ကပေရနောင်မြို့သို့ သွားကြလျှင်၊ ဥပုသ်နေ့၌ ကိုယ်တော်သည် ချက်ချင်းတရားဇရပ်သို့ ဝင်၍ ဆုံးမဩဝါဒ ပေးတော်မူ၏။-
ရှင်မာကု 1:33 - မြန်မာ တစ်မြို့လုံးသည် တံခါးနားမှာ စုဝေးလျက်ရှိကြ၏။- Common Language Bible တစ်မြို့လုံးမှလူတို့သည် အိမ်တံခါးဝတွင် လာရောက်စုရုံးလျက်ရှိနေကြ၏။- Garrad Bible မြို့ သူ မြို့ သား အ ပေါင်း တို့ သည် တံ ခါး ဝ အ နီး စု ရုံး ရှိ နေ ခိုက်၊ Judson Bible တစ်မြို့လုံးသည် တံခါးနားမှာ စုဝေးလျက်ရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်မြို့လုံးသည် အိမ်တံခါးဝတွင် စုဝေးလာကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်မြို့လုံးရှိ လူများသည် တံခါး၌ စုဝေးနေကြ၏။ |
ကပေရနောင်မြို့သို့ သွားကြလျှင်၊ ဥပုသ်နေ့၌ ကိုယ်တော်သည် ချက်ချင်းတရားဇရပ်သို့ ဝင်၍ ဆုံးမဩဝါဒ ပေးတော်မူ၏။-
အထူးထူးအပြားပြားသော အနာစွဲသောသူများတို့ကို သက်သာစေတော်မူ၏။ နတ်ဆိုးများတို့ကိုလည်း နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်ကို သိကြသောကြောင့်၊ စကားတစ်ခွန်းကိုမျှ ပြောစေခြင်းငှာ အခွင့်ပေးတော်မမူ။
ယေရုရှလင်မြို့သားများမှစ၍ ယုဒပြည်သူပြည်သား အပေါင်းတို့သည် ယောဟန်ထံသို့ ထွက်သွား၍ မိမိတို့ အပြစ်များကိုဖော်ပြလျက် ယော်ဒန်မြစ်၌ ဗတ္တိဇံကိုခံကြ၏။-