တပည့်တော်တို့သည် အလွန်ဝမ်းနည်း၍ သခင်၊ အကျွန်ုပ်လောဟု အသီးအသီးမေးလျှောက်ကြ၏။-
ရှင်မာကု 14:19 - မြန်မာ တပည့်တော်တို့သည် ဝမ်းနည်း၍၊ အကျွန်ုပ်လော၊ အကျွန်ုပ်လောဟု တစ်ယောက်နောက်တစ်ယောက် အသီးအသီး မေးလျှောက်ကြ၏။- Common Language Bible တပည့်တော်တို့သည်စိတ်မချမ်းမသာဖြစ်ကြ လျက် ``ထိုသူသည်အကျွန်ုပ်ပေလော'' ဟုတစ်ဦး နောက်တစ်ဦးကိုယ်တော်အားမေးလျှောက်ကြ၏။ Garrad Bible ဝမ်း နည်း ကြ သ ဖြင့် တစ် ယောက် နောက် တစ် ယောက် တ ပည့် တော် လော ဟု မေး လျှောက် ကြ သော်၊ Judson Bible တပည့်တော်တို့သည် ဝမ်းနည်း၍၊ အကျွန်ုပ်လော၊ အကျွန်ုပ်လောဟု တစ်ယောက်နောက်တစ်ယောက် အသီးအသီး မေးလျှောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် စိတ်မကောင်းဖြစ်လျက် “အကျွန်ုပ်လော”ဟု ကိုယ်တော်အား တစ်ယောက်ပြီးတစ်ယောက်မေးလျှောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ တပည့်တော်တို့သည် အလွန်စိတ်ထိခိုက်လျက် “သခင်ဘုရား… ထိုသူသည် အကျွန်ုပ်လော” ဟု တစ်ဦးပြီးတစ်ဦး မေးလျှောက်ကြ၏။ |
တပည့်တော်တို့သည် အလွန်ဝမ်းနည်း၍ သခင်၊ အကျွန်ုပ်လောဟု အသီးအသီးမေးလျှောက်ကြ၏။-
စားပွဲ၌လျောင်း၍ စားနေကြစဉ်တွင်၊ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့အဝင်ဖြစ်၍ ငါနှင့်အတူ စားသောသူ တစ်စုံတစ်ယောက်သည် ငါ့ကိုအပ်နှံလိမ့်မည်ဟု မိန့်တော်မူလျှင်၊-
ကိုယ်တော်ကလည်း၊ တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်၍ ငါနှင့်အတူ ပန်းကန်တွင် နှိုက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်။-
အဘယ်သူကိုရည်ဆောင်၍ မိန့်တော်မူသည်ကို တပည့်တော်တို့သည် တွေးတောခြင်းရှိသဖြင့်၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုကြ၏။-