကျွန်ုပ်​တို့​သည် ကဲ​သာ​ဘု​ရင်​အား အ​ခွန်​ကို ဆက်​အပ်​သ​လော၊ မ​ဆက်​အပ်​သ​လော​ဟု မေး​လျှောက်​ကြ၏။-


ပြည်​သူ​ပြည်​သား​များ​ကို ပုန်​ကန်​စေ​သော​သူ​ကဲ့​သို့ ဤ​လူ​ကို သင်​တို့​သည် ငါ့​ထံ​သို့ ပို့​ဆောင်​ကြ​သည်​ဖြစ်၍၊ သင်​တို့​ရှေ့​မှာ ငါ​စစ်​ကြော​သော်​လည်း၊ သင်​တို့ တင်​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​ကို​မျှ သူ၌​ငါ​မ​တွေ့။-


ဤ​သူ​သည် ပြည်​သူ​ပြည်​သား​များ​ကို လှည့်​ဖြား၍၊ မိ​မိ​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ရှင်​ဘု​ရင်​ဖြစ်​ကြောင်း​ကို​ဆို​လျက်၊ ကဲ​သာ​ဘု​ရင်​ကို အ​ခွန်​မ​ဆက်​နှင့်​ဟု မြစ်​တား​သည်​ကို အ​ကျွန်ုပ်​တို့​တွေ့​ပါ​ပြီ​ဟု အ​ပြစ်​တင်​ကြ၏။-


ထို​နေ့​သည် ဥ​ပုသ်​နေ့​ဖြစ်၏။ ထို​ကြောင့် ယု​ဒ​လူ​တို့​က၊ ဥ​ပုသ်​နေ့​ဖြစ်၏။ အိပ်​ရာ​ကို မ​ဆောင်​အပ်​ဟု ရော​ဂါ​ကင်း​သော သူ​အား​ဆို​ကြ၏။-


ထို​က​နား​ပြင်​တို့၌ မျက်​စိ​ကန်း၊ ခြေ​မ​စွမ်း၊ ကိုယ်​ပိန်​ခြောက်​သော​သူ​တို့​မှ​စ၍ အ​နာ​ရော​ဂါ​စွဲ​သော​သူ​များ အ​ပေါင်း​တို့​သည် ရေ​လှုပ်​ရှား​ခြင်း​ကို မျှော်​လင့်၍ နေ​ကြ၏။-


မော​ရှေ၏​တ​ရား​မ​ပျက်​စေ​ခြင်း​ငှာ လူ​သည်​ဥ​ပုသ်​နေ့၌ အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​ရ​လျှင်၊ ငါ​သည် ဥ​ပုသ်​နေ့၌ လူ​တစ်​ကိုယ်​လုံး​ကို ကျန်း​မာ​စေ​သော​ကြောင့်၊ သင်​တို့​သည် ငါ့​ကို အ​မျက်​ထွက်​ရာ​သ​လော။-


ထို​သို့​လျှောက်​ကြ​သော်၊ ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ စုံ​စမ်း​နှောင့်​ယှက်​သော​အား​ဖြင့် လျှောက်​ကြ၏။ ယေ​ရှု​သည် အောက်​သို့​ငုံ့​လျက် လက်​ညှိုး​တော်​နှင့် မြေ၌​ရေး​သား၍​နေ​တော်​မူ၏။-


ဖာ​ရိ​ရှဲ​အ​ချို့​တို့​က၊ ထို​သူ​သည် ဥ​ပုသ်​မ​စောင့်။ ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သော​သူ မ​ဟုတ်​ဟု ဆို​ကြ၏။ အ​ချို့​တို့​က၊ ဆိုး​သော​သူ​သည် ဤ​သို့​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို အ​ဘယ်​သို့​ပြ​နိုင်​သ​နည်း​ဟု ဆို​ကြ၏။ ထို​သို့​အ​ချင်း​ချင်း မ​သင့် ကွဲ​ပြား​ခြင်း​သို့​ရောက်၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ