ဥပုသ်နေ့လွန်၍ ခုနစ်ရက်တွင် ပထမနေ့ရက် မိုးလင်းအံ့ဆဲဆဲအချိန်၌၊ မာဂဒလမာရိနှင့် အခြားသော မာရိသည် သင်္ချိုင်းတော်ကို အကြည့်အရှုသွားကြ၏။-
ရှင်မာကု 16:2 - မြန်မာ ခုနစ်ရက်တွင် ပထမနေ့ရက် နံနက်စောစော၊ နေထွက်သောအချိန်၌ သင်္ချိုင်းတော်သို့ သွားကြ၏။- Common Language Bible တနင်္ဂနွေနေ့နံနက်စောစောနေထွက်ချိန်၌ သူတို့ သည်သင်္ချိုင်းတော်သို့သွားကြ၏။- Garrad Bible ခု နစ် ရက် တွင် ပ ဌ မ နေ့ နံ နက် စော စော နေ ထွက် အ ချိန် သင်္ချိင်း ဂူ တော် သို့ သွား ကြ ရာ Judson Bible ခုနစ်ရက်တွင် ပထမနေ့ရက် နံနက်စောစော၊ နေထွက်သောအချိန်၌ သင်္ချိုင်းတော်သို့ သွားကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ရက်သတ္တပတ်၏ပထမနေ့၊ နံနက်စောစော နေထွက်ချိန်၌ သူတို့သည် သင်္ချိုင်းတော်သို့ရောက်လာကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တနင်္ဂနွေနေ့နံနက်စောစော နေထွက်ချိန်၌ သူတို့သည် သင်္ချိုင်းဂူသို့ သွားကြ၏။ |
ဥပုသ်နေ့လွန်၍ ခုနစ်ရက်တွင် ပထမနေ့ရက် မိုးလင်းအံ့ဆဲဆဲအချိန်၌၊ မာဂဒလမာရိနှင့် အခြားသော မာရိသည် သင်္ချိုင်းတော်ကို အကြည့်အရှုသွားကြ၏။-
ဥပုသ်နေ့လွန်မှ မာဂဒလမာရိ၊ ယာကုပ်၏အမိဖြစ်သော မာရိနှင့် ရှာလုံတို့သည် သွား၍၊ အလောင်းတော်ကို လိမ်းခြင်းငှာ နံ့သာမျိုးကိုဝယ်ပြီးလျှင်၊-
ထိုမိန်းမတို့က၊ တွင်းဝ၌ ပိတ်သောကျောက်ကို အဘယ်သူလှိမ့်လှန်၍ ပေးမည်နည်းဟု အချင်းချင်း ပြောဆိုပြီးမှ ကြည့်ရှုလျှင်၊ ထိုကျောက်သည် လှိမ့်လှန်လျက်ရှိသည်ကို မြင်ကြ၏။-
ခုနစ်ရက်တွင် ပထမနေ့ရက် အရုဏ်တက်သောအချိန်၌၊ ထိုမိန်းမတို့သည် အခြားသောမိန်းမတို့နှင့်တကွ မိမိတို့ ပြင်ဆင်သောနံ့သာမျိုးကို ဆောင်လျက် သင်္ချိုင်းတော်သို့ သွားကြ၏။-
ခုနစ်ရက်တွင် ပထမနေ့ရက်၊ မိုးမလင်းမီ စောစောအချိန်၌ မာဂဒလမာရိသည် သင်္ချိုင်းတော်သို့ သွား၍ တွင်းဝ၌ပိတ်သော ကျောက်သည် ရွှေ့လျက်ရှိသည်ကို မြင်လျှင်၊-